၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်တင်သွင်းမှုမူဝါဒဆိုင်ရာ Model Year သတ်မှတ်ချက် ထွက်ရှိလာပြီး မော်တော်ယာဉ်တင်သွင်းမှု အစီအစဉ်အားလုံးတွင် ယခင်နှစ်ထက် ထုတ်လုပ်သည့်ခုနှစ် တစ်နှစ်စီထပ်တိုး

၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်တင်သွင်းမှုမူဝါဒဆိုင်ရာ Model Year သတ်မှတ်ချက် ထွက်ရှိလာပြီး မော်တော်ယာဉ်တင်သွင်းမှု အစီအစဉ်အားလုံးတွင် ယခင်နှစ်ထက် ထုတ်လုပ်သည့်ခုနှစ် တစ်နှစ်စီထပ်တိုး
 သီလဝါဆိပ်ကမ်း၌ ပြည်ပမှ တင်သွင်းလာသည့်ကားများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
သီလဝါဆိပ်ကမ်း၌ ပြည်ပမှ တင်သွင်းလာသည့်ကားများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 31 October 2019
စည်သူအောင်

ဘယ်မောင်းကားများကိုသာ ဆက်လက်ခွင့်ပြုသည့် ၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်တင်သွင်းမှုမူဝါဒဆိုင်ရာ Model Year သတ်မှတ်ချက် ထွက်ရှိလာပြီး မော်တော်ယာဉ်တင်သွင်းမှု အစီအစဉ်အားလုံးတွင် ယခင်နှစ်ထက် ထုတ်လုပ်ခုနှစ် တစ်နှစ်စီ ထပ်တိုးခဲ့ကြောင်း သိရသည်။

မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီက အောက်တိုဘာ ၃၁ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၆၀/၂၀၁၉)ဖြင့် ၂၀၂၀ ပြည့်နှစ်အတွက် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခြင်းတွင် ထုတ်လုပ်သည့်ခုနှစ် သတ်မှတ်ခြင်းကို မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းသတ်မှတ်ချက်အရ ယာဉ်အိုယာဉ်ဟောင်းအစီအစဉ် Consignment စနစ်အ ပါအဝင်)တွင် လူစီးမော်တော်ယာဉ်များ (၁၃၅၀ စီစီနှင့်အောက် လူစီးယာဉ်များ အပါအဝင်) ၂၀၁၇ မှ ၂၀၂၀ ခုနှစ်အတွင်း (ဘယ်မောင်း)၊ ကုန်တင်ယာဉ်များ ၂၀၁၆  ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း (ဘယ်မောင်း)၊ ခရီးသည်တင်ယာဉ်များ Mini Bus, City Bus, Express Bus ၂၀၁၆ မှ ၂၀၂၀ ခုနှစ်အတွင်း (ဘယ်မောင်း) တင်သွင်းရမည်ဖြစ်သည်။

လူပုဂ္ဂိုလ်တစ်ဦးချင်းအစီအစဉ်တွင် လူစီးမော်တော်ယာဉ်များ (၁၃၅၀ စီစီနှင့် အောက်လူစီးယာဉ်များအပါအဝင်) ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း(ဘယ်မောင်း)၊ ကုန်တင်ယာဉ်များ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခု နှစ်အတွင်း (ဘယ်မောင်း)၊ ခရီးသည်တင်ယာဉ်များ Mini Bus, City Bus, Express Bus ၂၀၁၆ မှ ၂၀၂၀ ခုနှစ်အတွင်း (ဘယ်မောင်း)တင်သွင်းရန် သတ်မှတ်ထားသည်။

ထို့အတူ ပုံမှန်လိုင်စင်ဖြင့် မော်တော်ယာဉ်လျှောက်ထားမှု (FOC စနစ်ဖြင့် ပြည်ပမှ လှူဒါန်းသည့် မော်တော်ယာဉ်ပါမစ် လျှောက်ထားမှုအပါအဝင်)တွင် လူစီးမော်တော်ယာဉ်များ ၂၀၁၈ မှ ၂၀၂၀ ခုနှစ်အတွင်း (ဘယ်မောင်း)၊ လုပ်ငန်းသုံးယာဉ်များ ၂၀၁၆ မှ ၂၀၂၀ ခုနှစ်အတွင်း၊ ယန္တရားများ ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း၊ မီးသတ်ယာဉ်၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ် ၂၀၁၁ မှ ၂၀၂၀ ခုနှစ်အတွင်း(ဘယ်မောင်း)၊ သာသနာရေးဆိုင်ရာယာဉ်များ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း (ဘယ်မောင်း)၊ ခရီးသည်တင်ယာဉ်များ Mini Bus, City Bus, Express Bus ၂၀၁၆ မှ ၂၀၂၀ ခုနှစ်အတွင်း (ဘယ်မောင်း) တင်သွင်းရန် သတ်မှတ်ထားသည်။

