နူးကမ့်ကွင်းတွင် ကစားမည့် El Clásico ပထမအကျော့ပွဲစဉ်ကို ရွှေ့ဆိုင်း

နူးကမ့်ကွင်းတွင် ကစားမည့် El Clásico ပထမအကျော့ပွဲစဉ်ကို ရွှေ့ဆိုင်း
Photo: Getty Images
Photo: Getty Images
Published 18 October 2019

စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF)သည် နူးကမ့်ကွင်းတွင် ကစားမည့် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်တို့၏ El Clásico ပထမအကျော့ပွဲစဉ်ပွဲကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ရွှေ့ဆိုင်းကြောင်း အတည်ပြုကြေညာခဲ့သည်။ 

စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF)သည် နူးကမ့်ကွင်းတွင် ကစားမည့် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်တို့၏ El Clásico ပထမအကျော့ပွဲစဉ်ပွဲကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ရွှေ့ဆိုင်းကြောင်း အတည်ပြုကြေညာခဲ့သည်။ 

ယခုနှစ်လာလီဂါ၏ El Clásico ပထမအကျော့ပွဲစဉ်ကို လာမည့် အောက်တိုဘာလ(၂၆)ရက်နေ့တွင် နူးကမ့်ကွင်း၌ ကစားသွားမည်ဖြစ်ပြီး ဘာစီလိုနာမြို့အတွင်း ဆန္ဒပြမှုများကြောင့် ပထမအကျော့နှင့် ဒုတိယအကျော့ကို ကွင်းပြောင်းကစားရန် စီစဉ်သော်လည်း အဆင်မပြေသဖြင့် ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။ 

ကတ်တလန်ပြည်နယ်ခွဲထွက်ရေးအတွက် ဘာစီလိုနာမြို့တွင်းဆန္ဒပြမှုများမှာ အလွန်ပြင်းထန်နေသည့်အပြင် အကြီးမားဆုံး ဆန္ဒပြပွဲကို အောက်တိုဘာလ(၂၆) ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားကြခြင်းကြောင့် လုံခြုံရေးပြဿနာများကို တာဝန်ရှိသူများက စိုးရိမ်နေကြပြီး ယင်းကဲ့သို့ စီစဉ်ခဲ့ခြင်းလည်း ဖြစ်သည်။

El Clásico ပထမအကျော့ပွဲစဉ် ကစားမည့်ရက်ကို အောက်တိုဘာ (၂၁)ရက် (တနင်္လာနေ့)တွင် အတည်ပြုထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။ 

သို့သော် စပိန်မီဒီယာများကမူ ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်တို့၏ El Clásico ပထမအကျော့ပွဲစဉ်ကို ဒီဇင်ဘာ (၁၈)ရက်တွင် ကစားမည်ဟု ဖော်ပြနေကြသည်။

 

Most Read

Most Recent