လာလီဂါပွဲစဉ် (၁၃) ပွဲကြိုသုံးသပ်ချက်

လာလီဂါပွဲစဉ် (၁၃) ပွဲကြိုသုံးသပ်ချက်
Photo: Reuters
Photo: Reuters
Published 10 November 2019

မာယော့ကာ - ဗီလာရီးယဲလ် (တနင်္ဂနွေညနေ ၅:၃၀ နာရီ)

မာယော့ကာက အိမ်ကွင်းကစားအား မာကျောတဲ့အသင်းဖြစ်လို့ ဗီလာရီးယဲလ်အတွက် ခက်ခဲတဲ့ပွဲဖြစ်လာနိုင်တယ်။ အခုနောက်ပိုင်းမှာ ဗီလာရီးယဲလ်ရဲ့ တိုက်စစ်ကလည်း ဂိုးရဖို့ ရုန်းကန်ရလာလို့ အဝေးကွင်းမှာ မာယော့ကာခံစစ်ကို ဒုက္ခပေးနိုင်ဖို့တော့ မလွယ်လောက်ပါဘူး။ အရင်ဆုံတွေ့ခဲ့တဲ့ အစဉ်အလာကိုပြန်ကြည့်ရင်လည်း မာယော့ကာကွင်းမှာ ဗီလာရီးယဲလ်အသင်း ရုန်းကန်ရလေ့ရှိတယ်။ အိမ်ရှင် မာယော့ကာကို ပိုကြိုက်တယ်။ ဂိုးနည်းနိုင်တယ်။

ဘီလ်ဘာအို - လီဗန်တေး (တနင်္ဂနွေည ၇:၃၀ နာရီ)

ဆိုစီဒက်နဲ့ ဘာစီလိုနာကို (၂)ပွဲဆက် အနိုင်ရထားတဲ့ လီဗန်တေးရဲ့ခြေစွမ်းက အထင်ကြီးစရာပါ။ ဘီလ်ဘာအိုကလည်း အိမ်ကွင်းဆို ကစားအားကောင်းပြီး အမှတ်ရှာတတ်တဲ့ အသင်းပါ။ ဘီလ်ဘာအိုနဲ့ ဂိုးအများပဲ ကောင်းမယ်။

အက်သလက်တီကို - အက်စ်ပန်ညို (တနင်္ဂနွေည ၉:၃၀ နာရီ)

လက်ရှိ အက်စ်ပန်ညိုရဲ့အင်အားနဲ့တော့ အက်သလက်တီကိုကိုယှဉ်နိုင်ဖို့ မလွယ်ပါဘူး။ ဒီကြားထဲ ယူရိုပါလိဂ်ပွဲလည်း ကစားရထားသေးလို့ အက်သလက်တီကိုကွင်းမှာ ဂိုးမပေးရအောင် ကစားဖို့ကလွဲပြီး အက်စ်ပန်ညိုအတွက် ရွေးချယ်စရာ သိပ်မရှိဘူး။ ဒီတော့ အခုပွဲက အက်သလက်တီကိုအသင်း အိမ်ကွင်းမှာ အလုပ်ဖြစ်၊ မဖြစ်ပဲ စောင့်ကြည့်ရမယ့်ပွဲဖြစ်နေတယ်။ ဒါ့အပြင် အက်သလက်တီကိုကလည်း လာလီဂါနိုင်ပွဲ ပျောက်ဆုံးနေမှုကို အဆုံးသတ်ဖို့ကြိုးစားရမယ့် အချိန်ဖြစ်နေတယ်။ အက်သလက်တီကိုနဲ့ ဂိုးအနည်း ထုံးစံအတိုင်းပဲကောင်းမယ်။

ဂီတာဖေး - အိုဆာဆူနာ (တနင်္ဂနွေည ၁၂:၀၀ နာရီ)

အိုဆာဆူနာရဲ့ လက်ရှိအဝေးကွင်းအားနဲ့ ဂီတာဖေးကို ဒုက္ခပေးနိုင်ဖို့ဆိုတာ သိပ်လွယ်တဲ့အရာတော့ မဟုတ်ပါဘူး။ အခုနောက်ပိုင်း အိုဆာဆူနာရဲ့ခံစစ်ကလည်း ပေးဂိုးနှုန်းများလာပြီး ဂီတာဖေးရဲ့ ဂိုးသွင်းအားတက်လာမှုကို မနည်းတားဆီးရမယ့် သဘောရှိတယ်။ ဂီတာဖေးက နောက်ဆုံး (၅)ပွဲမှာ (၄)ပွဲ နိုင်တဲ့အထိ ခြေစွမ်းကောင်းနေတဲ့အသင်းပါ။ ဂီတာဖေးနဲ့ ဂိုးအများပဲ ကောင်းမယ်။

ဘက်တစ် - ဆီဗီလာ (တနင်္လာနံနက် ၂:၃၀ နာရီ)

ဒီ (၂)သင်းကြား လတ်တလော ခြေစွမ်းကွာနေတယ်ဆိုပေမယ့် ဆီဗီးလ်ဒါဘီပွဲဖြစ်နေလို့ သတိထားရမယ်။ ဒီ (၂)သင်းမှာ ဆီဗီလာက ကစားပုံဟန်ချက်ပိုညီပြီး ကွင်းမရွေး ပုံစံကောင်း ပြနေနိုင်တာလည်း တွေ့ရတယ်။ အသင်းလိုက်စုစည်းမှုပိုရှိပြီး တစ်ဦးချင်းကောင်းတဲ့ ကစားသမားတွေလည်း ဘက်တစ်ထက် ပိုရှိတယ်။ ဘက်တစ်ကတော့ နည်းပြအပြောင်းအလဲ၊ အဓိက ကစားသမားတချို့ ထွက်ခွာသွားမှုတွေရဲ့နောက်မှာ အရင်လို မဟုတ်တော့ဘူး။ ဒါပေမဲ့ နောက်ပိုင်းပွဲတွေမှာ ခံစစ်ကိုပိုဂရုစိုက် ကစားလာနိုုင်တာ၊ အိမ်ကွင်းပွဲတွေဆိုရင်လည်း ထိန်းထိန်းသိမ်းသိမ်း ကစားလာနိုင်တာတွေ တွေ့ရတယ်။ အိမ်ကွင်းမှာ ရာသီအဖွင့်ပွဲကိုသာရှုံးခဲ့ပြီး ကျန်အိမ်ကွင်း (၅)ပွဲစလုံးကို အရှုံးမရှိအောင် ကစားနိုင်တာက ဘက်တစ်ရဲ့ အိမ်ကွင်းအားကို ပိုမျှော်လင့်လို့ရနိုင်တယ်။ ဆီဗီလာကလည်း အခုနောက်ပိုင်း အဝေးကွင်းပွဲတွေဆို ထိန်းကစားနေလို့ ဂိုးရဖို့ အနည်းငယ်ခက်ခဲလာ တာတွေ့ရတယ်။ ဘက်တစ်ကို ပိုကြိုက်တယ်။ ဂိုးနည်းနိုင်တယ်။

 

Most Read

Most Recent