အစိုးရဌာနများမှ မော်တော်ယာဉ် လျှောက်ထားမှုအနေဖြင့် လူစီးမော်တော်ယာဉ်များ ၂၀၁၈ မှ ၂၀၂၀ ခုနှစ်အတွင်း (ဘယ်မောင်း)၊ လုပ်ငန်းသုံးယာဉ်များ ၂၀၁၆ မှ ၂၀၂၀ ခုနှစ်အတွင်း (ဘယ်မောင်း)၊ ယန္တရားများ ၂၀၁၁ ခုနှစ်မှ ၂၀၂၀  ခုနှစ်အတွင်း၊ ခရီးသည်တင်ယာဉ်များ Mini Bus, City Bus, Express Bus ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း (ဘယ်မောင်း) တင်သွင်းရန်မူဝါဒ ချမှတ်ထားသည်။

နိုင်ငံတော်အတွက် လှူဒါန်းသည့် မီးသတ်ယာဉ်နှင့် လူနာတင်ယာဉ်များ လျှောက်ထားရာတွင် ၂၀၀၆ ခုနှစ် မော်ဒယ်အထိသာ လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပြီး နိုင်ငံတော်အတွက် လှူဒါးန်းသည့် မီးသတ်ယာဉ်နှင့် လူနာတင်ယာဉ်များအတွက် လက်ဝဲစတီယာရင်အပြင် လက်ယာစတီယာရင်များပါ တင်သွင်းခွင့်ပြုမည်ဖြစ်သည်။

ထို့ပြင် အများပြည်သူသုံးလမ်းများပေါ်တွင် မောင်းနှင်အသုံးပြုခြင်းမရှိသည့် Excavator, Bulldozer, Wheel Loader, Clamp Loader, Motor Grader, Road Roller Compactor, Bridge Crane, Gantry Crane, Pilling Machine, Gantry Crane, Tower Crane, Pilling Machine, Crawler Drill/ Crane, Overhead Travelling Crane, Mobile Crane, Rough – Terrain Asphail Finisher (ကတ္တရာခင်းစက်) စသည့် လုပ်ငန်းသုံးယန္တရားများအား လွန်ခဲ့သော ၁၅ နှစ်အတွင်း ထုတ်လုပ်သည့်ယာဉ်များအဖြစ် တင်သွင်းခွင့်ပြုထားသည်။ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများမှ ဝယ်ယူခြင်းများအတွက် ယာဉ်အို/ယာဉ်ဟောင်းအစီအစဉ် Consignment စနစ်အပါအဝင်)နှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းအစီအစဉ်ပါ သတ်မှတ်ချက်အတိုင်း အရောင်းစင်တာ/အရောင်းပြခန်းမှ ဝယ်ယူခွင့်ပြုထားကြောင်း သိရသည်။

၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တွင် သတ်မှတ်ခဲ့သော ထုတ်လုပ်ခုနှစ်များအရ ၂၀၁၈ ခုနှစ်တွင် အနိမ့်ဆုံးမိုဒယ် သတ်မှတ်ချက်များ သိသိသာသာ မြင့်တက်ခဲ့သော်လည်း ၂၀၁၉  ခုနှစ်တွင် တင်သွင်းမှုအများစု၌ ထုတ်လုပ်ခုနှစ် တစ်နှစ်စီသာ မြင့်တက်ခဲ့ကာ ၂၀၂၀ ပြည်နှစ်တွင် တင်သွင်းမှုအားလုံး ထုတ်လုပ်ခုနှစ် တစ်နှစ်စီမြင့်တက်ခဲ့ခြင်းဖြစ်သည်။

 

 

Most Read

Most Recent