ပွဲကစားခွင့်မရပါက လာမည့်ဇန်နဝါရီတွင် ချယ်လ်ဆီးအသင်းမှ ထွက်ခွာနိုင်ကြောင်း ဂျရူး ပြောကြား

ပွဲကစားခွင့်မရပါက လာမည့်ဇန်နဝါရီတွင် ချယ်လ်ဆီးအသင်းမှ ထွက်ခွာနိုင်ကြောင်း ဂျရူး ပြောကြား
Photo: Getty Images
Photo: Getty Images
Published 15 October 2019

ချယ်လ်ဆီးအသင်းတိုက်စစ်မှူး ဂျရူးက မိမိအနေဖြင့် ချယ်လ်ဆီးအသင်းတွင် ပွဲကစားခွင့် ဆက်လက်ဆုံးရှုံးနေမည်ဆိုပါက လာမည့် ဇန်နဝါရီအပြောင်းအရွှေ့တွင် အသင်းမှ ထွက်ခွာဖွယ်ရှိနေကြောင်း ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းတိုက်စစ်မှူး ဂျရူးက မိမိအနေဖြင့် ချယ်လ်ဆီးအသင်းတွင် ပွဲကစားခွင့် ဆက်လက်ဆုံးရှုံးနေမည်ဆိုပါက လာမည့် ဇန်နဝါရီအပြောင်းအရွှေ့တွင် အသင်းမှ ထွက်ခွာဖွယ်ရှိနေကြောင်း ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်သည် ယခုရာသီတွင် အင်္ဂလန်လူငယ်တိုက်စစ်မှူး အေဘရာဟမ်ကို ဦးစားပေးတိုက်စစ်မှူးအဖြစ် အသုံးပြုလျက်ရှိနေပြီး ဂျရူးမှာ ပြိုင်ပွဲစုံ (၅)ပွဲသာ ကစားခွင့်ရထားကြောင်း သိရသည်။

ဂျရူးက မိမိအနေဖြင့် ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်သွားရန် အသင့်ရှိသော်လည်း နည်းပြအနေဖြင့် မိမိကို အသုံးပြုလိုခြင်းမရှိလျှင် အသင်းမှထွက်ခွာနိုင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂျရူးက ''ချယ်လ်ဆီးအသင်းမှာ နေရာရဖို့အတွက် ကျွန်တော် တိုက်ပွဲဝင်သွားမှာပါ။ ဒါကို နည်းပြကလည်း ကောင်းကောင်းသိပါတယ်။ ကျွန်တော့်အနေနဲ့ ချယ်လ်ဆီးက ထွက်ခွာချင်သလားဆိုတဲ့ မေးခွန်းမျိုးမေးစရာတော့ မလိုပါဘူး။ ကျွန်တော့်အသက်က (၃၃)နှစ်ရှိပါပြီ။ ဒါပေမဲ့ ကျွန်တော်ဟာ ပွဲတွေကစားဖို့အတွက် အကောင်းဆုံးအနေအထားမှာ ရှိနေဆဲပါပဲ။ ကျွန်တော့်အနေနဲ့ ဒီထက်ပိုပြီးပွဲကစားခွင့် ရချင်ပါတယ်။ တကယ်လို့ ချယ်လ်ဆီးအသင်းကသာ ကျွန်တော့်ကို ရွေးချယ်ခွင့်ပေးလာခဲ့မယ်ဆိုရင်တော့ ကျွန်တော့်အနေနဲ့ အာဆင်နယ်အသင်းက ထွက်ခွာခဲ့သလိုပဲ ဆုံးဖြတ်ရပါလိမ့်မယ်" ဟုပြောကြားခဲ့သည်။

ဂျရူးသည် ယခုရက်သတ္တပတ်အတွင်းကစားခဲ့သည့် ပြင်သစ်အသင်း၏ ယူရို-၂၀၂၀ ခြေစစ်ပွဲစဉ် (၂)ပွဲစလုံးတွင် ပါဝင်ကစားခွင့်ရခဲ့ပြီး အိုက်စလန်အသင်းအား (၁-၀)ဂိုးဖြင့်အနိုင်ရသည့်ပွဲတွင် အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့သလို၊ တူရကီနှင့် (၁-၁)ဂိုးဖြင့်သရေကျသည့်ပွဲစဉ်တွင်လည်း ပြင်သစ်အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။

ဂျရူးက နိုင်ငံတကာပွဲစဉ်များမှ မိမိ၏ခြေစွမ်းကို ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်အနေဖြင့် ကြည့်ရှုနေမည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။

 

Most Read

Most Recent