PSG အသင်း အမှတ်တံဆိပ်ကို ပိုမိုဖြန့်ကြက်နိုင်ရန် Super 73 နှင့်ပူးပေါင်း၍ လျှပ်စစ်စက်ဘီးများ ထုတ်လုပ်ရောင်းချ

PSG အသင်း အမှတ်တံဆိပ်ကို ပိုမိုဖြန့်ကြက်နိုင်ရန် Super 73 နှင့်ပူးပေါင်း၍ လျှပ်စစ်စက်ဘီးများ ထုတ်လုပ်ရောင်းချ
Photos: Getty Images ,Super73 Twitter
Photos: Getty Images ,Super73 Twitter
Published 10 November 2019

PSG အသင်းသည် Super 73 နှင့်ပူးပေါင်း၍ အရေအတွက်ကန့်သတ်ထားသည့် လျှပ်စစ်စက်ဘီးများ ထုတ်လုပ်ရောင်းချမည်ဖြစ်ပြီး စက်ဘီးတွင် PSG အမှတ်တံဆိပ်လိုဂို တပ်ဆင်ထားမည်ဖြစ်သည်။ ယင်း စက်ဘီးကို တစ်စီးလျှင် ယူရို ၁၆၇၀ (ဒေါ်လာ ၁၈၅၀ ဝန်းကျင်) ဖြင့် ရောင်းချမည်ဖြစ်ပြီး PSG အသင်း ကွင်းလယ်လူ ဗာရက်တီ၊ နောက်ခံလူ မာကွင်ဟို့စ်နှင့် တိုက်စစ်မှူး ချူပိုမိုတင်းတို့က မိတ်ဆက်ပြသခဲ့ကြောင်း သိရသည်။ 

ပြင်သစ်လီဂူးချန်ပီယံ PSG အသင်းသည် ၎င်းတို့အမှတ်တံဆိပ်ကို ကမ္ဘာတစ်ဝန်း ပိုမိုဖြန့်ကြက်နိုင်ရန် ရည်ရွယ်၍ အမေရိကန်အခြေစိုက် Super 73 လျှပ်စစ်စက်ဘီး ကုမ္ပဏီနှင့်ပူးပေါင်း၍ လျှပ်စစ်စက်ဘီးများ ထုတ်လုပ်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

PSG အသင်းသည် Super 73 နှင့်ပူးပေါင်း၍ အရေအတွက်ကန့်သတ်ထားသည့် လျှပ်စစ်စက်ဘီးများ ထုတ်လုပ်ရောင်းချမည်ဖြစ်ပြီး စက်ဘီးတွင် PSG အမှတ်တံဆိပ်လိုဂို တပ်ဆင်ထားမည်ဖြစ်သည်။ ယင်း စက်ဘီးကို တစ်စီးလျှင် ယူရို ၁၆၇၀ (ဒေါ်လာ ၁၈၅၀ ဝန်းကျင်) ဖြင့် ရောင်းချမည်ဖြစ်ပြီး PSG အသင်း ကွင်းလယ်လူ ဗာရက်တီ၊ နောက်ခံလူ မာကွင်ဟို့စ်နှင့် တိုက်စစ်မှူး ချူပိုမိုတင်းတို့က မိတ်ဆက်ပြသခဲ့ကြောင်း သိရသည်။ 

PSG အသင်းသည် လာမည့် ၂၀၂၀ ပြည့်နှစ်မှသာ တည်ထောင်သည့်သက်တမ်း နှစ် ၅၀ ပြည့်မည်ဖြစ်သော်လည်း ကမ္ဘာ့ဘောလုံးလောက၏ ထိပ်တန်းနေရာသို့ရောက်ရှိလာစေရန် ကြိုးပမ်းလျက်ရှိသည်။ PSG အသင်းသည် ပြီးခဲ့သည့် အောက်တိုဘာတွင် ပြင်သစ်အခြေစိုက် Gaussin Group သယ်ယူပို့ဆောင်ရေးကုမ္ပဏီနှင့် မိတ်ဖက်စာချုပ်ချုပ်ဆိုခဲ့ပြီး ယာဉ်မောင်းနှင်သူ မပါဝင်သည့် လျှပ်စစ်ကားစမ်းသပ်မှုလုပ်ငန်းအတွက် စာချုပ်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ 

Gaussin Group အနေဖြင့် ၂၀၂၂ ခုနှစ် တွင် ဖွင့်လှစ်မည့် PSG အသင်း၏  လေ့ကျင့်ရေးစင်တာ တည်ဆောက်ရေးလုပ်ငန်းအားလုံးအတွက်လည်း ကာလရှည်သဘောတူညီမှုရထားကြောင်း သိရသည်။ လန်ဒန်အခြေ စိုက် အွန်လိုင်းမှ အစားအသောက်မှာယူမှု ပို့ဆောင်ပေးသည့် Deliveroo ကုမ္ပဏီနှင့်လည်း စက်တင်ဘာလအတွင်း မိတ်ဖက်စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး ပရိသတ်များအနေဖြင့် PSG အသင်း၏ အိမ်ကွင်းပွဲစဉ်များ၌ ပွဲကြည့်စင်မှနေ၍ စားသောက်စရာများ မှာယူစားသောက်နိုင်မည်ဖြစ်သည်။

ထို့ပြင် PSG အသင်းသည် နာမည်ကြီးအမှတ်တံဆိပ်များနှင့် ပူးပေါင်း၍ အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရောင်းချလျက်ရှိပြီး Nike ကုမ္ပဏီ၏ Jordan တံဆိပ်ဖြင့် အဝတ်အထည်၊ Air Max တံဆိပ်ဖြင့် ဖိနပ်၊ ဆွစ်ဇာလန်အခြေစိုက် Hublot တံဆိပ်ဖြင့် တန်ဖိုးမြင့်နာရီ၊ အီတလီအခြေစိုက် Replay  တံဆိပ်ဖြင့် ဂျင်းအဝတ်အထည်၊ အင်္ဂလန်ရော့ခ်ဂီတအဖွဲ့ Rolling Stones ၏ သင်္ကေတ လျှာထုတ်နေသည့်ပုံစံဖြင့် အဝတ်အထည်၊ ဆိုင်ကယ်ဦးထုပ်၊ နှင်းလျှောစီးဘုတ်ပြား၊ ကနေဒါအခြေစိုက် Herschel တံဆိပ်ဖြင့် ခရီးဆောင်အိတ်၊ ကျောပိုးအိတ်၊ ယေူအအီးအခြေစိုက် Al Jazeera တံဆိပ်ဖြင့် ရေမွှေးများ ထုတ်လုပ် ရောင်းချနေကြောင်း သိရသည်။

Most Read

Most Recent