အထူးရဲတပ်ဖွဲ့၏ အန္တရာယ်

အထူးရဲတပ်ဖွဲ့၏ အန္တရာယ်
Published 10 November 2019
မြတ်သစ်

ဗင်နီဇွဲလားနိုင်ငံ မြို့တော် ကာရာကာ့စ်ရှိ စုတ်ပြတ်နေသော အရပ်ဒေသတွင် နေထိုင်သူ အသက် ၃၉ နှစ်အရွယ်ရှိ တာဝန်ထမ်း မာရီယမ်ဂါမာရာသည် ဘဏ်သို့အသွားလမ်းတွင် သေနတ်သံများကြားရသည့်အခါ ရင်ထဲစို့သွားသည်။ ဟိုအဝေးတစ်နေရာမှ ထွက်ပေါ်နေသော သေနတ်သံကြောင့် ကျွန်မသားလေး ဘေးကင်းပါစေဟု မာရီယမ် တိတ်တိတ်ဆုတောင်းနေပါသည်။ သူ့ ဆုတောင်းမပြည့်ခဲ့ပေ။ အသက် ၂၁ နှစ် အရွယ်ရှိ လူးဝစ္စအေရီဇာသည် မြို့တော်ရှိ ဆင်းရဲသားရပ်ကွက်၌ ဗင်နီဇွဲလား လုံခြုံရေး တပ်ဖွဲ့ဝင််များ၏ သေနတ်ဖြင့် ပစ်ခတ်ခံရ ခြင်းကြောင့် အသက်သေဆုံးခဲ့ရသည်။ သားအတွက် ပူဆွေးသောကရောက်ရသည်မှာ မာရီယမ်တစ်ဦးတည်းသာ မဟုတ်။ အခြား မိခင်များသည်လည်း မာရီယမ်ကဲ့သို့ပင် သားများ ဆုံရှုံးခဲ့ကြသည်။ ဗင်နီဇွဲလားနိုင်ငံရှိ Special Action Forces (FAES) အမည်တွင်သော အထူးတပ်ဖွဲ့ သို့မဟုတ် လက်မရွံ့တပ်ဖွဲ့က ဗင်နီဇွဲလားနိုင်ငံရှိ မိခင်များ၏ ချစ်လှစွာသော ရင်သွေးများကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်မှုများ ပြု လုပ်နေကြသည်ဟု လူ့အခွင့်အရေးသမားများက စွပ်စွဲခဲ့ကြသည်။

ဗင်နီဇွဲလားနိုင်ငံမှ (FAES) တပ်ဖွဲ့သည် ဆန္ဒပြသမား လူငယ်ရာနှင့်ချီ၍ သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်ကို လူ့အခွင့်အရေးသမား များက ကုလလူ့အခွင့်အရေးကော်မရှင်နှင့် ချီလီသမ္မတ မီရှယ်ဘာရှလေထံသို့ တိုင် ကြားစာ ပေးပို့ခဲ့သည်။ လူ့အခွင့်အရေး လှုပ် ရှားမှုအဖွဲ့သည် ပြီးခဲ့သည့် ဇွန်ကပင် အသတ် ခံရသည့် လူငယ်များ၏ မိဘများနှင့် ကာရာ ကာ့စ်မြို့တွင် တွေ့ဆုံခဲ့ကြသည်။ မီရှယ်ဘာ ရှလေက FAES တပ်ဖွဲ့ကို ဖျက်သိမ်းပစ်ရန် တောင်းဆိုခဲ့သည်။ FAES တပ်ဖွဲ့ကို ဗင်နီ ဇွဲလား သမ္မတ နီကိုလက်စ်မာဒူရိုက ၂၀၁၇ တွင် စတင်ဖွဲ့စည်းခဲ့ပြီး ‘ရာဇဝတမှုနှိမ်နင်း’ ရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်ကတည်းက အရပ်ဘက် အထူးအဖွဲ့အစည်းဖြစ်သော လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တစ်ခုဖြစ်သည့် Cofaric က FAES တပ်ဖွဲ့ဝင်များက ကျူးလွန်ထားသော သတ်ဖြတ်မှုများကို စာရင်းပြုစုထားရာ သတ်ဖြတ်မှု ၈၃၁ မှု ကျူးလွန်ထားကြောင်း၊ ကာယကံရှင် မိသားစုများ၏ ထွက်ဆိုချက် များအရလည်းကောင်း၊ မြေပြင်ကွင်ဆင်း လေ့လာရာမှ တွေ့မြင်ရသော အထောက် အထားများအရလည်းကောင်း စုံစမ်းသိရှိခဲ့ ရသည်။ ၂၀၁၉ ခုနှစ် မေလ ၁၃ ရက်တွင် FAES တပ်ဖွဲ့ဝင်များသည် အေရီဇာ၊ သူ့ ဇနီးနှင့် ရင်သွေးနှစ်ဦး နေထိုင်သော နေအိမ် အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ မိသားစုဝင် များက ပြောပြသည်။ FAES တပ်ဖွဲ့များ အိမ်တွင်း ဝင်လာကြသည့်အခါတွင် ဇနီး သည်နှင့် ရင်သွေးနှစ်ဦးက အိမ်ပေါက်ဝမှ နေ၍ ပိတ်ဆို့ထားကြသည်။ လုံခြုံရေးတပ် ဖွဲ့ဝင်များက သူတို့ကို ဖယ်ရှားပစ်သည်။ အေရီဇာကို ဖမ်းဆီးခေါ်ဆောင်သွားသည်။ နောက်ပိုင်းတွင် အေရီဇာတစ်ယောက် လမ်း မပေါ်တွင် အသက်ပျောက်နေသည်ကို မြင် ခဲ့ရကြောင်း ကာယကံရှင် မိသားစုက ရှင်းပြ သည်။

