
၂၀၁၇-၂၀၁၈ စာရင်းစစ်ချုပ်အစီရင်ခံစာအား ရန်ကုန်တိုင်းလွှတ်တော်တွင် ဖြန့်ဝေခြင်းမပြုလုပ်ဟု သတင်းများထွက်ပေါ်လာပြီး အဆိုပါအစီရင်ခံစာကို စာရင်းစစ်ချုပ်အစား ပြည်သူ့ငွေစာရင်းကော်မတီက လွှတ်တော်သို့တင်သွင်းမည်ဆိုသည့် သတင်းများကြောင့် ဝေဖန်မှုများညံနေသည်။ ယခုကဲ့သို့ ပြည်သူ့ငွေစာရင်းကော်မတီက စာရင်းစစ်ချုပ် အစီရင်ခံစာနှင့်ပတ်သက်ပြီး သုံးသပ်ချက်အစီရင်ခံစာကိုသာ လွှတ်တော်သို့တင်သွင်းမည်ဖြစ်ပြီး စာရင်းစစ်ချုပ်အစီရင်ခံအား စာရင်းစစ်ချုပ်ကိုယ်တိုင်သာ လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ကြောင်း၊ အစီရင်ခံစာနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်၏ လုပ်ထုံးလုပ်နည်းအတိုင်း ရန်ကုန်တိုင်းလွှတ်တော်တွင် ဆောင်ရွက်မည်ဆိုသည့် ကိစ္စများနှင့်ပတ်သက်ပြီး ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြအပ်ပါသည်။
မေး- ၂၀၁၇-၂၀၁၈ စာရင်းစစ်ချုပ် အစီရင်ခံစာကို စာရင်းစစ်ချုပ်က လွှတ်တော်ကို မတင်သွင်းဘဲ ပြည်သူ့ ငွေစာရင်းကော်မတီက တင်သွင်းမယ်ဆိုတာနဲ့ ပတ်သက်ပြီး အဲဒါက ဟုတ်မဟုတ်ဆိုတာကို ဖြေကြားပေး ပါ။
ဖြေ- အဲဒီသတင်းနဲ့ပတ်သက်ပြီး ဖော်ပြခဲ့တဲ့သူက သဘောပေါက်ပုံလွဲတာ နေမယ်။ တခြားကိုယ်စားလှယ်တစ်ဦးက အစီရင်ခံစာကို လွှတ်တော်မှာ တိုက်ရိုက်မတင်တော့ဘူး ပြည်သူ့ငွေစာရင်းကော်မတီကသာ ဖြစ်နေတဲ့အတွက် အဆင်မပြေဘူးဆိုပြီးပြောလိုက်တာနေမယ်။ ကော်မတီက တစ်ဆင့် တင်တယ်ဆိုပြီး တလွဲတွေဖြစ်ကုန်တာ။ အမှန်မှာတော့ စာရင်းစစ်အစီရင်ခံစာက သီးခြား၊ ပြည်သူ့ငွေစာရင်းကော်မတီရဲ့ သုံးသပ်ချက် အစီရင်ခံစာက သီးခြားဖြစ်တယ်။ စာရင်းစစ် အစီရင်ခံစာကို ကိုယ်တို့က ထင်ဟပ်ပြီး ရေးတာတော့မှန်တယ်။ ဒါပေမဲ့ သူ့အစီရင်ခံစာကို ဦးတို့ကော်မတီကနေတစ်ဆင့် တင်တာ မဟုတ်ဘူး။ ကိုယ်တို့စီက တစ်ဆင့်တင်တယ်ဆိုတော့ စာရင်းစစ်လည်း မကောင်းဘူး။ ကိုယ်တို့လည်း မကောင်းဘူး။ အဓိကကတော့ မီဒီယာက ဦးပြောတယ်ဆိုပြီး ရေးလိုက်တော့ ပိုဆိုးသွားတယ်။၂၀၁၇-၂၀၁၈ စာရင်းစစ်ချုပ် အစီရင်ခံစာနဲ့ပတ်သက်ပြီး မီဒီယာတစ်ခုမှာ ဖော်ပြခဲ့တာက မှားနေတာလေးရှိတယ်။ သူတို့ကိုလည်း အပြစ်မပြောပါဘူး။ ဒါပေမဲ့ ပြည်သူက သဘောပေါက်တာ လွဲသွားမှာစိုးလို့၊ စာရင်းစစ်ချုပ်အစီရင်ခံစာနဲ့ ပြည်သူ့ငွေစာရင်းကော်မတီရဲ့ သုံးသပ်ချက်အစီရင်ခံစာက သီးခြားစီဖြစ်တယ်။ အဲဒါလေး ပေါ်လွင်ဖို့လိုတယ်။ စာရင်းစစ်ချုပ် အစီရင် ခံစာကို ပြည်သူ့ငွေစာရင်းကော်မတီက တင် သွင်းမယ်ဆိုတာ မှားနေတယ်။ စာရင်းစစ်ချုပ်က မတင်သွင်းဘူးဆိုတာက နည်းနည်းဆိုးသွားတယ်။ အဓိပ္ပာယ်လွဲသွားတာတွေ ရှိတယ်။
မေး- အခုစာရင်းစစ်ချုပ်အစီရင်ခံစာကို တိုင်းလွှတ်တော်မှာ ဖြန့်ဝေခြင်းမပြုတာက ပြည်ထောင်စုလွှတ် တော်မှာ ပြုလုပ်သလိုပြုလုပ်တယ်ဆိုပြီး သိရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့လည်း ဖြေကြားပေးပါ။
ဖြေ- ပြည်ထောင်စုလွှတ်တော်မှာ လုပ်ထုံးလုပ်နည်းကတော့၊ ပြည်ထောင်စု လွှတ်တော်မှာကတော့ စာရင်းစစ်ချုပ် အစီရင်ခံစာက များနိုင်တယ်။ တစ်နိုင်ငံလုံးစာဖြစ်တော့၊ တော်တော်များပါတယ်။ ရန်ကုန်က ဘတ်ဂျက်တစ်ဝက်တော့ သုံးတာဖြစ်တော့ ရန်ကုန်မှာ ဌာနများတယ်။ ပြည်ထောင်စု လွှတ်တော်မှာတော့ ဒီဟာကို ကိုယ်စားလှယ်တွေကို မဝေသေးဘဲနဲ့ လွှတ်တော်နာယကနဲ့ သမ္မတဆီကို ပို့လိုက်တယ်။ ပို့ပြီးတဲ့အခါကျ တော့ ဒီဟာကို ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက ဒီအစီရင်ခံစာကို ပြန်လည်စစ် ဆေးပြီးတော့ ဌာနဆိုင်ရာတွေကို ခေါ်တွေ့ တယ်။ ဌာနရဲ့ဆောင်ရွက်ချက်တွေကို မေးပြီး တော့ ဌာနရဲ့ဆောင်ရွက်ချက်တွေကို ကော် မတီရဲ့သုံးသပ်ချက် ရေးပြီးတော့ လွှတ်တော်ကို ပြန်တင်သွင်းတယ်။ ပြန်တင်သွင်းတဲ့ အပေါ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူ့ငွေစာရင်းကော်မတီရဲ့ သုံးသပ်ချက် အစီရင်ခံစာပေါ်မှာ ဆွေးနွေးတယ်။
မေး- ရန်ကုန်တိုင်းလွှတ်တော်မှာလည်း စာရင်းစစ်ချုပ် အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်မှာ ဆွေး နွေးသလိုမျိုး ပြုလုပ်မယ်ဆိုရင် ဘယ်လိုတွေဖြစ်လာနိုင်သလဲ။
