သီလဝါ အထူးစီးပွားရေးဇုန်တွင် ၂၀၁၉ ခုနှစ် စက်တင်ဘာ လကုန်အထိ နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ဝင်ရောက်ထားသည့် ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၁ ဒသမ ၈၆ ဘီလျံကျော်အနက် ဂျပန်နိုင်ငံက အများဆုံး ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ပြီး ၃၆ ရာခိုင်နှုန်းကျော်ရှိ

သီလဝါ အထူးစီးပွားရေးဇုန်တွင် ၂၀၁၉ ခုနှစ် စက်တင်ဘာ လကုန်အထိ နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ဝင်ရောက်ထားသည့် ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၁ ဒသမ ၈၆ ဘီလျံကျော်အနက် ဂျပန်နိုင်ငံက အများဆုံး ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ပြီး ၃၆ ရာခိုင်နှုန်းကျော်ရှိ
သီလဝါ အထူးစီးပွားရေးဇုန် တစ်နေရာကို တွေ့ရစဉ်(ဓာတ်ပုံ-သီဟအောင်)
သီလဝါ အထူးစီးပွားရေးဇုန် တစ်နေရာကို တွေ့ရစဉ်(ဓာတ်ပုံ-သီဟအောင်)
Published 15 October 2019
ဇေယျာငြိမ်း

သီလဝါ အထူးစီးပွားရေးဇုန်တွင် ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိ နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ဝင်ရောက်ထားသည့် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၈၆ ဘီလျံ ကျော်အနက် ဂျပန်နိုင်ငံက အများဆုံးဝင်ရောက်ထားပြီး ၃၆ ရာခိုင်နှုန်းကျော်အထိရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိ သီလဝါ အထူးစီးပွားရေးဇုန်အတွင်းသို့ နိုင်ငံပေါင်း ၁၉ နိုင်ငံက လုပ်ငန်းပေါင်း ၁၁၃ ခု လာရောက်ရင်းနှီးမြှုပ်နှံထားပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၈၆၂ ဘီလျံအထိရှိသည်။

ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုပမာ ဒေါ် လာ ၆၇၄ ဒသမ ၄၈၈ သန်း ရှိ သည့် လုပ်ငန်း ၃၇ ခုအထိ ဝင်ရောက်ထားပြီး စုစုပေါင်း ပမာဏ၏ ၃၆ ဒသမ ၂၁ ရာခိုင်နှုန်းဖြင့် အ များဆုံးဝင်ရောက်ထားသည်။

စင်ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုပမာ ဏအမေရိကန်ဒေါ်လာသန်း ၆၅၀ ခန့်ရှိ သည့် လုပ်ငန်း ၂၇ ခုအထိ ဝင်ရောက်ထား ပြီး စုစုပေါင်းပမာဏ၏ ၃၄ ရာခိုင်နှုန်းကျော် ရှိဖြင့် ဒုတိယအများဆုံးဝင်ရောက်ထားသည်။

ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၁၇၀ ကျော်ရှိပြီး စုစုပေါင်း ပမာဏ၏ ၉ ရာခိုင်နှုန်းကျော်ရှိသည်။ ကိုရီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ပမာ ဏ ဒေါ်လာ ၉၆ သန်းကျော် ရှိပြီး စုစုပေါင်းပမာဏ၏ ၅ ရာခိုင်နှုန်းကျော်ရှိသည်။

ဟောင်ကောင်မှ ဝင်ရောက်ထားသည့် ပမာဏမှာ သုံးရာခိုင်နှုန်းကျော်၊ မြန်မာနိုင်ငံမှ ဝင်ရောက်ထားသည့်ပမာဏမှာ သုံးရာခိုင်နှုန်းနီးပါးရှိသည်။ UK  ၊ UAE နှင့် Australia နိုင်ငံတို့မှ ဝင်ရောက်ထားသည့် ပမာဏမှာ တစ်ရာခိုင်နှုန်းကျော်ရှိသည်။

မလေးရှား၊ ထိုင်ဝမ်၊ Austria ၊ Panama ၊ တရုတ်၊ ဘရူနိုင်း၊ ဗီယက်နမ်၊ ပြင်သစ်၊ ဆွစ်ဇလန်၊ နယ်သာလန်နိုင်ငံတို့မှ ဝင်ရောက်ထားသည့်ပမာဏမှာ တစ်ရာခိုင်နှုန်း အောက်သာရှိကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဇူလိုင်လက ထုတ်ပြန်ထားသည့်စာရင်းမျာအရ သီလဝါအထူးစီးပွားရေးဇုန်အတွင်း လုပ်ငန်း ၇၄ ခု အထိ စီးပွားဖြစ်လည်ပတ်လျက်ရှိပြီး လုပ်ငန်း ၁၈ ခုမှာ ပြည်ပသို့ တင်ပို့ခြင်းလုပ်ငန်းများစ တင်နေပြီဖြစ်ကြောင်း သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မှ သိရသည်။

သီလဝါ အထူးစီးပွားရေးဇုန်တွင်အမြဲတမ်းလုပ်သားနှင့် ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူများအပါအဝင် စုစုပေါင်းလုပ်သား ၂၀၀၀၀ ကျော်ရှိသည်။

၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံသည်  ဝင်ငွေ အလယ်အလတ်အဆင့်ရှိသည့်နိုင်ငံဖြစ်လာစေရန် ရည်ရွယ်၍ နှစ် ၂ဝကြာဆောင်ရွက်မည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း အကောင်အထည်ဖော်နေ သည်။

ထို့ပြင်နှစ်ပေါင်း၂၀ အတွင်း မြန်မာနိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာဘီလျံ ၂၂ဝကျော်ရရှိစေရန်နှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ပိုမို စီးဝင်လာစေရေး မျှော်မှန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်းကို ကာလတိုငါးနှစ် (၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁အထိ)၊ ကာလလတ် ငါးနှစ်(၂၀၂၁-၂၀၂၂ခုနှစ်မှ-၂၀၂၅-၂၀၂၆အထိ)၊ကာလရှည် ၁ဝနှစ်(၂၀၂၆-၂၀၂ရခုနှစ်မှ ၂၀၃၅-၂၀၃၆အထိ) အသီး သီးဆောင်ရွက်သွားမည်ဖြစ်သည်။                                                               

 

 

Most Read

Most Recent