ရန်ကုန်မြို့ ဘုရင့်နောင်တံတားအမှတ် (၁) အကြီးစား ပြန်လည်ပြင်ဆင်ခြင်း ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီး နိုဝင်ဘာလကုန်ပိုင်းတွင် ယာဉ်များ ဖြတ်သန်းခွင့်ပြုမည်

ရန်ကုန်မြို့ ဘုရင့်နောင်တံတားအမှတ် (၁) အကြီးစား ပြန်လည်ပြင်ဆင်ခြင်း ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီး နိုဝင်ဘာလကုန်ပိုင်းတွင် ယာဉ်များ ဖြတ်သန်းခွင့်ပြုမည်
Published 15 November 2019

ရန်ကုန်မြို့ ဘုရင့်နောင်တံတားအမှတ် (၁) အကြီးစား ပြန်လည်ပြင်ဆင်ခြင်း ၇၅ ရာ ခိုင်နှုန်း ပြီးစီးနေပြီး နိုဝင်ဘာလကုန်ပိုင်းတွင် ယာဉ်များ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့အား ဆက်သွယ်ထားသော လှိုင်မြစ်ကူး ဘုရင့်နောင်တံတား အမှတ်(၁) တွင် တံတားတိုင်များပေါ်ရှိ သံဘောင်အထိုင် (Bearing) များကို အသစ်လဲလှယ်နေခြင်း ဖြစ်သည်။

ယင်းသို့လဲလှယ်ခြင်းကြောင့် အောက်တိုဘာ ၅ ရက်မှ စတင်ကာ မော်တော်ယာဉ် ဖြတ်သန်းခွင့်များကို ပိတ်ထားခြင်း ဖြစ်သည်။

မူလက တံတားအား နိုဝင်ဘာ ၄ ရက် တွင် ဖြတ်သန်းခွင့်ပေးမည်ဟု ထုတ်ပြန်ကြေညာခဲ့သော်လည်း သတ်မှတ်ရက်အတွင်း ပြီးစီးခြင်းမရှိသဖြင့် တံတားပြန်လည်ဖြတ်သန်းခွင့်အား နောက်ဆုတ်ခဲ့ရခြင်း ဖြစ်သည်။

အောက်တိုဘာ ၁၄ ရက် ညနေပိုင်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ လက်ရှိအချိန်အထိ Bearing နှင့် Expansion Joint လဲလှယ်ခြင်းများမှာ ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။

အောက်တိုဘာ ၂၉ ရက်တွင် လုပ်ငန်းအားလုံး ပြီးစီးမည်ဖြစ်ပြီး အောက်တိုဘာ ၃၀ ရက်နံနက်တွင် Load Test ဆောင်ရွက်ကာ မွန်းလွဲပိုင်းတွင် မော်တော်ယာဉ်များအား ပြန်လည်ဖြတ်သန်းခွင့် ပြုမည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ကြေညာချက်အရ သိရသည်။

ယင်းကြောင့် မော်တော်ယာဉ်များအနေဖြင့် အောက်တိုဘာ ၃၀ ရက် မွန်းလွဲပိုင်းမှ စတင်ကာ မူလယာဉ်လမ်းကြောင်းအတိုင်း သွားလာနိုင်ကြောင်း၊ ယာဉ်များ၏ တင်ဆောင်နိုင်သည့် တန်ချိန်မှာ ယခင်ခွင့်ပြုထားသည့် တန်ချိန်အတိုင်းသာဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တံတားအား မူလက သတ်မှတ်ထားသည့် တံတားဖွင့်လှစ်မည့်ရက်ထက် ရက်ပေါင်း နှစ်ဆယ်ကျော် နောက်ကျပြီးမှသာ ဖွင့်လှစ်နိုင်မည်ဖြစ်သည်။

 

Most Read

Most Recent