စီးရီးအေသို့ ကာဗာနီ ပြန်လည်ပြောင်းရွှေ့နိုင်ကြောင်း အေးဂျင့်ဖြစ်သူ ပြောကြား

စီးရီးအေသို့ ကာဗာနီ ပြန်လည်ပြောင်းရွှေ့နိုင်ကြောင်း အေးဂျင့်ဖြစ်သူ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 16 November 2019

PSG တိုက်စစ်မှူး ကာဗာနီ၏ အေးဂျင့်ဖြစ်သူက ကာဗာနီအနေဖြင့် စီးရီးအေသို့ ပြန်လည်ပြောင်းရွှေ့နိုင်ကြောင်း ပြောကြားခဲ့သည်။ 

PSG တိုက်စစ်မှူး ကာဗာနီ၏ အေးဂျင့်ဖြစ်သူက ကာဗာနီအနေဖြင့် စီးရီးအေသို့ ပြန်လည်ပြောင်းရွှေ့နိုင်ကြောင်း ပြောကြားခဲ့သည်။ 

အသက် (၃၂)နှစ်အရွယ်ရှိ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီသည် ယခုရာသီကုန်တွင် PSG အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်းကို ခေါ်ယူရန် ဥရောပကလပ်များနှင့် မေဂျာလိဂ်ကလပ်အသင်းများက စိတ်ဝင်စားနေကြကြောင်း သိရသည်။ 

သို့သော် ကာဗာနီ၏ အေးဂျင့်အဖြစ် ဆောင်ရွက်နေသည့် သူ၏အစ်ကိုလည်းဖြစ်သူ ဝေါ်လ်တာက ကာဗာနီအနေဖြင့် စီးရီးအေသို့ ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိသော်လည်း လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် PSG အသင်းမှထွက်ခွာမည်မဟုတ်ကြောင်း ဆိုခဲ့သည်။ 

ဝေါ်လ်တာက "ယခုရာသီကုန်မှာ PSG အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ကာဗာနီကို ခေါ်ယူလိုနေတဲ့ အသင်းတွေအများကြီး ရှိပါတယ်။ ဒါပေမဲ့ ကာဗာနီအနေနဲ့ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ PSG အသင်းက ထွက်ခွာမှာ မဟုတ်ပါဘူး။ ဒါကတော့ သေချာပါတယ်။ ကာဗာနီအနေနဲ့ စီးရီးအေပြိုင်ပွဲသို့ ပြန်လည် ပြောင်းရွှေ့ကစားနိုင်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

ကာဗာနီသည် စီးရီးအေကလပ်များဖြစ်သည့် ပါလာမို၊ နာပိုလီအသင်းတွင် ကစားခဲ့ဖူးသူဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် နာပိုလီအသင်းမှ PSG အသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ 

ကာဗာနီသည် PSG အသင်းတွင် (၇)ရာသီအတွင်း ပြိုင်ပွဲစုံ (၂၈၈)ပွဲတွင် (၁၉၅)ဂိုးသွင်းယူထားပြီး အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသော်လည်း ယခုရာသီတွင် အင်တာမီလန်မှ တစ်ရာသီအငှားဖြင့် လာရောက်ကစားနေသည့် အီကာဒီကြောင့် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသည်။