ယူရို-၂၀၂၀ ခြေစစ်ပွဲ ပွဲကြိုသုံးသပ်ချက်

ယူရို-၂၀၂၀ ခြေစစ်ပွဲ ပွဲကြိုသုံးသပ်ချက်
Photo: UEFA
Photo: UEFA
Published 17 November 2019

ဆားဘီးယား - ယူကရိန်း (တနင်္ဂနွေည ၈:၃၀ နာရီ)

ပထမအကျော့တုန်းက ယူကရိန်း အိမ်ကွင်းမှာ ဂိုးမိုးရွာခဲ့တယ်။ ဒီပွဲမှာတော့ ဆားဘီးယား မဖြစ်မနေ နိုင်ဖို့လိုပေမယ့် အမြင့်ဆုံး သရေပါပဲ။

လူဇင်ဘတ် - ပေါ်တူဂီ (တနင်္ဂနွေည ၈:၃၀ နာရီ)

ပေါ်တူဂီက လစ်သူယေးနီးယားကို ဂိုးပြတ်နိုင်ပြီး (၁၄) မှတ်ရထားပါတယ်။ ဒီပွဲနိုင်ရင်တော့ အုပ်စု ဒုတိယနေရာ သေချာပါပြီ။ ပထမအကျော့တုန်းက အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ထားသလို ဒီပွဲမှာလည်း ပေါ်တူဂီနိုင်ဖို့ သေချာပါတယ်။

ကိုဆိုဗို - အင်္ဂလန် (တနင်္ဂနွေည ၁၁:၃၀ နာရီ)

အင်္ဂလန်က ခြေစစ်ပွဲအောင်ထားပြီး ကိုဆိုဗိုကတော့ အုပ်စုက ပြုတ်သွားပါပြီ။ ဒါပေမဲ့ အိမ်ကွင်းမှာ ဂုဏ်သိက္ခာအတွက် ကစားလာမယ့် ကိုဆိုဗိုကြောင့် အင်္ဂလန်အတွက် ခက်ခဲနိုင်တဲ့ပွဲပါ။ ပထမအကျော့တုန်းကလည်း အင်္ဂလန်မြေမှာ ခက်ခက်ခဲခဲကစားခဲ့ရတယ်။ ဒါပေမဲ့ အတွေ့အကြုံ ပိုင်းနဲ့ တစ်ဦးချင်းပုံစံကြောင့် အင်္ဂလန် (၁-၂)လောက်နဲ့နိုင်မယ်။

ဘူလ်ဂေးရီးယား - ချက် (တနင်္ဂနွေည ၁၁:၃၀ နာရီ)

ချက်ရဲ့ လက်ရှိခြေစွမ်းကို အားနည်းနေတဲ့ ဘူလ်ဂေးရီးယားနိုင်ဖို့ မလွယ်ဘူး။ အိမ်ကွင်းဆိုပေမယ့် အမြင့်ဆုံး သရေလောက်ပဲ ရမယ်။

အယ်လ်ဘေးနီးယား - ပြင်သစ် (တနင်္လာနံနက် ၂:၃၀ နာရီ)

အယ်လ်ဘေးနီးယားက ခြေစွမ်းပိုင်းသိသိသာသာတိုးတက်လာပြီး အသင်းကြီးတွေပါတဲ့အုပ်စုမှာ သိက္ခာရှိရှိ ရပ်တည်နိုင်ခဲ့တယ်။ အိမ်ကွင်းမှာ အိုက်စလန်ကို ဂိုးပြတ်သွင်းခဲ့တာမျိုးက ချီးကျူးစရာရလဒ်ပါ။ ဒါပေမဲ့ ပြင်သစ်နဲ့ တစ်ဦးချင်းရော အသင်းလိုက်ပါ ကွာခြားမှုရှိတယ်။ ပြင်သစ် ကပ်နိုင်ဖို့များတယ်။

မော်လ်ဒိုဗာ - အိုက်စလန်* (တနင်္လာနံနက် ၂:၃၀ နာရီ)

အန်ဒိုရာ - တူရကီ* (တနင်္လာနံနက် ၂:၃၀ နာရီ)