ဆီးဂိမ်းစ်အကြိုခြေစမ်းပွဲများကစားရန် မြန်မာအမျိုးသမီးအသင်း တရုတ်နိုင်ငံ၌ ရောက်ရှိနေ

ဆီးဂိမ်းစ်အကြိုခြေစမ်းပွဲများကစားရန် မြန်မာအမျိုးသမီးအသင်း တရုတ်နိုင်ငံ၌ ရောက်ရှိနေ
Photos : MFF
Photos : MFF
Published 9 November 2019

 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ခြေစမ်းပွဲများကစားရန် နိုဝင်ဘာ ၈ ရက် နံနက်အစောပိုင်းတွင် ရန်ကုန်မြို့မှ ထွက်ခွာသွားပြီး တရုတ်နိုင်ငံသို့ ရောက်ရှိနေကြောင်း သိရသည်။ 

မြန်မာအမျိုးသမီးအသင်းသည် ရှန်ဟိုင်းမြို့၌ နိုဝင်ဘာ ၁၄ ရက်အထိ နေထိုင်လေ့ကျင့် မည်ဖြစ်ပြီး နိုဝင်ဘာ ၈ ရက်တွင် အပေါ့စား လေ့ကျင့်မှုသာပြုလုပ်၍ နိုဝင်ဘာ ၉ ရက်တွင် စတင်လေ့ကျင့်မည်ဖြစ်သည်။ 

မြန်မာ အမျိုးသမီးအသင်းသည် တရုတ်ခြေစမ်းခရီးစဉ်တွင် ခြေစမ်းပွဲသုံးပွဲ ကစားမည်ဖြစ်ပြီး ပထမပွဲအဖြစ် နိုဝင်ဘာ ၁၀ ရက်တွင် တရုတ်အမျိုးသမီးစူပါလိဂ်ချန်ပီယံ ကျန်းဆုဆန်နင်းအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

မြန်မာအမျိုးသမီးအသင်းသည် နောက်ထပ် ခြေစမ်းပွဲများအဖြစ် နိုဝင်ဘာ ၁၂ ရက်နှင့် ၁၄ ရက်တွင် တရုတ်လူငယ်လက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

မြန်မာအမျိုးသမီးအသင်းသည် တရုတ်ခြေစမ်းခရီးစဉ်အပြီးတွင် ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်မည့် အပြီးသတ်လူစာရင်း ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသမီးအသင်း လူစာရင်း

အုပ်ချုပ်သူ-ဦးတင်မြင့်အောင်၊ နည်းပြချုပ်-ဦဝင်းသူ မိုး၊ လ/ထနည်းပြ-ဦးခင်မောင်ထွေး၊ ဒေါ်သန်းသန်း ထွေး၊ ဒေါ်မာလာဝင်း၊ ဂိုးနည်းပြ- ဦးမြကိုမင်း၊ ဂိုး-မေဇင်နွယ်၊ သန္တာဦး၊ မြဖူးငုံ၊ နောက်တန်း-အိိရတနာ ဖြိုး၊ အေးအေးမိုး၊ ဝေဝေအောင်၊ ခင်သန်းဝေ၊ ခင်မျိုး ဝင်း၊ ချစ်ချစ်၊ ခိုင်သဇင်၊ ဖြူဖြူဝင်း၊ မေသက်မွန်မြင့်၊ အလယ်တန်း-ခင်မာလာထွန်း၊ ခင်မိုမိုထွန်း၊ သင်းသင်း ယု၊ ငယ်ငယ်ထွေး၊ ခိုင်သဇင်ဦး၊ ရီရီဦး၊ လဲ့လဲ့လှိုင်၊ မြတ်နိုးခင်၊ နုနု၊ ခင်မိုးဝေ၊ မေသူကျော်၊ ပုံ့ပုံ့ပြည့်မောင်၊ ရှေ့တန်း-ဂျူလိုင်ကျော်၊ဝင်းသိင်္ဂီထွန်း၊စန်းသော်သော်

 

Most Read

Most Recent