နှစ်ပေါင်း ၃၀ ကျော်အတွင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၁ ဒသမ ၅ ဘီလျံကျော် ဝင်ရောက်ထားပြီး ရင်းနှီးမြှုပ်နှံမှုအသစ်များ ပိုမိုဝင်ရောက်လာရန် မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ထား

နှစ်ပေါင်း ၃၀ ကျော်အတွင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၁ ဒသမ ၅ ဘီလျံကျော် ဝင်ရောက်ထားပြီး ရင်းနှီးမြှုပ်နှံမှုအသစ်များ ပိုမိုဝင်ရောက်လာရန် မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ထား
နိုင်ငံတကာမှလုပ်ငန်းရှင်များ ဝင်ရောက်ရင်းနှီးမြှုပ်နှံနေသည့် သီလဝါအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
နိုင်ငံတကာမှလုပ်ငန်းရှင်များ ဝင်ရောက်ရင်းနှီးမြှုပ်နှံနေသည့် သီလဝါအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 23 November 2019
 နီလာ

နှစ်ပေါင်း ၃၀ ကျော်အတွင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၁ ဒသမ ၅ ဘီလျံကျော် ဝင်ရောက်ထားပြီး ရင်းနှီးမြှုပ်နှံမှုအသစ်များ ပိုမိုဝင်ရောက်လာရန် မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉ ခုနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ လေးဆမြင့်တက်ခဲ့ကာ ဒေါ်လာ တစ်ဘီလျံ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောကြားသည်။

ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ သန်း ၇၀၀ ဖြင့် ရာခိုင်နှုန်း ၆၀ မြင့်တက်ခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍအားလုံးတွင် ပိုမိုစီးဝင်လာခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖန်တီးဖော်ဆောင်ပေးနိုင်ရန် မျှော်လင့်မိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

နိုင်ငံတကာ အသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းမှတဆင့် အရည်အသွေးပြည့်ဝပြီး တာဝန်ယူမှုရှိရုံသာမက ရေရှည်တည်တံ့သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ပေးနိုင်ရန်၊ ပြည်သူများ၏ လိုအပ်ချက်များကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်ရန်၊ ပြည်တွင်းပြည်ပရင်း နှီးမြှုပ်နှံမှုများနှင့် ဖွံ့ဖြိုးမှုရန်ပုံငွေများ လုံလောက်စွာရရှိခြင်းဖြင့် အစိုးရ၏ စွမ်းဆောင်ရည် ပိုမိုမြှင့်တင်နိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် အသစ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

“ အခြေခံအဆောက်အဦး၊ ဝန်ဆောင်မှု ၊ သယ်ယူပို့ဆောင်ရေး၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ ဝင်ရောက်လာနိုင်ရန်အတွက် မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို လွန်ခဲ့သော ကိုးလအတွင်း ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုများ မြင့်တက်လာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ၂၀၂၀ ပြည့် နှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားတဲ့အတွက် မြန်မာ့စီးပွားရေးမှာ ပိုမိုကောင်းမွန်လာသည်ဟု ခန့်မှန်းထားပါတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက မြန်မာ-ဂျပန်- အမေရိကန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ပြောကြားခဲ့သည်။

နှစ် ၂ဝအတွင်း မြန်မာနိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ဘီလျံ ၂၂၀ ကျော် ရရှိစေရန်နှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေရေး မျှော်မှန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နှစ်ပေါင်း ၃၁ နှစ်အတွင်း မြန်မာနိုင်ငံအတွင်းသို့  ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊  စွမ်းအင်ကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ အိမ်ခြံမြေကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ၊ သတ္တုတွင်းကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုဇုန်လုပ်ငန်းကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍ စသည့်ကဏ္ဍ ၁၁ ခုသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဓိက ဝင်ရောက်ထားခြင်းဖြစ်သည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းပမာဏ၏ ၂၇ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံးလာရောက် ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်သည်။

စွမ်းအင်ကဏ္ဍတွင် စုစုပေါင်းပမာဏ၏ ၂၅ ရာခိုင်နှုန်းကျော်ဖြင့် ဒုတိယအများဆုံးဖြစ်သည်။ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းပမာဏ၏ ၁၄ ရာခိုင်နှုန်းကျော်ဖြင့် တတိယအများဆုံးဖြစ်သည်။ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍသည်  စတုတ္ထအများဆုံး ဖြစ်သည်။

 

 

Most Read

Most Recent