ဖြေ- ဒီမှာဆောင်ရွက်ခဲ့တာကတော့ လွှတ်တော်ကိုယ်စားလှယ်တွေကို စာရင်းစစ်ချုပ် အစီရင်ခံစာကို ဝေငှတယ်။ ဒီပေါ်မှာ ကိုယ် စားလှယ်တွေက ဆွေးနွေးတယ်။ ပြည်သူ့ ငွေစာရင်းကော်မတီက သုံးသပ်ချက်ရေးတယ်။ ရေးပြီးတော့ စာရင်းစစ်ချုပ်က ကျွန်တော်တို့ ဝေဖန်ချက်တွေကို ပြန်ဖြေတာပေါ့။ ပြန်ဖြေတဲ့အခါမှာ ဌာနဆိုင်ရာကဖြေတဲ့ဟာ မပါဘူးဖြစ်နေတယ်။ ဌာနက ဘာလုပ်ထား လဲဆိုတာကို ပြည်သူရော၊ မီဒီယာရော၊ လွှတ် တော်ကိုယ်စားလှယ်ရော သိခွင့်မရဘူးဖြစ်နေတယ်။ ကျွန်တော်တို့က အခု ပြည်ထောင် စုလွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်မယ်ဆိုရင် အဲဒီတစ်ခုကို အားသာ ချက်အနေနဲ့ ထည့်ပေးလို့ရတာပေါ့။ အဲဒါ ကြောင့် အခုဌာနဆိုင်ရာတွေကိုခေါ်တွေ့ထားတယ်။ ဌာနဆိုင်ရာရဲ့ လုပ်ဆောင်ချက် သဘောထားနဲ့ စစ်ဆေးထားတာတွေ၊ နောက်ထပ် ဆောင်ရွက်မှာ ရှိတာတွေ၊ တချို့အခက် အခဲတွေ မဆောင်ရွက်နိုင်တာတွေကို သုံးသပ်ချက်အစီရင်ခံစာထဲမှာ ထည့်ပေးခြင်းအားဖြင့် စာရင်းစစ်ချုပ်ရဲ့ထောက်ပြချက်ရော ဌာနရဲ့ဆောင်ရွက်ထားတာကို သိရှိရ တဲ့အခါမှာ ပြည်သူရော လွှတ်တော်ကိုယ်စားလှယ်ရော၊ ဌာနဆိုင်ရာရော ပိုပြီးတော့ အကျိုးရှိတာပေါ့။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လည်း ဆောင်ရွက်ပြီးသား ကိစ္စတွေကို ပြောစရာမလိုတော့ဘူးပေါ့။ မဆောင်ရွက်ရသေးတဲ့ ကိစ္စတွေ၊ ဆောင်ရွက်ပြီးပေမဲ့ ကိုယ်စားလှယ်တွေ အားမလိုအားမရဖြစ်တဲ့ အချက်တွေပေါ်မှာ အာရုံပိုစိုက်နိုင်တာပေါ့။ ဥပမာ သိန်းတစ်ရာလုံးကောက်ပြီးသွားပြီဆိုရင်တော့ ပြောစရာမလိုတော့ဘူး ပေါ့။ သိန်း ၈၀ ပဲကောက်ရသေးပြီး ၂၀ က ဘာလို့ ကျန်နေတာလဲဆိုတာကို အာရုံစိုက် ပြီးကြည့်လို့ရတာပေါ့၊ ဒါကို ကြိုးစားပြီးတော့ လုပ်ပေးနေတာပါ။
မေး- အခုလို ပြည်ထောင်စုလွှတ်တော် လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်မယ်ဆိုတော့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ အမြင်ကရော ဘယ်လို ဖြစ်လာနိုင်မလဲ။
