မြန်မာ-တရုတ်နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေးတွင် မြန်မာနိုင်ငံ၏ နယ်နိမိတ်ပိုင်နက် နယ်မြေဆုံးရှုံးမှု မရှိစေရေး၊ နှစ်နိုင်ငံအကြား နယ်နိမိတ်သတ်မှတ်ချက်ကို အလေးထားဆောင်ရွက်ရန် စီးပွား/ကူးသန်းဝန်ကြီး ပြောကြား

မြန်မာ-တရုတ်နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေးတွင် မြန်မာနိုင်ငံ၏ နယ်နိမိတ်ပိုင်နက် နယ်မြေဆုံးရှုံးမှု မရှိစေရေး၊ နှစ်နိုင်ငံအကြား နယ်နိမိတ်သတ်မှတ်ချက်ကို အလေးထားဆောင်ရွက်ရန် စီးပွား/ကူးသန်းဝန်ကြီး ပြောကြား
မြန်မာ-တရုတ်နယ်စပ် မူဆယ်ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
မြန်မာ-တရုတ်နယ်စပ် မူဆယ်ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
Published 29 October 2019
နီလာ

မြန်မာ-တရုတ်နယ်စပ်စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေးတွင် မြန်မာနိုင်ငံ၏ နယ်နိမိတ်ပိုင်နက်နယ် မြေဆုံးရှုံးမှုမရှိစေရေး၊ နှစ်နိုင်င့ံအကြား နယ်နိမိတ်သတ်မှတ်ချက်ကို အလေးထားဆောင်ရွက်ရန် မြန်မာ-တရုတ်နယ်စပ် စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အ  ကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောကြားသည်။

မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်စီးပွား ရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရာတွင် နှစ်နိုင်ငံအကြား နယ်နိမိတ်သတ်မှတ်ချက် တိုင်းတာသတ်မှတ်နိုင်ရေး၊ မြန်မာ -တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဇုန် တည်ထောင်အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်၊ မူဝါဒ၊ လမ်းညွှန်ချက်များ၊ မူ ဘောင်သဘောတူညီချက်အား လက်မှတ်ရေးထိုးနိုင်ရေးနှင့်  Joint Working Group ဖွဲ့စည်းနိုင်ရေးအား ရှင်းလင်းဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ-တရုတ်နှစ်နိုင်ငံအကြားနယ်နိမိတ် တိုင်းတာသတ်မှတ်နိုင်ရေးနှင့်ပတ် သက်ပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်များ တည်ထောင်ရေးဆိုင်ရာကိစ္စများ တွင် မြန်မာနိုင်ငံ၏ နယ်နိမိတ်ပိုင်နက် နယ် မြေဆုံးရှုံးမှုမရှိစေရေး၊ နှစ်နိုင်ငံအကြား နယ် နိမိတ်သတ်မှတ်ချက်ကို အလေးထားလိုက် နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယခုအခါ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းငြိမ်း ချမ်းရေးကို ကြိုးပမ်းဖော်ဆောင်နေသည့် နည်းတူ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများနှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နိုင်ငံ တကာနှင့် ချစ်ကြည်ရင်းနှီးစွာ အပြန်အလှန် ဆက်ဆံရေးတို့ကို အလေးထားဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အ ထည်ဖော်ခြင်းကို နိုင်ငံတော်၏ မူဝါဒများ၊ တည်ဆဲဥပဒေများနှင့်အညီ ဗဟိုကော်မတီ အဖွဲ့ဝင်များက ပူးပေါင်းဆောင် ရွက်ပေးကြ ရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းထား သည်။

မြန်မာ-တရုတ်နယ်စပ် စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုဇုန် (BECZ) မြန်မာဘက်ခြမ်း တည်ထောင်အကောင်အထည် ဖော်ရာတွင် အရေးကြီးသည့်အချက်များ ဖြစ်သည့် နှစ်နိုင်ငံညှိနှိုင်းခြင်း၊ နှစ်နိုင်ငံနယ် စပ်နယ်နိမိတ်မျဉ်း အတည်ပြုသတ်မှတ်ပြီး ဖြစ်ခြင်း၊ မြေအသုံးချခွင့်ညှိနှိုင်းဆောင်ရွက် ခြင်းတို့အား ညှိနှိုင်းဖြေရှင်းပြီးမှသာ E.O.I ခေါ်ယူခြင်း၊ စိစစ်ရွေးချယ်ခြင်းလုပ်ငန်းများ အပ်နှံ အကောင်အထည်ဖော်ခြင်းတို့အား ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောကြားခဲ့သည်။

မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုဇုန်များ တည်ထောင် အကောင်အထည်ဖော်ရာတွင် နှစ်နိုင်ငံညှိ နှိုင်းမှုအရ မူဆယ်-ရွှေလီ-ကျယ်ခေါင်ကို ဦး စားပေးတည်ထောင်ရန်ဖြစ်သော်လည်း တရုတ်နိုင်ငံဘက်ခြမ်းတွင် လျာထားတည် နေရာသုံးခုစလုံး အခြေခံအဆောက်အအုံများ အဆင်သင့်နီးပါးဖြစ်နေမှုကို တွေ့ရှိရကြောင်း နှင့် မြန်မာဘက်ခြမ်းတွင် မြေနေရာအသုံးပြု

ခွင့်ရရှိရေးနှင့် လမ်းပန်းဆက်သွယ်မှုဆိုင်ရာ ကိစ္စရပ်များကို ကြိုတင်ညှိနှိုင်း ဆောင်ရွက်ထားကြရန်ဖြစ်ကြောင်း၊ မြေနေရာရွေးချယ်ရာတွင် နှစ်နိုင်ငံနယ်စပ် နယ်နိမိတ်မျဉ်းအ တည်ပြုသတ်မှတ်ထားပြီးဖြစ်၍အရေးကြီးသကဲ့သို့ လမ်းပန်းဆက်သွယ်မှုမှာလည်း မြို့၊ ရွာ၊ ရပ်ကွက်၊ ကျေးရွာများ ထိခိုက်ပျက်စီးမှု မရှိစေရေးနှင့် ယဉ်ကျေးမှုထိခိုက်ပျက်စီးမှု မရှိစေရေး အလေးထားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဒေသခံများ၏ မူလစိုက်ပျိုးထုတ်လုပ်မှု လျော့နည်းကျဆင်းမှုမရှိစေရေးနှင့် လူမှုစီးပွားဘဝ ထိခိုက်ဆုံးရှုံးနစ်နာမှု အနည်းဆုံးဖြစ်စေရေးအတွက် နယ်စပ်စီးပွားရေးဇုန် လျာထားနေရာနှင့်မလွတ်ကင်း၍ မဖြစ်မနေပြောင်းရွှေ့ပေးရန် လူနေအိမ်နှင့် စိုက်ပျိုးမြေများအတွက် သင့်တင့်မျှတသည့်  မြေယာလျော်ကြေးအပြင် မြေယာအစားထိုးပေးအပ်နိုင်ရေး သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောကြားခဲ့သည်။

မြန်မာ-တရုတ်နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များကို မူဆယ်၊ ချင်းရွှေဟော်နှင့် ကန်ပိုက်တီးတို့တွင် တည်ဆောက်ပြီး Core Zone ၊ ပို့ကုန်သွင်းကုန် ပစ္စည်းများသိုလှောင်ရန် ကုန်လှောင်ရုံဧရိယာများအဖြစ် ဖွဲ့စည်းတည်ထောင်သွားရန် လျာထားကြောင်း  သိရသည်။    

 

 

 

 

Most Read

Most Recent