ဂိုးပြတ်နိုင်ပွဲတွေ ရခဲ့ကြတဲ့ စပိန်နဲ့ အီတလီ

ဂိုးပြတ်နိုင်ပွဲတွေ ရခဲ့ကြတဲ့ စပိန်နဲ့ အီတလီ
Photos: UEFA EURO 2020 Twitter
Photos: UEFA EURO 2020 Twitter
Published 16 November 2019

ခြေစစ်ပွဲအောင်မြင်ပြီးသားဖြစ်တဲ့ စပိန်နဲ့ အီတလီတို့ဟာ ပြိုင်ဘက်အသင်းတွေကို ဂိုးပြတ်အနိုင်ယူပြီး ယူရို-၂၀၂၀ ခြေစစ်ပွဲမှာ နိုင်ပွဲဆက်ခဲ့ကြပါတယ်။ 

ခြေစစ်ပွဲအောင်မြင်ပြီးသားဖြစ်တဲ့ စပိန်နဲ့ အီတလီတို့ဟာ ပြိုင်ဘက်အသင်းတွေကို ဂိုးပြတ်အနိုင်ယူပြီး ယူရို-၂၀၂၀ ခြေစစ်ပွဲမှာ နိုင်ပွဲဆက်ခဲ့ကြပါတယ်။ 

စပိန်အသင်းက အိမ်ကွင်းမှာ မော်လ်တာအသင်းကို (၇-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အုပ်စုဗိုလ်ဖြစ်ဖို့ သေချာခဲ့ပါတယ်။

စပိန်အသင်းဟာ အိမ်ကွင်းမှာ လူစုံထုတ်ကစားခဲ့တာဖြစ်ပြီး မော်လ်တာအသင်းကို သက်သက်သာသာပဲ ဂိုးပြတ်အနိုင်ရခဲ့တာပါ။ ပွဲချိန် (၂၃)မိနစ်မှာ မိုရာတာ၊ ပွဲချိန် (၄၁)မိနစ်မှာ ကာဇိုလာတို့ရဲ့ သွင်းဂိုးတွေနဲ့ ပထမပိုင်းမှာတင် စပိန်တို့ (၂-၀)ဂိုးနဲ့ အနိုင်ရနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း စပိန်တို့ မော်လ်တာအသင်းကို သက်သောင့်သက်သာကစားပြီး (၅)ဂိုး ထပ်သွင်းခဲ့တာပါ။ စပိန်အတွက် နောက်ထပ်အနိုင်ဂိုးတွေကိုတော့ ပွဲချိန် (၆၂)မိနစ်မှာ P.တောရက်စ်၊ ပွဲချိန် (၆၃)မိနစ်မှာ ဆာရာဘီယာ၊ ပွဲချိန် (၆၉)မိနစ် အိုလ်မို၊ ပွဲချိန် (၇၁)မိနစ်မှာ ဂျရတ်မော်ရီနိုနဲ့ ပွဲချိန် (၈၅) မိနစ်မှာ နာဗက်စ်တို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

 

 



အုပ်စု (J) မှာ အုပ်စုဗိုလ်ဖြစ်ဖို့ သေချာနေတဲ့ အီတလီအသင်းဟာ အဝေးကွင်းမှာ ဘော့စနီးယားအသင်းကို (၃-၀)ဂိုးနဲ့ အနိုင်ရပြီး နိုင်ပွဲဆက်စံချိန်ကို (၁၀)ပွဲအထိ တိုးနိုင်ခဲ့ပါတယ်။ 

အီတလီအသင်းဟာ ဘော့စနီးယားအသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားခဲ့ပြီး ပထမပိုင်းမှာ (၂-၀)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အီတလီအတွက် ဂိုးတွေကို ပွဲချိန် (၂၁)မိနစ်မှာ အကာဘီ၊ ပွဲချိန် (၃၇)မိနစ်မှာ အင်ဆစ်ဂ်နီတို့ သွင်းယူခဲ့တာပါ။ 

ဘော့စနီးယားအသင်းကလည်း အီတလီအသင်းကို ပြန်လည်ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးသွင်းခွင့်တွေ ရခဲ့ပေမယ့် တိုက်စစ်ကစားသမားတွေ အသုံးမချနိုင်ခဲ့လို့ နစ်နာခဲ့ပါတယ်။ 

အီတလီအသင်းအတွက် နောက်ဆုံးအနိုင်ဂိုးကိုတော့ ပွဲချိန် (၅၂)မိနစ်မှာ ဘယ်လော့တီက သွင်းယူပေးခဲ့တာပါ။ ဒီနိုင်ပွဲကြောင့် မန်စီနီဟာ အီတလီအသင်းသမိုင်းမှာ (၁၀)ပွဲဆက် နိုင်ပွဲရတဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။

 

 



ဆွီဒင်ကတော့ အုပ်စု (F)မှာ တိုက်ရိုက်ခြေစစ်ပွဲအောင်ခွင့် လက်ကျန်တစ်နေရာအတွက် အပြိုင်ဖြစ်နေတဲ့ ရိုမေးနီးယားအသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ 

ဆွီဒင်အသင်းအနေနဲ့ ရိုမေးနီးယားအသင်းကို အဝေးကွင်းမှာ ရင်ဆိုင်ခဲ့ရပေမယ့် ပွဲချိန် (၁၈)မိနစ်မှာပဲ အဖွင့်ဂိုးရခဲ့ပါတယ်။ အဲဒီဂိုးကို မာကပ်စ်ဘတ်က သွင်းယူခဲ့တာဖြစ်ပြီး ပွဲချိန် (၃၄) မိနစ်မှာ ကွိုင်ဆင်က တစ်ဂိုး ထပ်သွင်းပေးခဲ့လို့ ပထမပိုင်းမှာ (၂-၀)ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ အိမ်ရှင် ရိုမေးနီးယားအသင်း ချေပဂိုးတွေရဖို့ ကြိုးစားပေမယ့် ဆွီဒင်အသင်းကို မကျော်နိုင်ဘဲ အရှုံးပေးခဲ့ရပါတယ်။

■ ယူရို-၂၀၂၀ ခြေစစ်ပွဲစဉ်များ ရလဒ်

ဖင်လန် ၃-၀ လက်ချင်စတိန်း

အာမေးနီးယား ၀-၁ ဂရိ 

နော်ဝေ ၄-၀ ဖာရိုးကျွန်းစုများ 

ဆွစ်ဇာလန် ၁-၀ ဂျော်ဂျီယာ 

ဒိန်းမတ် ၆-၀ ဂျီဘရော်လ်တာ 

စပိန် ၇-၀ မော်လ်တာ 

ရိုမေးနီးယား ၀-၂ ဆွီဒင် 

ဘော့စနီးယား ၀-၃ အီတလီ