အနည်းဆုံးခရစ္စမတ်ကာလအထိ အသင်းနည်းပြအဖြစ် ဟန်ဒီတာဖလစ်ခ် ဆက်ရှိမည်ဟု ဘိုင်ယန် အတည်ပြု

အနည်းဆုံးခရစ္စမတ်ကာလအထိ အသင်းနည်းပြအဖြစ် ဟန်ဒီတာဖလစ်ခ် ဆက်ရှိမည်ဟု ဘိုင်ယန် အတည်ပြု
Published 16 November 2019

ဘိုင်ယန်မြူးနစ်အသင်းယာယီနည်းပြ ဟန်ဒီတာဖလစ်ခ်သည် အနည်းဆုံးလာမည့်ခရစ္စမတ်ကာလအထိ နည်းပြအဖြစ်ဆက်ရှိနေမည်ဟု အသင်းမှ အတည်ပြုကြေညာခဲ့သည်။

ထို့ပြင် ဘိုင်ယန်အသင်းသည် နီကိုကိုဗက်၏လက်ထောက်ဖြစ်ခဲ့သူ ဖလစ်ခ်ကို ယင်းထက်ပိုပြီးတာဝန်ပေးသွားနိုင်ခြေရှိကြောင်းလည်း အသင်းဥက္ကဋ္ဌ ရူမင်နစ်ဂီက မှတ်ချက်ပြုခဲ့သည်။

ဖလစ်သည် နီကိုကိုဗက် နည်းပြရာထူးမှထုတ်ပယ်ခဲ့ပြီးနောက် ယာယီနည်းပြအဖြစ် တာဝန်ပေးခံခဲ့ရပြီး သူ၏လက်ထက်တွင် အိုလံပီယာကော့စ်၊ ဒေါ့မွန်အသင်းများကို ဂိုးပြတ်အနိုင်ကစားထားခဲ့သည်။

ရူမင်နစ်ဂီက ''ဒါက ဆုံးဖြတ်ချက်ချပြီးသားပါ။ ကျွန်တော်တို့ ဖလစ်ခ်အပေါ် ယုံကြည်မှုအပြည့်ရှိပါတယ်'' ဟု ပြောကြားခဲ့သည်။

ဖလစ်ခ်သည် ကစားသမားဘဝက ၁၉၈၅-၉၀ နှစ်များအတွင်း ဘိုင်ယန်အသင်းအတွက် ပွဲပေါင်း(၁၀၀)ကျော်ကစားပေးခဲ့ပြီး ဘမ်မန်တယ်လ်၊ ဟော်ဖန်ဟင်မ်စသည့်အသင်းများကိုလည်း ကိုင်တွယ်ခဲ့ဖူးသည်။

၂၀၀၆ မှ ၂၀၁၄ ခုနှစ်အထိ ဂျာမန်လက်ရွေးစင်အသင်းတွင် နည်းပြ ယော်ကင်လိုး၏လက်ထောက်ဖြစ်ခဲ့ပြီး ယင်းနောက်တွင် ဂျာမန်ဘောလုံးအဖွဲ့ချုပ်၏အားကစားဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ဘိုင်ယန်မြူးနစ်အသင်းကို နီကိုကိုဗက် တာဝန်ယူချိန်တွင် ဖလစ်ခ်မှာ လက်ထောက်နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသည်။

 

Most Read

Most Recent