ဂါရတ်ဘေးလ်အား အနည်းဆုံး ယခုရာသီကုန်အထိ အသင်းတွင် ရှိနေစေချင်သည် ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်း ပြောကြား

ဂါရတ်ဘေးလ်အား အနည်းဆုံး ယခုရာသီကုန်အထိ အသင်းတွင် ရှိနေစေချင်သည် ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်း ပြောကြား
Photos: Getty Images
Photos: Getty Images
Published 6 November 2019

စပိန်မီဒီယာများက ဂါရတ်ဘေးလ်သည် ရီးယဲလ်အသင်း၌ ကစားနေရသည်ကို စိတ်ပျက်နေပြီး လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အသင်းမှထွက် ခွာဖွယ်ရှိနေသည်ဟု ဖော်ပြနေကြသည်။ 

 

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက မိမိအနေဖြင့် ဝေးလ်စ်တောင်ပံကစားသမား ဂါရတ်ဘေးလ်အား အနည်းဆုံး ယခုရာသီကုန်အထိ အသင်းတွင် ဆက်ရှိနေစေလိုသည်ဟု ပြောကြားခဲ့သည်။



 

အသက် (၃၀) အရွယ်ရှိ ဂါရတ်ဘေးလ်သည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလတွင် တရုတ်စူပါလိဂ်သို့ ပြောင်းရွှေ့ရန် အလွန်နီးစပ်ခဲ့ပြီး နောက်ဆုံးအချိန်တွင်မှ အပြောင်းအရွှေ့ကိစ္စပျက်ပြယ်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ စပိန်မီဒီယာများက ဂါရတ်ဘေးလ်သည် ရီးယဲလ်အသင်း၌ ကစားနေရသည်ကို စိတ်ပျက်နေပြီး လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အသင်းမှထွက် ခွာဖွယ်ရှိနေသည်ဟု ဖော်ပြနေကြသည်။ 

ဇီဒန်းက "ဂါရတ်ဘေးလ်ကို အခုရာသီကုန်အထိ ရီးယဲလ်အသင်းမှာပဲ ကျွန်တော် ရှိနေစေချင်ပါတယ်။ ဒါပေမဲ့ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းမှာ ကျွန်တော်က ဘေးလ်ကို အသင်းက နေ ထွက်ခွာ သွားစေချင်တယ်လို့ လူတွေက ပြောဆိုနေကြတယ်။ ဒါတွေက အဓိပ္ပာယ်မရှိတဲ့ စကားတွေပါ။ ရီးယဲလ်ပရိသတ်တွေအနေနဲ့ အသင်းမှာရှိတဲ့ ကစားသမားတွေကို အားပေးဖို့ လိုပါတယ်။ အခုအချိန်မှာ ဘေးလ်အနေနဲ့ ကြံ့ခိုင်မှုပြည့်ဝဖို့ ကြိုးစားနေပါတယ်" ဟု ဆိုခဲ့သည်။



 

ထို့ပြင် ဇီဒန်းက ဂါရတ်ဘေးလ်နှင့် အဆင်မပြေဖြစ်နေသည်ဟု ဖော်ပြနေခြင်းမှာ မဟုတ်မှန်ကြောင်းလည်း ငြင်းဆန်ခဲ့သည်။ ဇီဒန်းက "ကျွန်တော်တို့ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ အသင်းကစားသမား တိုင်းကို ကျွန်တော်ချစ်ပါတယ်။ ဘေးလ်နဲ့လည်း ဘာမှမဖြစ်ခဲ့ပါဘူး။ မီဒီယာတွေအနေနဲ့ ပုံပြင်တွေ ဖန်တီးနေတာကို ရပ်သင့်ပါပြီ" ဟု ပြောကြားခဲ့သည်။ 

 

Most Read

Most Recent