ဒုတိယပိုင်းသွင်းဂိုးတွေနဲ့နိုင်တဲ့ ချယ်လ်ဆီး

ဒုတိယပိုင်းသွင်းဂိုးတွေနဲ့နိုင်တဲ့ ချယ်လ်ဆီး
Photos: Twitter & Daily Mail
Photos: Twitter & Daily Mail
Published 9 November 2019

 

ချယ်လ်ဆီး ၂-၀ ခရစ္စတယ်ပဲလေ့စ်

ချယ်လ်ဆီးရဲ့ ကစားပုံက ပွဲအစကတည်းက မြိုင်ဆိုင်ခဲ့တယ်။ ပူလီဆစ်၊ ဝီလီယံ၊ မေဆန်မောင့်တို့ရဲ့ တိုက်စစ်တွဲလုံးတွေက ထိရောက်ခဲ့တယ်။ ကွင်းလယ်မှာကစားတဲ့ ကိုဗာချစ်နဲ့ ကွန်တေတို့ကလည်း ကြယ်ပွင့်ကစားသမားတွေဖြစ်ပြီး အမှားအယွန်းမရှိသလောက် ကစားသွားနိုင်ခဲ့တယ်။

လမ်းပတ်က အက်ဇ်ပီလီကွယ်တာကို အရန်မှာထားခဲ့ကာ လူငယ်ညာနောက်ခံလူ ဂျိမ်းစ်ကိုအသုံးပြုခဲ့ပြီး ဂျိမ်းစ်ဆီမှာလည်း တိုးအား၊ ရုန်းအား၊ လျင်မြန်မှုစတဲ့ ကောင်းမွန်တဲ့ အချက်တွေကို တွေ့ခဲ့ရတယ်။ အဲဒါကြောင့်လည်း ပထမပိုင်းမှာ ချယ်လ်ဆီးအသင်းက ဂိုးပေါက်ကန်ခွင့် (၁၁)ကြိမ်အထိရခဲ့ပြီး ပဲလေ့စ်ကတော့ (၁)ကြိမ်မှ မရခဲ့ပါဘူး။ ပဲလေ့စ်ဂိုးသမား လက်စွမ်းပြခဲ့လို့သာ ချယ်လ်ဆီးအသင်း ပထမပိုင်းမှာ ဂိုးမရခဲ့တာဖြစ်တယ်။


ဒီနိုင်ပွဲဟာ ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်နောက်ဆုံး (၆)ပွဲဆက်နိုင်ပွဲဖြစ်ပြီး အေဘရာဟမ်ကလည်း ပရီးမီးယားလိဂ်သွင်းဂိုး (၁၀)ဂိုးအထိရရှိခဲ့ကာ လက်ရှိအချိန်မှာ ဂိုးအများဆုံးသွင်းသူအဖြစ် လက်စတာတိုက်စစ်မှူးဗာဒီနဲအတူ ထိပ်ဆုံးမှာ ပူးတွဲရပ်တည်နိုင်ခဲ့တယ်။

 

Most Read

Most Recent