အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ကြုံတွေ့နေရသည့်အခက်အခဲများ ကျော်လွှားနိုင်ရေး ဆွေးနွေး

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ကြုံတွေ့နေရသည့်အခက်အခဲများ ကျော်လွှားနိုင်ရေး ဆွေးနွေး
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်အမျိုးသားအစည်အရုံး (KNU) ဥက္ကဋ္ဌ အောက်တိုဘာ ၂၈ ရက်က တွေ့ဆုံစဉ်
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်အမျိုးသားအစည်အရုံး (KNU) ဥက္ကဋ္ဌ အောက်တိုဘာ ၂၈ ရက်က တွေ့ဆုံစဉ်
Published 30 October 2019
မင်းနိုင်စိုး

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့် ကရင်အမျိုးသားအစည်အရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့ အောက်တိုဘာ ၂၈ ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန် ဗင်းရှင်းဗဟိုဌာန-၂ ရှိဧည့်ခန်းမ၌ တွေ့ဆုံခဲ့ ပြီး ထိုသို့တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးဖြစ်စဉ် တွင် ကြုံတွေ့နေရသည့်အခက်အခဲများကျော် လွှားနိုင်ရေးဆွေးနွေးခဲ့ကြကြောင်း နိုင်ငံ တော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက အောက်တိုဘာ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါတွေ့ဆုံမှုတွင် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကြုံတွေ့နေရသည့် အခက်အခဲများ ကျော်လွှားနိုင်ရေးကိစ္စအပြင် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်များ ရယူရေးကိစ္စ၊ ၂၀၂၀ ရွေးကောက်ပွဲများအလွန် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအပေါ် သဘောတူညီချက် ရယူရေးကိစ္စ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM ကျင်းပနိုင်ရေးကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ထို့ပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ မလာရောက်နိုင်သည့်ကိစ္စနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အစီအစဉ်များကိစ္စ စသည်တို့ကို ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြကြောင်း  နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့သည်။

NCA စာချုပ် လက်မှတ်ရေးထိုးခြင်း လေးနှစ်ပြည့်အခမ်းအနားတက်ရောက်ရန်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာညှိနှိုင်းအစည်းအဝေး (JICM) သို့ တက်ရောက်ရန် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် အောက်တိုဘာ ၂၅ ရက်တွင် လွယ်တိုင်းလျဲန်း ဗဟိုဌာနချုပ်မှ တောင်ကြီးသို့လည်းကောင်း၊ တောင်ကြီးမှတစ်ဆင့် နေပြည်တော်သို့လည်းကောင်း ကုန်းလမ်းခရီးဖြင့်လာ ရောက်ရန်စီစဉ်ထားသော်လည်း တပ်မတော်က အဆိုပါ ကုန်းလမ်းခရီးစဉ်အား ခွင့်မပြု သည့်အတွက်ဟုဆိုကာ RCSS အဖွဲ့ဥက္ကဋ္ဌ၏ နေပြည်တော်ခရီးစဉ်အား ဖျက်သိမ်းခဲ့သည်။

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၏ ကုန်းလမ်းခရီးစဉ်သည် နယ်မြေလုံခြုံငြိမ်း ချမ်းမှုမရှိသည့်အတွက် တာချီလိတ်မှတစ် ဆင့် နေပြည်တော်သို့ လေကြောင်းခရီးဖြင့် လာရောက်ရန် တပ်မတော်ဘက်က ပြော ကြားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့က သတင်းစာရှင်းလင်း ပွဲတွင်ပြောကြားထားပြီး RCSS အဖွဲ့ NCA လေးနှစ်ပြည့်အခမ်းအနားသို့ မတက်ရောက် နိုင်သည့်အတွက် ဝမ်းနည်းကြောင်း ဗိုလ်ချုပ် ကြီး စောမူတူးစေးဖိုးက NCA လေးနှစ်ပြည့် အခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြော ကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဦးမင်းသူ၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင် နှင့် ဦးလှမော်ဦး၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပြီး၊ ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌနှင့်အတူ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ စစ်ရေး/နိုင်ငံရေးအကြံပေး ပဒိုစောထူးထူးလေး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စောရော်ဂျာခင်၊ ဗဟိုအမြဲတမ်းကော်မတီဝင်များဖြစ်ကြသည့် စောတောနီး၊ စောသမိန်ထွန်း၊ စောအိုင်းဇက်ဖိုး၊ စောတာမလာသော နှင့် ပဒိုစောရွှေမောင်းတို့လည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။           

Most Read

Most Recent