ယူအေအီးကိုနိုင်ခဲ့သော်လည်း ကြိုးစားရဦးမည်ဟု ထိုင်းအသင်းနည်းပြ နီရှီနို ဆို

ယူအေအီးကိုနိုင်ခဲ့သော်လည်း ကြိုးစားရဦးမည်ဟု ထိုင်းအသင်းနည်းပြ နီရှီနို ဆို
Photos: AFP
Photos: AFP
Published 16 October 2019

ထိုင်းအသင်းသည်မနေ့က ကစားခဲ့သည့်၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ယူအေအီးအသင်းကို အိမ်ကွင်း၌ (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် ထိုင်းအသင်းသည် အုပ်စု (G) တွင် (၃)ပွဲကစား (၂)ပွဲနိုင်၊ (၁)ပွဲသရေ၊ ရမှတ် (၇) မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နေသည်။ 

 

ထိုင်းအသင်းနည်းပြ နီရှီနိုက ယူအေအီးအသင်းကို အနိုင်ရခဲ့သော်လည်း မိမိတို့အနေဖြင့် များစွာကြိုးစားရဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ထိုင်းအသင်းသည်မနေ့က ကစားခဲ့သည့်၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ယူအေအီးအသင်းကို အိမ်ကွင်း၌ (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် ထိုင်းအသင်းသည် အုပ်စု (G) တွင် (၃)ပွဲကစား (၂)ပွဲနိုင်၊ (၁)ပွဲသရေ၊ ရမှတ် (၇) မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နေသည်။ 

သို့သော် ထိုင်းအသင်းနည်းပြ နီရှီနိုက ယူအေအီးကို အနိုင်ရခဲ့ခြင်းမှာ အစသာရှိသေးကြောင်းနှင့် ထိပ်တန်းအသင်းများကို ယှဉ်ပြိုင်နိုင်ရန် ကြိုးစားရဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

နီရှီနိုက "အခုက (၃)ပွဲပဲ ကစားရသေးတာပါ။  ကျွန်တော်တို့အနေနဲ့ ပွဲတစ်ပွဲချင်းစီတိုင်းကို အာရုံစိုက်ကစားနိုင်ဖို့လိုပါတယ်။ အကောင်းဆုံးအသင်းတွေနဲ့ ယှဉ်နိုင်ကြောင်း ထိုင်းအသင်း ပြသနိုင်ဖို့ လိုပါတယ်" ဟု ဆိုခဲ့သည်။

 

Most Read

Most Recent