ဖြေ- ကိုယ်စားလှယ်ရဲ့ အမြင်ကတော့ တစ်ဖက်မှာ ရနေကျအတိုင်း မရတဲ့အတွက် စိတ်ထဲမှာ ကျေလည်မှုမရှိဘူးပေါ့။ ဒါကိုလည်း လက် ခံပါတယ်၊ ဖြစ်သင့်ပါတယ်။ နောက်တစ်ခုက ကျတော့ ကျွန်တော်တို့က ဒီဟာကို ကျော်လွှား နိုင်ဖို့ စာရင်းစစ်ချုပ်အစီရင်ခံစာကို ကိုယ် စားလှယ်တွေလက်ထဲကို မရောက်ဘူးလို့ဆို ရင်၊ ကျွန်တော်တို့ကတစ်ဆင့် သိရမယ်ဆို ရင်၊ တချို့သတင်းအချက်အလက်တွေ၊ တချို့ အကြောင်းအရာတွေလွတ်ပြီး ကျန်ခဲ့တာမဖြစ် ရအောင် စာရင်းစစ်ချုပ် အစီရင်ခံစာမှာပါ တဲ့အချက်အလက်တွေ ကို ပြည်သူ့ငွေစာရင်း ကော်မတီရဲ့ သုံးသပ်ချက်အစီရင်ခံစာမှာ ပါဖို့ ကြိုးစားပြီးတော့ ထည့်ရေးနေတယ်။ အချိန် အကန့်အသတ်ကတော့ ရှိနေတယ်။ ပြည်ထောင်စုလွှတ်တော်မှာ အချိန်ယူပြီးတော့ ရေးလို့ရတယ်။ ဒီမှာကျတော့ ကိုယ်စားလှယ်တွေက အရင်က စာရင်းစစ်ချုပ်အစီရင်ခံစာထွက်ရင် လက်ထဲကိုရောက်ပြီး အခုကျတော့ ကိုယ်တို့ဆီမှာ တစ်ဆင့်ကြာပြီးတော့ သူတို့ လက်ထဲကို ရောက်မယ်ဆိုတော့ ကျေလည်ချင်မှ ကျေလည်မှုရှိရင်ရှိမယ်။ စာရင်းစစ်ချုပ်ဘက်ကကြည့်ရင်လည်း သူတို့ကြိုးစားပမ်းစား လုပ်ထားတာကို ပြည်သူ့ငွေစာရင်း ကော်မတီမှာ နှစ်လ၊ သုံးလကြာနေတယ်ဆို ရင် သူတို့ဘက်ကလည်း ခံစားချက်ရှိနိုင်တာပေါ့။ ဒါတွေကို ပြေလည်အောင် အချိန်လုပြီး တော့ ရေးရတာရှိတယ်။ အချိန်လုရေးရလို့ သုံးသပ်ချက်အစီရင်ခံစာရဲ့ အရည်အသွေးကိုလည်း ကျမသွားချင်ဘူး။ နည်းနည်းအပင်ပန်းခံပြီးတော့ ရေးနေတယ်။ အဲဒီလိုရေးနေ တဲ့အတွက် စာရင်းစစ်ချုပ်အစီရင်ခံစာမှာပါတဲ့ အရေးကြီးတာမှန်တဲ့ အကြောင်းအရာ တော်တော်များများကို ထည့်ထားတယ်။ အထူးသဖြင့် ပြည်ထောင်စုအပိုင်းထက်၊ တိုင်းဒေသကြီးအပိုင်းမှာ စစ်ထားတာတွေကို ဦးစားပေးပြီးတော့ ထည့်ပေးထားတယ်။ တစ်ဖက်မှာလည်း ဒီဟာတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဌာနတွေပြန်ဖြေထားတာကိုလည်း တတ်နိုင်သလောက် ထည့်ပေးထားတယ်။ ဒီလိုထည့်ပေးထားခြင်းအဖြင့် အထက်မှာ ပြောထားတဲ့ အကျိုးရလာဒ်တွေ ရမယ်လို့ ယုံကြည်ထားတယ်။
