ယူရို-၂၀၂၀ ခြေစစ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယူရို-၂၀၂၀ ခြေစစ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 11 October 2019

ချက် - အင်္ဂလန် (စနေနံနက် ၁:၁၅ နာရီ)

အင်္ဂလန်က ချက်အသင်းကို အနိုင်ရခဲ့ရင် ယူရို-၂၀၂၀ ပြိုင်ပွဲအတွက် တစ်နေရာ သေချာသွားပါပြီ။ အင်္ဂလန်က လက်ရှိအချိန်မှာ ချက်ထက် (၃)မှတ်ပဲ သာတယ်ဆိုပေမယ့် ဒီပွဲနိုင်ရင် (၆)မှတ်ပြတ်သွားမယ်။ ချက်ကလည်း အင်္ဂလန်အသင်းထက် ပွဲပိုကစားထားပြီး (၂)ပွဲပဲကစားဖို့ ကျန်တော့တဲ့အတွက် အမှတ်ရထားဖို့လိုတယ်။ ဒီနှစ်သင်းက အုပ်စုအဖွင့်ပွဲစဉ်တုန်းက ဝင်ဘလေမှာ ကစားခဲ့ပြီး အင်္ဂလန်အသင်းက (၅-ဝ)ဂိုးနဲ့အနိုင်ရခဲ့တယ်။ စတာလင် ဟက်ထရစ်သွင်းယူနိုင်ခဲ့တာလည်း တွေ့ရတယ်။ ယာရိုဆလက်ဗ်ဆီလ်ဟာဗီရဲ့ ချက်အသင်းကတော့ ဒီပွဲပြီးကတည်းက တုံ့ပြန်မှုကောင်းခဲ့တယ်။ ကိုဆိုဗိုကို ရှုံးခဲ့တာကလွဲရင် ကျန် (၃)ပွဲမှာ အနိုင်ကစားခဲ့တယ်။ ဆောက်ဂိတ်ရဲ့အသင်းက ပြီးခဲ့တဲ့အဖွင့် ပွဲစဉ် (၄)ပွဲစလုံးအနိုင်ကစားခဲ့ပြီး တိုက်စစ်ပိုင်းက ခြေစွမ်းပြခဲ့တယ်။ ဒီပွဲလည်း တိုက်စစ်ကို ဦးစားပေးကစားမယ်လို့ ယူဆရတယ်။ လူငယ်ကစားသမားတွေနဲ့ အတွေ့အကြုံ ရင့်ကစားသမားတွေ ပေါင်းစပ်ထားပြီး အကောင်းဆုံးပုံစံရနေတဲ့အတွက် ချက်အသင်းရဲ့ကွင်းမှာလည်း အင်္ဂလန်အသင်း နိုင်ပွဲရဖို့ အခက်အခဲမရှိလောက်ပါဘူး။ 

 

မွန်တီနီဂရိုး - ဘူလ်ဂေးရီးယား (စနေနံနက် ၁:၁၅ နာရီ)

နှစ်သင်းစလုံး မျှော်လင့်ချက်မရှိတဲ့အသင်းတွေဖြစ်ပြီး ဂုဏ်သိက္ခာအတွက်ပဲ ကစားရမှာပါ။ ခြေလည်းသိပ်မကွာကြ ဘူး။ သရေကျဖို့များနေတယ်။

 

ယူကရိန်း - လစ်သူယေးနီးယား (စနေနံနက် ၁:၁၅ နာရီ)

ပေါ်တူဂီနဲ့မတိုင်ခင် ကစားရမယ့် ဒီပွဲကို ယူကရိန်း မဖြစ် မနေ အနိုင်ကစားလိမ့်မယ်။ အုပ်စုတွင်း အားအနည်းဆုံးဖြစ်တဲ့ လစ်သူယေးနီးယားကို ယူကရိန်း ဂိုးပြတ်သွင်းမှာပါ။

 

ပေါ်တူဂီ - လူဇင်ဘတ် (စနေနံနက် ၁:၁၅ နာရီ)

