ဘာစီလိုနာလူငယ်ကြယ်ပွင့် အန်ဆူဖာတီ စပိန် ယူ-၂၁ အသင်း၌ ရွေးချယ်ခံရ

ဘာစီလိုနာလူငယ်ကြယ်ပွင့် အန်ဆူဖာတီ စပိန် ယူ-၂၁ အသင်း၌ ရွေးချယ်ခံရ
Photo: Getty Images
Photo: Getty Images
Published 13 October 2019

ဘာစီလိုနာအသင်း၏ လူငယ် ကြယ်ပွင့်ကစားသမား အန်ဆူဖာတီ သည် စပိန် ယူ-၂၁ အသင်း၌ ရွေးချယ်ခံရကြောင်း သိရသည်။

ဘာစီလိုနာအသင်း၏ လူငယ် ကြယ်ပွင့်ကစားသမား အန်ဆူဖာတီ သည် စပိန် ယူ-၂၁ အသင်း၌ ရွေးချယ်ခံရကြောင်း သိရသည်။

    

အသက် (၁၆) နှစ်သာရှိသေးသည့် အန်ဆူဖာတီသည် ဂီနီဘစ်ဆောနိုင်ငံ၌ မွေးဖွားခဲ့သူဖြစ်သော်လည်း အသက် (၆)နှစ်အရွယ်ကတည်းက စပိန်နိုင်ငံ၌ ပြောင်းရွှေ့နေထိုင်ခဲ့သောကြောင့် စပိန်နိုင်ငံသားအဖြစ် ခံယူခွင့်ရရှိထားသည်။ 

၎င်းသည် ပြီးခဲ့သည့် စက်တင်ဘာလတွင် စပိန်ပတ်စ်ပို့ရရှိခဲ့ပြီး စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) က ယခုလအတွင်းကျင်းပမည့် ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ကစားစေရန် ဆန္ဒရှိသော်လည်း ဘာစီလိုနာအသင်း၏ကန့်ကွက်မှုကြောင့် မရွေးချယ်ဘဲ အောက်တိုဘာ (၁၅)ရက်တွင် မွန်တီနီဂရိုးအသင်းနှင့်ကစားမည့် ဥရောပ ယူ-၂၁ ခြေစစ်ပွဲအတွက်သာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ 

အန်ဆူဖာတီသည် ယခုရာသီတွင် လာလီဂါ (၅)ပွဲ (ပွဲထွက်တစ်ပွဲ၊ လူစားဝင်လေးပွဲ)၊ ချန်ပီယံလိဂ်(၁)ပွဲ (ပွဲထွက်) ကစားခွင့်ရထားပြီး (၂) ဂိုးသွင်းယူထားကာ အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးဂိုးသွင်းသူ၊ အသက်အငယ်ဆုံး လာလီဂါနှင့် ချန်ပီယံလိဂ် ပွဲထွက်ကစားခွင့်ရသူအဖြစ် မှတ်တမ်းဝင်ထားသည်။

စပိန်လက်ရွေးစင်အသင်းနည်းပြ ရောဘတ်မော်ရီနိုက ဆန်ဆူဖာတီကို ယူရို-၂၀၂၀ ပြိုင်ပွဲဝင်မည့် စပိန်အသင်းတွင် ရွေးချယ်ဖွယ်ရှိနေကြောင်း ဖွင့်ဟထားသည်။

 

Most Read

Most Recent