ဘွန်ဒစ်လီဂါပွဲစဉ်(၁၁) ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ်(၁၁) ပွဲကြိုသုံးသပ်ချက်
Photos : Bundesliga Twitter
Photos : Bundesliga Twitter
Published 9 November 2019

 

ဟာသာဘာလင် နှင့် လိုက်ပ်ဇစ် (စနေည ၉းဝ၀ နာရီ)

ဟာသာဘာလင်က ဒီရာသီအိမ်ကွင်းပွဲတွေမှာ ဝုလ်ဖ်ဘတ်၊ ဟော်ဖန်ဟင်မ်တို့ကို အရှုံးပေးခဲ့ရတယ်။ အခုပွဲလည်း ဟာသာဘာလင် ထပ်အရေးနိမ့်ဖို့များပါတယ်။ 

မိန့်ဇ် နှင့် အူန်ယွန်းဘာလင်  (စနေည ၉းဝ၀ နာရီ)

အူန်ယွန်းဘာလင်အသင်း အဝေးကွင်း(၄)ပွဲမှာ (၁)မှတ်သာရခဲ့ပေမယ့် ပြိုင်ဘက်ကောင်းတွေနဲ့ တွေ့ခဲ့ရတာပါ။ အူန်ယွန်းဘာလင် အမှတ်ရနိုင်တယ်။

ရှော်လ်ကေး နှင့် ဒစ်ဆယ်ဒေါ့ဖ်  (စနေည ၉းဝ၀ နာရီ)

ရှော်လ်ကေးအဖို့ ဇယားထိပ်ဆုံးနားကို ပြန်ရောက်ဖို့အတွက် ဒီလိုပွဲမျိုးကို မဖြစ်မနေအနိုင်ကစားဖို့လိုပါတယ်။ ရှော်လ်ကေး အနိုင်သေချာတဲ့ပွဲပါ။

ပါဒါဘွန်း နှင့် အော့စ်ဘတ် (စနေည ၉းဝ၀ နာရီ)

အော့စ်ဘတ်က (၆)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားပြီး ဒီရာသီမှာ နိုင်ပွဲ(၁)ပွဲသာ ရထားတာပါ။ အိမ်ကွင်းမှာ ပါဒါဘွန်း ရှုံးဖို့တော့မရှိပါဘူး။

ဘိုင်ယန်မြူးနစ် နှင့် ဒေါ့မွန် (စနေည ၁၂းဝ၀ နာရီ)

ဘိုင်ယန်မြူးနစ်က ဒေါ့မွန်နဲ့ ဘွန်ဒစ်လီဂါအိမ်ကွင်းတွေ့ဆုံမှု နောက်ဆုံး(၅)ပွဲစလုံး အနိုင်ယူထားပြီး (၄)ပွဲဆက် ဂိုးပြတ်နိုင်ခဲ့တာပါ။ ဘိုင်ယန်အဖို့ ဖရန့်ဖတ်နဲ့ပွဲတုန်းက အရှက်တကွဲဖြစ်ခဲ့တဲ့ ဂိုးပြတ်အရှုံးကို ပြန်လည်အဖတ်ဆယ်နိုင်ဖို့ ကြိုးစားမှာဖြစ်ပေမယ့် လက်ရှိကစားပုံနဲ့ သိပ်တော့မလွယ်သေးဘူး။ တိုက်စစ်ပိုင်းမှာ လီဝန်ဒေါစကီးတစ်ဦးသာ အားကိုးနေရပြီး နာဘရီ၊ ကိုးမန်း၊ ကော်တင်ဟိုတို့ရဲ့ခြေစွမ်းက တစ်နေ့ရွှေ၊ တစ်နေ့ငွေပါပဲ။ ဒေါ့မွန်ကတော့ မိုချန်ဂလာဘတ်၊ ဝုလ်ဖ်ဘတ်နဲ့ အင်တာမီလန်တို့ကို ဆက်တိုက်အနိုင်ကစားပြီး အသင်းက ယုံကြည်မှုပြန်တည်ဆောက်လာနိုင်တယ်။ ဒေါ့မွန်ရဲ့အဝေးကွင်းစွမ်းဆောင်ရည်ကို သတိထားသင့်ပေမယ့် မြူးနစ်ကွင်းမှာ ဂိုးပြတ်တော့မရှုံးနိုင်ဘူး။

 

Most Read

Most Recent