ယူရို-၂၀၂၀ ပြိုင်ပွဲ၌ ဗိုလ်စွဲရန် ရေပန်းစားသည့်အသင်းထဲတွင် ဂျာမနီအသင်း မပါဝင်ကြောင်း ယော်ကင်လိုး ပြောကြား

ယူရို-၂၀၂၀ ပြိုင်ပွဲ၌ ဗိုလ်စွဲရန် ရေပန်းစားသည့်အသင်းထဲတွင် ဂျာမနီအသင်း မပါဝင်ကြောင်း ယော်ကင်လိုး ပြောကြား
Photo: Getty Images
Photo: Getty Images
Published 16 November 2019

ဂျာမနီအသင်းနည်းပြ ယော်ကင်လိုးက ယူရို-၂၀၂၀ ပြိုင်ပွဲ၌ ဗိုလ်စွဲရန် ရေပန်းစားသည့်အသင်းထဲတွင် မိမိတို့အသင်းမပါဝင်ကြောင်း ပြောကြားခဲ့သည်။ 

ဂျာမနီအသင်းနည်းပြ ယော်ကင်လိုးက ယူရို-၂၀၂၀ ပြိုင်ပွဲ၌ ဗိုလ်စွဲရန် ရေပန်းစားသည့်အသင်းထဲတွင် မိမိတို့အသင်းမပါဝင်ကြောင်း ပြောကြားခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုအဆင့်ထွက်ခွာခဲ့ရသည့် ဂျာမနီအသင်းသည် အသင်းကို ပြုပြင်ပြောင်းလဲမှုများပြုလုပ်ခဲ့ပြီး လူငယ်ကစားသမားများဖြင့် ပြန်လည်တည်ဆောက်နေသည်။ 

ထို့ကြောင့် ယော်ကင်လိုးက မိမိတို့အနေဖြင့် ယူရို-၂၀၂၀ ပြိုင်ပွဲ၌ ဗိုလ်စွဲရန် ရေပန်းစားသည့်အသင်းထဲတွင် ပါဝင်မည်မဟုတ်သော်လည်း အကောင်းဆုံးကြိုးစားသွားမည်ဟု ပြောကြားခဲ့သည်။ 

ယော်ကင်လိုးက "ကျွန်တော်တို့အသင်းမှာ ပါရမီရှိပြီး အောင်မြင်မှုတွေကို ဆာလောင်နေတဲ့ လူငယ်ကစားသမားတွေ ရှိနေပါတယ်။ ဒါပေမဲ့ လာမယ့် ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ကျွန်တော်တို့အနေနဲ့ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းတွေထဲမှာတော့ ပါဝင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အသင်းက တည်ဆောက်ဆဲဖြစ်ပြီး တိုးတက်ဖို့ ကြိုးစားနေတုန်းမို့လို့ပါပဲ။ ပြင်သစ်၊ အင်္ဂလန်တွေက အထိုင်ကျနေကြပြီး နယ်သာလန်နဲ့ စပိန်တို့ကလည်း တကယ်ကောင်းတဲ့ အသင်းတွေပါ"ဟု ပြောကြားခဲ့သည်။ 

ဂျာမနီအသင်းသည် ယူရို-၂၀၂၀ ခြေစစ်ပွဲ အုပ်စု (B) တွင်  ရမှတ် (၁၅)ဖြင့် ဒုတိယနေရာ၌ ရပ်တည်နေပြီး နိုဝင်ဘာ (၁၆)ရက်နေ့တွင် ဘီလာရုစ်အသင်းနှင့် အိမ်ကွင်းပွဲစဉ် ကစားရမည်ဖြစ်သည်။ 

ဂျာမနီအသင်းသည် အဆိုပါပွဲစဉ်တွင် ဘီလာရုစ်အသင်းကို အနိုင်ရပြီး မြောက်အိုင်ယာလန်-နယ်သာလန်ပွဲစဉ်တွင် မြောက်အိုင်ယာလန်အသင်း ရှုံးနိမ့်ခဲ့ပါက ယူရို-၂၀၂၀ ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်မည် ဖြစ်သည်။