ပြည်တွင်းစျေးကွက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၁၁၈၀၀၀၀ ဝန်းကျင်ရှိလာပြီး တစ်လအတွင်း မတ်ပဲတစ်တန် ကျပ်သုံးသိန်း ဝန်းကျင်အထိ စျေးတက်

ပြည်တွင်းစျေးကွက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၁၁၈၀၀၀၀ ဝန်းကျင်ရှိလာပြီး တစ်လအတွင်း မတ်ပဲတစ်တန် ကျပ်သုံးသိန်း ဝန်းကျင်အထိ စျေးတက်
Published 2 November 2019

ပြည်တွင်းစျေးကွက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၁၁၈၀၀၀၀ ဝန်းကျင်ရှိ လာပြီး တစ်လအတွင်း မတ်ပဲတစ်တန်လျှင် ကျပ်သုံးသိန်းဝန်းကျင်အထိ စျေးနှုန်းမြင့်တက်ခဲ့ကြောင်း ဘုရင့်နောင်စျေးကွက်မှ ပဲကုန်သည်များထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် ကုန်စည်ဒိုင်မှ ထုတ်ပြန်ချက်များအရ ၂၀၁၉ ခုနှစ် သြဂုတ် ၃၀ ရက်တွင် ပြည်တွင်းမတ်ပဲစျေး FAQ တစ်တန်လျှင် ကျပ်ရ၅၂၅၀၀ နှင့် SQ တစ်တန်လျှင် ကျပ် ၈၉၇၅၀၀ စျေးဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး စက်တင်ဘာ ၂ ရက်တွင် ပြည်တွင်းမတ်ပဲစျေး FAQ တစ်တန်လျှင် ကျပ် ၇၅၃၀၀၀ နှင့်  SQ တစ်တန်လျှင် ကျပ် ၈၉၈၀၀၀ စျေးဖြင့် အရောင်းအဝယ်ရှိခဲ့သည်။

အောက်တိုဘာ ၄ ရက်က မတ်ပဲစျေး FAQ တစ်တန်လျှင် ကျပ် ၈၅၃၀၀၀ နှင့် SQ တစ်တန်လျှင် ကျပ် ၁၀၁၅၀၀၀ စျေးရှိခဲ့သည်။ စက်တင်ဘာ ၆ ရက်က မတ်ပဲစျေး FAQ တစ်တန်လျှင် ကျပ်ရ၂၅၀၀၀ နှင့် SQ တစ်တန်လျှင် ကျပ် ၈၆၂၀၀၀ စျေး၊ စက်တင်ဘာ ၉ ရက်တွင် မတ်ပဲစျေး FAQ တစ်တန်လျှင် ကျပ် ၇၄၅၀၀၀ နှင့် SQ တစ်တန်လျှင် ကျပ် ၈၈၂၀၀၀ စျေးရှိခဲ့သည်။

စက်တင်ဘာ ၁၀ ရက်က မတ်ပဲစျေး FAQ တစ်တန်လျှင် ကျပ် ၇၅၀၀၀၀ နှင့် SQ တစ်တန်လျှင် ကျပ် ၈၈၅၀၀၀ စျေးအထိရှိလာပြီး စက်တင်ဘာ ၁၁ ရက်တွင် မတ်ပဲစျေး FAQ တစ်တန်လျှင် ကျပ် ၇၅၄၀၀၀ နှင့် SQ တစ်တန်လျှင် ကျပ် ၈၈၉၀၀၀ စျေးအထိ မြင့်တက်ခဲ့ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရသည်။

“မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲတင်ပို့မှုတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် တန်ချိန် ၅၆၁၇၆၆၊ တန်ဖိုးဒေါ်လာ ၆၇၂ ဒသမ ၂၈၈ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တန်ချိန်၅၂၇၉၆၅၊ တန်ဖိုးဒေါ်လာ ၃၄၄ ဒသမ ၀၄၃ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် သြဂုတ်လ ၁၆ ရက်အထိ တန်ချိန်  ၅၂၃၁၇၇ တန်ဖိုးေ ဒါ်လာ ၂၇၃ ဒသမ ၉၁၂ သန်း တင်ပို့နိုင်ခဲ့ပါတယ်။ လက်ရှိပျမ်းမျှ တစ်တန်စျေးနှုန်းသည် ၇၈၅၃၃၂ ကျပ်ခန့်ဖြစ်လို့ မတ်ပဲစိုက် တောင်သူများအတွက် အကျိုးအမြတ် ရှိနိုင်တဲ့ စျေးနှုန်းဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက သြဂုတ်လ အတွင်းက ပြောကြားသည်။

ဇူလိုင် ၁ ရက်က မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၈၄၇၀၀၀ နှင့် SQ တစ်တန်လျှင် ကျပ် ၁၀၁၀၀၀၀ စျေး၊ ဇူလိုင် ၄ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၈၄၉၀၀၀ နှင့် SQ တစ်တန်လျှင် ကျပ် ၁၀၁၄၀၀၀ စျေး ရှိခဲ့ပြီး ဇူလိုင် ၅ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၈၅၂၀၀၀ နှင့် SQ တစ်တန်လျှင် ကျပ် ၁၀၁၇၀၀၀ စျေးရှိခဲ့ကာ ဇူလိုင် ၈ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၈၅၀၀၀၀ နှင့် SQ တစ်တန်လျှင် ကျပ် ၁၀၁၀၀၀၀ စျေးရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန် ၂၀ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၈၆၃၀၀၀ ကျပ်နှင့် မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၁၀၃၃၀၀၀ စျေးရှိခဲ့သည်။ မေ ၃၁ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ၈၆၉၀၀၀ ကျပ်၊ မတ်ပဲ SQ တစ်တန်လျှင် ၁၀၃၉၀၀၀ ကျပ်အထိ စျေးရှိကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရသည်။

မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်များတွင် နိုင်ငံခြားငွေ အများဆုံး ရှာဖွေပေးလျက်ရှိသည့် ပဲမျိုးစုံ တိုးချဲ့တင်ပို့နိုင်ရေး အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ အနေဖြင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ထပ်မံသွားရောက်ခဲ့ပြီး ပဲမျိုးစုံအား နှစ်နိုင်ငံ G to G လက်မှတ်ရေးထိုး တင်ပို့နိုင်ရေး ထပ်မံညှိနှိုင်းခဲ့ကြပြီး G to G မတိုင်မှ အချက်သုံးချက် တောင်းဆိုခဲ့ကြောင်း၊ ပထမအချက်အနေဖြင့် ယခုနှစ်အတွက် တင်သွင်းခွင့်ခွဲတမ်း ထုတ်ပြန်ချက်အား မတ်လကုန်၌ ထုတ်ပြန်ပေးရန်၊ ဒုတိယအချက်အနေဖြင့် မတ်ပဲကို ခွဲတမ်းပို၍ သတ်မှတ်ပေးရန်နှင့် တတိယအချက် အနေဖြင့် ခွဲတမ်းကို သုံးလသာမဟုတ်ဘဲ တစ်နှစ်ပတ်လုံး တင်သွင်းခွင့်ပြုပေးရန် တောင်းဆိုခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

ယင်းသို့ တောင်းဆိုခဲ့သည့်အတွက် အိန္ဒိယနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ၂၀၁၉ ခုနှစ် မတ် ၂၉ ရက်တွင် ပဲတီစိမ်းတန်ချိန် ၁ ဒသမ၅ သိန်း၊ မတ်ပဲတန်ချိန် ၁ ဒသမ ၅ သိန်း၊ ပဲစင်းငုံတန်ချိန် နှစ်သိန်း၊ ပဲလုံးတန်ချိန် ၁ ဒသမ ၅ သိန်း တင်သွင်းခွင့်ပြုကြောင်း သိရသည်။

Most Read

Most Recent