 AFP)

FAES တပ်ဖွဲ့ဝင်များ ပြောပြသည့် ဖြစ်စဉ်က တစ်မျိုးတစ်ဖုံဖြစ်သည်။ အထူး တပ်ဖွဲ့ဝင်များသည် လမ်းမပေါ်တွင် လက် နက်ကိုင်ထားသော လူငယ်တစ်ဦးကို တွေ့ မြင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တို့က သူ့ကို ရှေ့ဆက်မသွားဘဲ ရပ်ရန်ပြောကြားခဲ့ ကြောင်း၊ ဤကဲ့သို့ တားမြစ်ချက်ကို သေနတ် ကိုင်လူငယ်က မနာခံဘဲ အေရီဇာသည် ရဲစခန်းကို သေနတ်ဖြင့် ပစ်ခတ်ကြောင်း၊ ရဲအရာရှိများက ပြန်လှန်ပစ်ခတ်သဖြင့် သေ ဆုံးခဲ့ရခြင်းဖြစ်ကြောင်း FAES တပ်ဖွဲ့က အထက်သို့ တင်ပြသည့် အစီရင်ခံစာတွင် ရေးသားထားသည်။

အေရီဇာသည် လွန်ခဲ့သည့် နှစ်နှစ်ခန့် က သမ္မတ မာဒူရိုဆန့်ကျင်ရေး ဆန္ဒပြပွဲများ တွင် ပါဝင်ခဲ့သဖြင့် ထောင်ဒဏ် သုံးလကျခံ ခဲ့ရသူဖြစ်သည်။ မာဒူရိုသည် FAES တပ်ဖွဲ့ ကို စတင်တည်ထောင်ခဲ့ခြင်း၏ ရည်ရွယ် ချက်က ‘ပြည်သူလူထုကို ရာဇဝတ်မှုနှင့် လူ ဆိုးဂိုဏ်း’ များ၏ အန္တရာယ်မှ အကာအကွယ် ပေးရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ သို့သော် သူ ဖွဲ့စည်းသည့် ရာဇဝတ်မှုနှိမ်နင်းရေးတပ်ဖွဲ့ သည် အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများ ကို တားဆီးနှိမ်နင်းရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်နေ သည်။ မာဒူရို၏ ရည်ရွယ်ချက်သည် သူ့ဆန့် ကျင်ရေးဆန္ဒပြပွဲအတွက် အဓိက ကျနေ ကြောင်း အတိုက်အခံများက ဝေဖန်လျက်ရှိ သည်။ ချီလီသမ္မတလောင်း ဘာရှဲလေ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် လူ့အခွင့် အရေး တောင်းဆိုနေသူများနှင့် ပြည်သူ အများအပြားက FAES တပ်ဖွဲ့များသည် ဆင်းရဲသားအများစု နေထိုင်ကြသော ဆင် ခြေဖုံးရပ်ကွက်များတွင် မတရားမှုများကို လက်လွတ်စပယ် ကျူးလွန်နေကြကြောင်း ဝေဖန်ကြသည်။

