ဘာစီလိုနာအသင်းတွင် အထိုင်ကျရန် ရုန်းကန်ရမည်ကို ကြိုသိခဲ့ကြောင်း ဂရီးဇ်မန်း ဝန်ခံ

ဘာစီလိုနာအသင်းတွင် အထိုင်ကျရန် ရုန်းကန်ရမည်ကို ကြိုသိခဲ့ကြောင်း ဂရီးဇ်မန်း ဝန်ခံ
Photo: Getty Images
Photo: Getty Images
Published 17 November 2019

ပြင်သစ်တိုက်စစ်ကစားသမား ဂရီးဇ်မန်းက မိမိအနေဖြင့် ဘာစီလိုနာအသင်းတွင် အထိုင်ကျရန် ရုန်းကန်ရမည်ကို ကြိုသိခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။

ပြင်သစ်တိုက်စစ်ကစားသမား ဂရီးဇ်မန်းက မိမိအနေဖြင့် ဘာစီလိုနာအသင်းတွင် အထိုင်ကျရန် ရုန်းကန်ရမည်ကို ကြိုသိခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။

အသက် (၂၈)နှစ်အရွယ်ရှိ ဂရီးဇ်မန်းသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ယူရိုသန်း (၁၂၀)ဖြင့် အက်သလက်တီကိုအသင်းမှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

ဂရီးဇ်မန်းသည် ဘာစီလိုနာအသင်းတွင် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရပြီး နောက်ဆုံး (၅)ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးနေကြောင်း သိရသည်။

ဂရီးဇ်မန်းက "ဘာစီလိုနာအသင်းမှ အထိုင်ကျဖို့ ရုန်းကန်ရမယ်ဆိုတာကို အသင်းမပြောင်းခင်ကတည်းက ကျွန်တော် မျှော်လင့်ပြီးသားပါ။ ဒါပေမဲ့ ဘာစီလိုနာအသင်းမှာ ကျွန်တော့်အနေနဲ့ အများကြီးသင်ယူခွင့်ရခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဂရီးဇ်မန်းက မိမိအနေဖြင့် အသင်းတိုက်စစ်ပိုင်းတွင် ဗဟိုတိုက်စစ်နေရာ၌ ကစားသည်မှာ ပိုအဆင်ပြေကြောင်းလည်း ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းတွင် မက်ဆီနှင့် ဆွာရက်ဇ်တို့ကြောင့် ဂရီးဇ်မန်းမှာ ဘယ်တောင်ပံတွင် ကစားနေသည့်အတွက် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရခြင်းဖြစ်သည်။

ဂရီးဇ်မန်းသည် ယခုရာသီတွင် ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ (၁၅)ပွဲတွင် (၄)ဂိုးသာ သွင်းယူပေးထားသည်။

 

Most Read

Most Recent