လက်ရှိဘဏ္ဍာနှစ် နှစ်ပတ်ကျော်တွင် ပြည်ပကုန်သွယ်မှု စုစုပေါင်းဒေါ်လာ ၁ ဒသ မ ၆ ဘီလျံနီးပါးရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၂၈၀ ကျော်လျော့ ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တို ဘာ ၁ ရက်မှ ၁၈ ရက်အထိ မြန်မာနိုင်ငံအ နေဖြင့် ပြည်ပကုန်သွယ်မှု ပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၉၇ ဘီလျံ ရရှိထားသည်။ ယခင်နှစ် ကာလတူတွင်မူ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၈၂ ဘီလျံအထိ ရရှိထားသည်။
ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် နှစ်ပတ် အတွင်း ပြည်ပကုန်သွယ်မှု စုစုပေါင်းပမာ ဏသည် ယခင်နှစ် ကာလတူထက် အမေရိ ကန်ဒေါ်လာ ၂၈၄ ဒသမ ၂၃၃ သန်းအထိ ပိုမိုရရှိခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံမှ ပြည်ပသို့ အဓိကတင်ပို့နေသည့် ပို့ကုန်များမှာ လယ်ယာထွက်ပစ္စည်း၊ တိရိစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ စက်မှုကုန်ချော (CMP) နှင့် အခြားပစ္စည်းများ စသည်တို့ကို တင်ပို့နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်းပစ္စည်း စသည်တို့ကို အဓိကတင်သွင်းနေခြင်းဖြစ်သည်။
ပြည်ပကုန်သွယ်မှုတွင် အလားအလားကောင်းများ ရှိနေသဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှု လျာထားချက်သည် ယခင်နှစ်လျာထားချက် ဒေါ်လာ ၃၁ ဘီလျံထက် ကျော်လွန်နိုင်ကြောင်း အောက်တိုဘာ ၂၂ ရက်က ရန်ကုန်မြို့ရှိ Park Royal Hotel ၌ ကျင်းပသည့် The Global Value Chain and Economic Development, ADB-Asian Think Tank Development Forum 2019 တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ပြောကြားသည်။
“အခုတော့ပြင်ဆင်နေပါပြီ ကျွန်တော်တို့က နှစ်စဉ်တော့ ဒေါ်လာဘီလျံ ၃၀ ကျော်ပေါ့။ မနှစ်ကတော့ ဒေါ်လာဘီလျံ ၃၁ ဘီလျံ လောက်မှန်းတာ ၃၄ဒသမ၉ ဘီလျံလောက်ရတော့ သုံးဘီလျံလောက်တော့ ပိုရတာပေါ့။ ဒီနှစ်လည်း ပြင်ဆင်တွက်ချက်နေတယ်။ ဒီထက်ပိုတိုးအောင် ကြိုးစားမှာ။ ဒီလိုအခြေအနေ ကောင်းတွေကို ပိုလုပ်နိုင်သမျှ တိုးတက်လာမှာပါ။ အလားလာကောင်းတွေကတော့ အများကြီးရှိပါတယ်” ဟု အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တွင် ပြည်ပပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၃ ဘီလျံ ရရှိရန်နှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈ ဘီလျံ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၁ ဘီလျံရရှိအောင် ဆောင်ရွက်သွားရန် ခန့်မှန်းလျာထားခဲ့ခြင်း ဖြစ်သည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကုန်ဆုံးချိန် တွင် စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိ ကန်ဒေါ်လာ ၃၄ ဒသမ ၉၇၉ ဘီလျံအထိရရှိ ခဲ့ပြီး ခန့်မှန်းလျာထားချက်ထက် အမေရိ ကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလျံကျော်အထိ ပိုမိုရရှိခဲ့ခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃ ဘီလျံရရှိရန် မျှော်မှန်းထားခဲ့ရာ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် စုစုပေါင်း ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၇ ဘီလျံနီးပါးအထိ ရရှိခဲ့ပြီး ခန့်မှန်းလျာထားချက်ထက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလျံခန့်အထိ ပိုမိုရရှိခဲ့ခြင်း ဖြစ်သည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈ ဘီလျံရရှိရန် မျှော်မှန်းထားခဲ့ရာ ဘဏ္ဍာနှစ် ကုန်ဆုံးချိန်တွင် ၁၈ ဘီလျံကျော်ရရှိခဲ့ပြီး ခန့်မှန်းလျာထားချက်ထက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလျံကျော် ပိုမိုရရှိခဲ့သည်။










