လက်စတာတော်ဝင်ဆေးရုံရှိ ကလေးကြပ်မတ်ကုသဆောင်ကို ကွယ်လွန်သွားသည့် လက်စတာအသင်းပိုင်ရှင်ဟောင်း ဝီချိုင်း၏အမည်ဖြင့် ဂုဏ်ပြု

လက်စတာတော်ဝင်ဆေးရုံရှိ ကလေးကြပ်မတ်ကုသဆောင်ကို ကွယ်လွန်သွားသည့် လက်စတာအသင်းပိုင်ရှင်ဟောင်း ဝီချိုင်း၏အမည်ဖြင့် ဂုဏ်ပြု
Photos: Getty Images
Photos: Getty Images
Published 30 October 2019

 

အင်္ဂလန်နိုင်ငံ လက်စတာမြို့ လက်စတာတော်ဝင်ဆေးရုံရှိ ကလေးအထူးကြပ်မတ်ကုသဆောင်ကို ကွယ်လွန်သွားပြီဖြစ်သည့် လက်စတာအသင်းပိုင်ရှင်ဟောင်း ဝီချိုင်း၏အမည်ပြောင်းလဲ၍ ဂုဏ်ပြုမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာတွင် ရဟတ်ယာဉ်ပျက်ကျမှုကြောင့် ကွယ်လွန်ခဲ့သည့် လက်စတာအသင်းပိုင်ရှင် ဝီချိုင်းသည် သမိုင်းဝင်အောင်မြင်မှုဖြစ်သည့် ပရီးမီးယားလိဂ်ချန်ပီယံဆု ဆွတ်ခူးရယူနိုင်ခဲ့ပြီးနောက် လက် စတာတော်ဝင်ဆေးရုံရှိ ကလေးအထူးကြပ်မတ်ကုသဆောင်အတွက် ပေါင်နှစ်သန်းလှူဒါန်းခဲ့ဖူးသလို အခြားလှူဒါန်းမှုများစွာလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

သို့ဖြစ်ရာ လက်စတာတော်ဝင်ဆေးရုံက ဝီချိုင်းလှူဒါန်းခဲ့သည့် ကလေးအထူးကြပ်မတ်ကုသဆောင်ကို " the vichai srivaddhanaprabha children's intensive care unit" ဟု အမည်ပြောင်းလဲ၍ ဂုဏ်ပြု မည်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။

ဝီချိုင်း၏သားဖြစ်သူ လက်စတာအသင်းဒုဥက္ကဋ္ဌ အဖီချက်ကလည်း "ဒါက ကျွန်တော်တို့မိသားစုအတွက် အရမ်းဂုဏ်ယူစရာကောင်းတဲ့ အခိုက်အတန့်ပါပဲ။ ကျွန်တော်တို့မိသားစုအပါအဝင် လက်စတာစီးတီး ဘောလုံး အသင်းနဲ့ ဝီချိုင်းဖောင်ဒေးရှင်းအနေနဲ့ ကျွန်တော့်အဖေရဲ့အမွေအနှစ်ကို ထိန်းသိမ်းပြီးတော့ ဆက်လက်ဆောင်ရွက်သွားမှာပါ" ဟု ပြောကြားခဲ့သည်။

လက်စတာအသင်းသည် ၎င်းကွယ်လွန်ခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရဟတ်ယာဉ်ပျက်ကျသည့်နေရာတွင် အမှတ်တရပန်းခြံဖွင့်လှစ်ခဲ့ကြောင်းလည်း သိရသည်။

 

Most Read

Most Recent