အသက် (၂၂)နှစ်ရှိ အင်္ဂလန် လူငယ်တိုက်စစ်မှူး အေဘရာဟမ်သည် ယခုရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြနေသူဖြစ်ပြီး ပြိုင်ပွဲစုံ (၁၂) ပွဲ၌(၉)ဂိုးသွင်းယူပေးထားသည်။
ချယ်လ်ဆီးအသင်းတိုက်စစ်မှူး အေဘရာဟမ်က ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ရင်ဆိုင်ရမည့် အေဂျက်စ်အသင်း၏ကစားပုံမှာ မိမိတို့နှင့်ဆင်တူသည်ဟု သုံးသပ်ပြောကြားခဲ့သည်။
အသက် (၂၂)နှစ်ရှိ အင်္ဂလန် လူငယ်တိုက်စစ်မှူး အေဘရာဟမ်သည် ယခုရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြနေသူဖြစ်ပြီး ပြိုင်ပွဲစုံ (၁၂) ပွဲ၌(၉)ဂိုးသွင်းယူပေးထားသည်။
အေဘရာဟမ်က " အေဂျက်စ်ကလည်း ကျွန်တော်တို့အသင်းလိုပါပဲ။ ဘောလုံးပိုင်ဆိုင်မှုအ သားပေးပြီးကစားတတ်တဲ့လူငယ်တွေနဲ့ဖွဲ့စည်းထားတယ်။ ဘောလုံးဆုံးရှုံးသွားရင်လည်း အလျင်အမြန်ပြန်ရဖို့ ကြိုးစား တတ်တယ်။ ခက်ခဲတဲ့ပွဲဖြစ်လာနိုင်ပေမယ့် ရလဒ်ကောင်းဖို့ မျှော်လင့်ပါတယ်" ဟု ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် အေဂျက်စ်အသင်းအား အဝေးကွင်း၌ သွားရောက်ရင်ဆိုင်ရမည်ဖြစ်သည်။