လူငယ်တစ်ဦးဆိုလျှင် လူမြင်ကွင်းတွင် သေနတ်ဖြင့် ပစ်သတ်ခံရသည်။ ဤဖြစ်ရပ် ကို ဖုံးဖိရန်အတွက် သေမှုသေခင်းဆိုင်ရာ စစ်ဆေးချက်ကို လူသိထင်ရှား မထုတ်ပြန် ဘဲ ဖြစ်စဉ်ကို ဖုံးဖိထားသည်။ ကာယကံရှင် မိသားစုက စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ ထုတ်ပြန်ချက်ကို ကြည့်ရှုခွင့် မရ။ ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ထုတ်ပြန် သော အစီရင်ခံစာထဲ၌ ဗင်နီဇွဲလား အာဏာ ပိုင်များသည် FAES တပ်ဖွဲ့ဝင်များနှင့်အခြား လုံခြုံရေး တပ်ဖွဲ့ဝင်များကို အသုံးပြုပြီး ပစ် ခတ်မှုများ ပြုလုပ်နေခြင်းသည် ပြည်သူလူထု က မိမိတို့ အစိုးရအပေါ် ကြောက်စိတ်ဝင်ရန်၊ ပြန် မလှန်နိုင်ရန်နှင့် လုံခြုံရေးကို ထိန်းချုပ် နိုင်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဘာရှလေက ထည့်သွင်းရေးသားခဲ့သည်။

ကာမင်အာရိုယို၏ တစ်ဦးတည်းသော သား ခရစ္စတီယန်ချာရစ်ဆိုလျှင် ၂၀၁၈ စက် တင်ဘာလက လုပ်ကြံသတ်ဖြတ် ခံရသည်။

‘‘ဆင်းရဲသားတွေ နေထိုင်တဲ့ အရပ် တွေဟာ လုံခြုံရေးမကောင်းဘူးဆိုတာ အစိုးရ ကောင်းကောင်းသိထားတယ်။ အဲဒါ ကြောင့် လူသတ်သမားတွေ စေလွှတ်ပြီး သတ်ဖြတ်မှုတွေ ပြုလုပ်စေတာဟာ ကျွန် တော်တို့ ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေကို ချိုး ဖောက်နေတာဖြစ်တယ်’’ ဟု ဘာရှလေက ထုတ်ဖော်ပြောကြားခဲ့သည်။

ဘာရှလေ၏ အစီရင်ခံစာသည် မုသား များဖြစ်သည်ဟု မာဒူရိုက ငြင်းပယ်လိုက် သည်။ ထို့ပြင် ‘‘FAES ကို ထောက်ပံ့ကြစို့၊ FAES သက်တော်ရှည်ပါစေ’’ ဟု မာဒူရိုက ကြွေးကြော်လိုက်သည်။ ဗင်နီဇွဲလား ပြည်ထဲ ရေးဝန်ကြီးကို မာဒူရို၏ ပြောကြားချက်နှင့် ပတ်သက်၍ အေအက်ဖ်ပီသတင်းဌာနက မေးမြန်းခဲ့ရာ မည်သည့်တုံ့ပြန်ချက်မှ မပေး။ ဗင်နီဇွဲလားအစိုးရ၏ တရားဝင်ထုတ်ပြန် ချက်အရ ၂၀၁၆ မှ ၂၀၁၉ မေလအတွင်း FAES တပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်မှုခံရသူ ၁၇ç၈၄၉ ဦးရှိခဲ့သည်။ ၎င်းတို့သည် အစိုးရ အာဏာပိုင်များကို ခုခံမှု၊ မနာခံမှုတို့ကြောင့် အသက်သေဆုံးရခြင်းဖြစ်သည်။ ပြည်သူ များ အသက်သေဆုံးရသည်မှာ FAES လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ချက်ပင်ဖြစ် ကြောင်း၊ သတ်ဖြတ်မှုအချို့မှာ တရားနည်း လမ်းမကျ၊ ဥပဒေပြင်ပမှ သတ်ဖြတ်မှုများ ဖြစ်ကြောင်း ဘာရှလေက သုံးသပ်ခဲ့သည်။ FAES သည် သူတို့အတွက် တာဝန်ထမ်း ဆောင်ပေးမည့် အေးဂျင့်များ၊ တပ်ဖွဲ့ဝင်များ ကို မည်သို့မည်ပုံ စုဆောင်းသနည်းဆိုသည် ကို အပြင်လူများ မသိကြ။ FAES တွင် တာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များ အေးဂျင့်များ မည်မျှ ရှိနေသနည်းဆိုသည်ကို မည်သူမျှ သေသေချာချာ မပြောနိုင်ပေ။

