ပဲခူးမြို့ ကျွန်းသာယာရပ်ကွက်တွင် ငွေကြေးကိစ္စဖြင့် စကားများရာမှ အမျိုးသားတစ်ဦးအား မသေမချင်း ရိုက်သတ်မှုဖြစ်ပွား

ပဲခူးမြို့ ကျွန်းသာယာရပ်ကွက်တွင် ငွေကြေးကိစ္စဖြင့် စကားများရာမှ အမျိုးသားတစ်ဦးအား မသေမချင်း ရိုက်သတ်မှုဖြစ်ပွား
Published 21 October 2019
မောင်အေး(ပဲခူး)

ပဲခူးမြို့ ကျွန်းသာယာရပ်ကွက်တွင် အောက်တိုဘာ ၁၉ ရက် ည ၉ နာရီခွဲခန့်က အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ငွေကြေးကိစ္စဖြင့် စကားများရာမှ အမျိုးသမီးဘက်က အမျိုးသားသုံးဦး ပါလာပြီး အဆိုပါအမျိုးသမီးနှင့် စကားများသည့် အမျိုးသားအား အုပ်စုဖွဲ့ထိုးကြိတ်ပြီး တုတ်ဖြင့်ရိုက်သဖြင့် နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၉ ရက် ည ၉ နာရီခွဲခန့်က ပဲခူးမြို့ကျွန်းသာယာရပ်ကွက် ကျောင်းလမ်း အမှတ်(၂)နယ်မြေရဲစခန်းအ ပိုင်တွင် ဒေါ်ကြည်မြင့် ကျွန်းသာယာရပ်ကွက် ကျောင်းလမ်းနေသူနှင့် မောင်မျိုး(ခ)အောင် နိုင်ထူး(၄၁ နှစ်)ဆိုသူတို့ စကားများနေစဉ် ဒေါ်ကြည်မြင့်၏တူတော်စပ်သူ ညွန့်ဝင်း(၂၉ နှစ်)ဆိုသူ​ရောက်လာပြီး မောင်မျိုးအား ဝင်လုံးပြီးထွက်ပြေးသွား၍မောင်မျိုးက ဓားပြန်ယူပြီး ညွန့်ဝင်းနောက်သို့ လိုက်သွားခဲ့ကြောင်း၊ ထို့နောက် ညွန့်ဝင်းက ၎င်းနှင့်ညီအစ်ကိုတော်စပ်သူများဖြစ်သော စည်သူ(၂၄ နှစ်)ဆိုသူ နှင့် ထွန်းလင်းအောင်(ခ)ကုလား(၂၂ နှစ်)ဆိုသူညီအစ်ကိုနှစ်ယောက်အား ခေါ်လာပြီး မောင်းမျိုးအား ဝိုင်းဝန်းထိုးကြိတ်ပြီး မောင်မျိုး ၏ဓားဖြင့် မောင်မျိုးအား ပြန်ခုတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဖြစ်ပွားနေစဉ် မောင်မျိုး၏ဇနီး မသန္တာအောင်က မောင်မျိုးအား ရပ်ကွက်ရာအိမ်မှူးထံသို့ ခေါ်ဆောင်သွားပြီး ရာအိမ်မှူး နေသူရထွန်း(ခ)အငယ်လေးအား တိုင်ကြားနေစဉ် ညွန့်ဝင်းရောက်လာပြီး အသင့်ပါလာသော ပေါက်တူးရိုးဖြင့် မသေမချင်းရိုက်သတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ညွန့်ဝင်းမှာ ထွက်ပြေးတိမ်းရှောင်ခဲ့သော်လည်း အောက်တိုဘာ၂၀ ရက် နံနက်ပိုင်းတွင် အမှတ်(၂) နယ်မြေရဲစခန်းမှူး ရဲအုပ်ရဲထွဋ်ကိုနှင့်အဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး အမှတ်(၂)နယ်မြေရဲစခန်းတွင် (ပ)၁၅၆၈/၂၀၁၉၊ ရာဇသတ်ကြီးဥဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

 

 

Most Read

Most Recent