ပွဲ(၁ဝဝဝ)ပြည့်အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် ထူးခြားသည့်အစီအစဉ် ပြုလုပ်ထား

ပွဲ(၁ဝဝဝ)ပြည့်အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် ထူးခြားသည့်အစီအစဉ် ပြုလုပ်ထား
Photo: Getty Images
Photo: Getty Images
Published 1 November 2019

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) သည်  အင်္ဂလန်လက်ရွေးစင်အသင်း၏ ပွဲ (၁ဝဝဝ)ပြည့်အဖြစ် ယှဉ်ပြိုင်ကစားမည့် မွန်တီနီဂရိုးနှင့်ပွဲအတွက် ထူးခြားသည့်အစီအစဉ် ပြုလုပ်ထားကြောင်း သိရှိရသည်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) သည်  အင်္ဂလန်လက်ရွေးစင်အသင်း၏ ပွဲ (၁ဝဝဝ)ပြည့်အဖြစ် ယှဉ်ပြိုင်ကစားမည့် မွန်တီနီဂရိုးနှင့်ပွဲအတွက် ထူးခြားသည့်အစီအစဉ် ပြုလုပ်ထားကြောင်း သိရှိရသည်။

အင်္ဂလန်လက်ရွေးစင်အသင်းသည် ၁၈၇၂ ခုနှစ်တွင် စကော့တလန်အသင်းနှင့် ယှဉ်ပြိုင်ကစားကာ ၎င်းတို့၏ မှတ်တမ်းကို စတင်ဖွင့်လှစ်ခဲ့ပြီး လာမည့် နိုဝင်ဘာ(၁၄)တွင် မွန်တီနီဂရိုးနှင့် ယှဉ်ပြိုင်ကစားမည့် ယူရို -၂၀၂၀ ခြေစစ်ပွဲ၌ ပွဲ(၁ဝဝဝ)ပြည့်မည်ဖြစ်သည်။ 

ယင်းအရေအတွက်ကို လက်ရွေးစင်ဘောလုံးအသင်းများထဲတွင် ရရှိဖူးသည့်အသင်း မရှိသေးဘဲ အင်္ဂလန်အသင်းက ပထမဆုံးအဖြစ် မှတ်တိုင်သစ် စိုက်ထူနိုင်မည်ဖြစ်သည်။ 

ထို့ကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ထူးခြားမှုရှိစေရန် အစောပိုင်းကတည်းက စီစဉ်နေခဲ့ပြီး ယခုအခါ ကစားသမားများအနေဖြင့် ကိန်းဂဏန်းအမှတ်အသားများ ရေးထိုးထားသည့်အင်္ကျီကို ဝတ်ဆင်ကစားသွားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ 

    

နှစ်ပေါင်း(၁၄၇)နှစ်သက်တမ်းအတွင်း အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားဖူးသည့် ကစားသမားပေါင်း(၁၂၄၄)ဦးရှိပြီး ယင်းသို့ ရွေးချယ်ခံရသည့် အမှတ်စဉ်ကို အင်္ကျီ၌ ရေးထိုးသွားမည်ဖြစ်သည်။ 

ဗီလာနောက်ခံလူ တိုင်ရုန်းမင်းစ်သည် အင်္ဂလန်အသင်း၏ (၁၂၄၄)ဦးမြောက် ကစားသမားဖြစ်ပြီး အင်္ဂလန်နည်းပြ ဆောက်ဂိတ်က (၁၀၇၁) အဖြစ် စာရင်းပေါက်ကြောင်းလည်း သိရှိရသည်။ 

FA သည် ယင်းပွဲတွင် ၁၉၆၆ ကမ္ဘာ့ဖလားချန်ပီယံဆုရကစားသမားများနှင့် ပွဲ(၅၀) အထက် ကစားခဲ့ဖူးသူများကိုလည်း ဖိတ်ကြားထားကြောင်း သိရှိရသည်။

 

 

Most Read

Most Recent