FAES တပ်ဖွဲ့ဝင်များသည် သူတို့၏ လက်ချက်ဖြင့် အသက်ဆုံးရှုံးခဲ့ရသူများ၏ ရုပ်အလောင်းများကို ‘နမူနာ’ အဖြစ် ပြသ ထားခြင်းဖြင့် ကျန်လူများကို သတိပေး၊ ခြိမ်း ခြောက်မှုများ ပြုလုပ်ကြသည်။ FAES တပ်ဖွဲ့တစ်ခုမှာ ရာဖယ်ဘာစတန်ဒို၏ ကွပ် ကဲမှုအောက်တွင် ရှိသည်။ သူ့ကို ၀ါရှင်တန် က လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူး လွန်ထားသူအဖြစ် သတ်မှတ်ပြီး ပိတ်ဆို့ အရေးယူမှုပြုလုပ်ထားသည်။

ကာရာကာ့စ်မြို့ရှိ သချုႋင်းတွင် ရုဆဲပီ ရက်စ်တစ်ယောက်တည်း သဲသဲမဲမဲ ငိုကြွေး လျက်ရှိသည်။ သူမ၏တူ အသက် ၂၁ နှစ် အရွယ်ရှိ ဂျိုဟန်ဒါသည် ပြီးခဲ့သည့် နှစ်ရက် သုံးရက်က FAES တပ်ဖွဲ့ဝင်တို့၏ လက် ချက်ဖြင့် အသက်သေဆုံးသွားခဲ့သည်။ ဂျို ဟန်ဒါ၏ ဂူသည် သူ့ယောက်ဖ၏ ဂူနှင့် ကျောချင်းယှဉ်ပြီး ရှိနေသည်။ ဂျိုဟန်ဒါ သည် ကာရာကာ့စ်မြို့၏ ဆင်းရဲသားအများ စု နေထိုင်ရာ ပီတာရီတွင် FAES တပ်ဖွဲ့ဝင် များ၏ ပစ်သတ်ခံရခြင်းဖြစ်ကြောင်း မျက် မြင်သက်သေများက ပြောကြားသည်။ ဂျိုဟန်ဒါ၏ မျက်နှာကို အဝတ် ဖြင့် စည်းထား သည်။ မြေပြင်ပေါ်တွင် ဒူးထောက်လျက် သားရှိနေသော ဂျိုဟန်ဒါကို သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

မိသားစုအနေဖြင့် ဂျိုဟန်ဒါအလောင်း ကို လမ်းမပေါ်တွင် တွေ့ခဲ့ရသည်။ သူသည်  ခိုးဝှက်မှု ကျူးလွန်သဖြင့် အသတ်ခံရခြင်း ဖြစ်သည်ဟု ဆွေမျိုးသားချင်းများ ပြန်ကြားရသည်။

Cofavic အဖွဲ့ကို တည်ထောင်သူ လီလီယန်နာအိုတေဂါ၏ ပြောကြားချက် အရ သေဆုံးသူ ၉၈ ရာခိုင်နှုန်းမှာ FAES  တို့၏ တရားဥပဒေပြင်ပမှနေ၍ လုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် FAES တို့ အနေဖြင့် အခြားပြည်သူများကို လူသတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် ဖောက်ထွင်းမှုများ ကျူးလွန်ခဲ့ပါက အရေးယူ ဖမ်းဆီးခဲ့ခြင်း မရှိကြောင်း သုံးသပ်ခဲ့သည်။ အာရိုယိုအနေ ဖြင့် သေဆုံးသွားသည့် သူမသား အသတ်ခံ ရမှုနှင့်ပတ်သက်၍ ဖိုင်တွဲကြည့်ရှုခွင့် တောင်းခံခဲ့ရာ တစ်နှစ်တိတိ ကြာမြင့်ခဲ့ ကြောင်း ပြောကြားခဲ့သည်။

အသက် ၂၅ နှစ်အရွယ်ရှိ ချာရစ်သည် ဆွေးနွေးပွဲမှအပြန် သေနတ်ဖြင့် ပစ်သတ်ခံ ရခြင်းဖြစ်သည်။ သို့သော် FAES တပ်ဖွဲ့က သတင်းထုတ်ပြန်ရာတွင် ချာရစ်သည် ရာဇ ဝတ်မှု ကျူးလွန်ထားသူဟု ရဲတပ်ဖွဲ့က သတင်းပေးထားကြောင်း ပြောကြားခဲ့သည်။ သူမသားကို သတ်သူ ထောင်ဒဏ်ကျခံရ လျှင် မိမိကျေနပ်မည်ဖြစ်ကြောင်း၊ တရား မျှတမှုရှိစေချင်ကြောင်း အာရိုယိုက ပြော ကြားသည်။

 

Most Read

Most Recent