ပေါ်တူဂီကစားရမယ့်လက်ကျန် (၄)ပွဲမှာ ယူကရိန်းတစ်ပွဲပဲ ပွဲကျပ်ပါပြီး ကျန်(၃)ပွဲက ပွဲချောင်ပါတယ်။ အနည်းဆုံး (၉)မှတ်သေချာပြီး ခြေစစ်ပွဲအောင်ဖို့ အခွင့်အရေးအများကြီးရှိပါ တယ်။ ခြေမချော်ဖို့ပဲ ဂရုစိုက်ရမှာဖြစ်ပြီး ဒီပွဲလည်း ဂိုးပြတ်အနိုင်ယူလိမ့်မယ်။

 

တူရကီ - အယ်လ်ဘေးနီးယား (စနေနံနက် ၁:၁၅ နာရီ)

ပြင်သစ်နဲ့ပွဲမတိုင်ခင် ကစားရမယ့်ပွဲဖြစ်ပြီး တူရကီအ တွက် အရမ်းအရေးကြီးတယ်။ တူရကီအမှားခံမှာ မဟုတ်ဘူး။ အိမ်ကွင်းမှာ အနိုင်ကစားပါလိမ့်မယ်။

 

အိုက်စလန် - ပြင်သစ် (စနေနံနက် ၁:၁၅ နာရီ)

အိုက်စလန်က ပြင်သစ်၊ တူရကီတို့နဲ့ အပြိုင်ဖြစ်နေတဲ့အခြေအနေကနေ နောက်ဆုံးကစားခဲ့တဲ့ အယ်လ်ဘေးနီးယားနဲ့ပွဲမှာ မထင်မှတ်ဘဲ (၂-၄)ဂိုးနဲ့ ရှုံးခဲ့ပြီး သူတို့အတွက် အရမ်းခက်ခဲသွားပြီဆိုတာ သံသယဖြစ်ဖွယ်မရှိဘူး။ ဒီပွဲမှာ ပြင်သစ်ကို အနိုင်ရဖို့က အိုက်စလန်အတွက် အရမ်းအရေးကြီးနေပြီး ပြင်သစ်အတွက်ကတော့ ဒီပွဲမှာ သရေလောက်ကစားနိုင်ခဲ့ရင်တောင် အုပ်စုအဆင့်ကိုကျော်ဖို့အတွက် အခြေအနေကောင်းသွားနိုင်တယ်။ အနိုင်ရခဲ့ရင်တော့ အုပ်စုဗိုလ်နေရာအတွက်ပါ အခြေအနေ ကောင်းသွားမှာဖြစ်တယ်။ အိုက်စလန်မှာ ဝါရင့်ကွင်းလယ်တိုက်စစ်ကစားသမား ဆီဂတ်ဒ်ဆန်က ပြင်သစ်ခံစစ်ကို အဓိက ခြိမ်း ခြောက်မယ့် ကစားသမားဖြစ်ပြီး ပြင်သစ်ကတော့ (၄)ပွဲဆက်နိုင်ပွဲကို ယူဖို့အတွက် ခံစစ်ပိုင်းက စနစ်တကျကစားနိုင်ဖို့ လိုနေ တယ်။ လက်ရှိအချိန်မှာ ပြင်သစ်တိုက်စစ်ပိုင်းက ဂရီးဇ်မန်း၊ ဂျရူးတို့လို အဓိကကစားသမားတွေ ကလပ်အသင်းမှာ ပုံမှန်ကစား ခွင့်မရ၊ ခြေစွမ်းမပြနိုင်ဖြစ်နေလို့ နိုင်ငံအသင်းမှာပါ Form ပျက်နေမှာကို စိုးရိမ်နေရပြီး၊ ပေါ့ဘာမပါနိုင်တာကလည်း ပြင်သစ် ကွင်းလယ်အတွက် စိုးရိမ်စရာဖြစ်ပါတယ်။ ပြင်သစ် သရေလောက်ပဲ ရလိမ့်မယ်။ 

 

Most Read

Most Recent