မေး- နောက်တစ်ခုသိချင်တာက ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေမှာ စာရင်းစစ်ချုပ်အစီရင်ခံစာကို ဝန်ကြီး ချုပ်ကို တင်ပြပြီးတာနဲ့ တိုင်းဒေသကြီးလွှတ်တော်ကို တင်သွင်းရမယ်ဆိုပြီးပါရှိတယ်။ အခုက အဲဒီလိုုုပုံစံ မဟုတ်တော့ဘူးဆိုတော့ ဘယ်လိုအားသာချက်၊ အား နည်းချက်တွေ ရှိလာနိုင်သလဲ။
ဖြေ- ကျွန်တော်တို့ကော်မတီက ဖြစ်စေချင် တာကတော့ စာရင်းစစ်ချုပ်ဥပဒေအရ တိုင်းဒေသကြီး စာရင်းစစ်ချုပ်အစီရင်ခံစာကို ဝန်ကြီးချုပ်နဲ့ လွှတ်တော်ဥက္ကဋ္ဌကို ပို့ပြီးတာနဲ့ တစ်ပြိုင်နက်တည်း လွှတ်တော်ကို တင်သွင်းရ မယ်ဆိုတာရှိတယ်။ ဥပဒေက ရှိနေတယ်ဆိုတာကြောင့်၊ လုပ်ထုံးလုပ်နည်းပြင်ရတဲ့ အကြောင်းကတော့ ခုနကလို ပိုပြီးတော့ ပြည့်စုံတဲ့ သတင်းအချက်အလက်နဲ့ လွှတ်တော်ကို တင်စေချင်တဲ့သဘော၊ ဒီလိုတင်မှ လည်း ဌာနရဲ့ဆောင်ရွက်ချက်ကို သိစေချင်တဲ့ သဘောဖြစ်မယ်လို့ထင်တယ်။ ဒီအားသာချက်ကိုတော့ တတ်နိုင်သလောက်ဖြည့်ပေး မယ်။ အားနည်းချက်ဖြစ်သွားတဲ့ အစီရင်ခံ စာကို လွှတ်တော်ကိုယ်စားလှယ် အရင်အတိုင်း မရဘူးဆိုတာကိုလည်း ဥပဒေအတိုင်း ဖြစ်စေချင်တဲ့အတွက် ဒီဟာကိုလွှတ်တော် တင်တဲ့အခါမှာ ပြည်ထောင်စုစာရင်းစစ်ချုပ် အစီရင်ခံစာပါအတိုင်း ဥပဒေအတိုင်း တင်သွင်းလိုက်ရင်တော့ ပိုပြီးတော့ အဆင်ပြေမယ်ထင်တယ်။ ပိုပြီးပြည့်စုံသွားတာပေါ့။ ကျွန်တော်တို့ရဲ့ သုံးသပ်ချက်အစီရင်ခံစာကို ကိုယ် စားလှယ်တွေဖတ်ရမယ်။ စာရင်းစစ်ချုပ် အစီရင်ခံစာကိုလည်း ပြန်ဖတ်ရမယ်။ ကျွန်တော်တို့ ကော်မတီက အားနည်းချက်ရှိရင်လည်း ဝေဖန်ဖို့ အခွင့်အရေးရသွားတာပေါ့။ကျွန်တော်တို့သုံးသပ်ချက် အစီရင်ခံစာ တင်ပြီးတော့ စာရင်းစစ်ချုပ်အစီရင်ခံစာကို ကိုယ်စားလှယ်တွေကို ပေးစေချင်တယ်။ ပေးမှ ဥပဒေနဲ့ညီညွတ်သွားမယ်။ ဒီလိုပေးလိုက်လို့ ရှိရင် ဌာနဆိုင်ရာနဲ့ အစိုးရက ပူပန်နိုင်တဲ့ အစိုးရ ဘာမှမလုပ်ဘူးလား။ ဌာနက ဘာမှ မလုပ်ဘူးလား။ စာရင်းစစ်ထောက်ပြတာတွေကို ဂရုမစိုက်ဘူးလားဆိုတဲ့အချက်တွေကလည်း ဦးတို့သုံးသပ်ချက်အစီရင်ခံစာ ထွက်လာရင် အထိုက်အလျောက်ပြေလျော့ သွားမယ်။ သူတို့လုပ်ထားရင်တော့ ပြေ လျော့သွားမယ်။ လုပ်ထားတဲ့ဌာနက အများစုရှိပါတယ်။ လုပ်ထုံးလုပ်နည်းအရ စာရင်းစစ်ချုပ်က ထောက်ပြရင် ချက်ချင်းဖြေရတာ ရှိတယ်။ ဖြေထားတဲ့ဟာတွေထဲမှာ ကျေနပ်လောက်တာတွေရှိတယ်။ ကျေနပ်မှုမရှိတာတွေလည်းရှိတယ်။ ဘာပဲဖြစ်ဖြစ် တွေ့တဲ့ အတိုင်း ရေးမှာဖြစ်တယ်။ ဘယ်သူ့ကိုမှ ဘက်လိုက်စရာ အကြောင်းမရှိဘူး။ ကောင်းတာတွေကို ဌာနတွေက လုပ်ထားရင် ကောင်းတာတွေပါသွားမယ်။ အရင်တုန်းက ဌာနတွေက ဒီအခွင့်အရေးကိုမရဘူး။ အခု ဒီအခွင့်အရေးကို ဌာနတွေရသွားတဲ့အတွက် ဒီအချိန်မှာ စာရင်းစစ်ချုပ်အစီရင်ခံစာက ကိုယ်စားလှယ်တွေ လက်ထဲရောက်သွားတဲ့ အခါ ဘာမှသိပ်ထူး ခြားမှုမရှိတော့ဘူးထင်ပါတယ်။ ပြီးတော့ ဥပဒေနဲ့လည်း ညီသွားတဲ့ အတွက် ဒီဟာကိုတော့ ဆောင်ရွက်စေချင် တယ်။ ကိုယ်စားလှယ်တွေကိုဝေဖို့ စာရင်း စစ်ချုပ်အစီရင်ခံစာကို အဆင့်သင့်လုပ်ထား တာတော့ရှိမှာပေါ့။ လုပ်ထုံးလုပ်နည်းပြင် လိုက်တယ်ဆိုတော့ ဥက္ကဋ္ဌကို တစ်အုပ်၊ ဝန်ကြီးချုပ်ကို တစ်အုပ်ပေးပို့ရမယ်ဆိုတဲ့မူအတိုင်း စာရင်းစစ်ချုပ်ဘက်က ဆောင်ရွက်ရတဲ့သဘောရှိတာပေါ့။ အဲဒီလိုဖြစ်တာ။ ဒါပေမဲ့ ဥပဒေအတိုင်း လွှတ်တော်က တောင်းဆိုမယ်ဆိုရင်တော့ အဆင်ပြေသွားမယ်ထင် ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ လုပ်ထုံးလုပ်နည်း ပြင်လိုက်တဲ့အတွက် ဌာနတွေကို ရိုက်ခတ်မှု အထိုက်အလျောက်လျော့နည်းသွားတဲ့အတွက် ဒီအခွင့်အရေးကိုရသွားတဲ့အတွက် စာရင်းစစ်ချုပ်အစီရင်ခံစာကို အရင်း အတိုင်းပေးလိုက်လို့ရှိရင် ဘာမှမဖြစ်တော့ဘူး။ အရင်းအတိုင်းဖတ်ပြီးတော့ ဒီအပေါ်မှာ ကိုယ်စားလှယ်က မကျေနပ်လို့ ထပ်ဆွေး နွေးလို့ရှိရင်လည်း ဆွေးနွေးချက် အမြင် အသစ်တွေရတာပေါ့။ ပြည်ထောင်စုလုပ် ထုံးလုပ်နည်းအတိုင်းလုပ်တာက အားသာ ချက်ရှိတဲ့အတွက် ကန့်ကွက်စရာမရှိဘူး။ ဒါပေမဲ့ တစ်ဖက်မှာ တိုင်းဒေသကြီးလွှတ်တော်မှာ လုပ်ရမယ့် ဥပဒေအတိုင်း ဆောင် ရွက်လိုက်မယ်ဆိုရင် ပိုပြည့်စုံသွားမယ်။