မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုလာက မိမိတို့အသင်းသည် အမှတ်ပေးဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်းနှင့် အမှတ်ကွာဟချက်အလွန်ကြီးမားနေသော်လည်း ယခုမှ အောက်တိုဘာလသာရှိသေးသဖြင့် ပြန် လည်အမီလိုက်နိုင်လိမ့်မည်ဟု ယုံကြည်နေကြောင်း ပြော ကြားခဲ့သည်။
မန်စီးတီးအသင်းသည် ပြီးခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဝုလ်ဗ်အသင်းအား အိမ်ကွင်းတွင် (၀-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် လီဗာပူးလ်အသင်းနှင့် (၅)မှတ်ကွာဟနေရာမှ (၈)မှတ်အထိ ကွာဟသွားခဲ့ခြင်းဖြစ်သည်။
လီဗာပူးလ်အသင်းသည် လက်စတာအသင်းကို အိမ်ကွင်းတွင် သရေကျလုနီးပါးဖြစ်ခဲ့ပြီးမှ (၉၅)မိနစ်၊ ပယ်နယ်တီသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး မန်စီးတီးအသင်းမှာမူ ပွဲအ စပိုင်းကစားပုံကောင်းခဲ့သော်လည်း နောက်ပိုင်းတွင် ဝုလ်ဗ်အသင်း၏ တုံ့ပြန်မှုကြောင့် အခက်အခဲတွေ့ခဲ့ပြီး ရှုံးနိမ့်ခဲ့ခြင်းလည်းဖြစ်သည်။
သို့ရာတွင် ဂွါဒီယိုလာကမူ ယခုအချိန်တွင် (၈)မှတ်အထိ ကွာဟနေပြီဖြစ်သော်လည်း ပရီးမီးယားလိဂ်မှာ ပွဲစဉ် (၈)သာ ရှိသေးသဖြင့် ပြန်လည် အမီလိုက်နိုင်လိမ့်မည်ဟု ယုံကြည်နေကြောင်း ပြောကြား ခဲ့ခြင်းလည်းဖြစ်သည်။
ဂွါဒီယိုလာက ''ကျွန်တော့်ကောင်တွေအကြောင်း ကို ကျွန်တော်ကောင်းကောင်းသိပါတယ်။ သူတို့ဟာ အ ခုအချိန်အထိ အသင်းအတွက် ကောင်းကောင်းကစားပေး နေကြသလို၊ အမှတ်ပေးချန်ပီယံဆုကိုလည်း လိုချင်နေ ကြတုန်းပါပဲ။ ဒီနေ့က ကျွန်တော်တို့အတွက် ဆိုးရွားတဲ့ နေ့တစ်နေ့၊ ဆိုးရွားတဲ့ ပွဲတစ်ပွဲပါ။ ကျွန်တော်တို့ရဲ့ပြိုင်ဘက် အသင်းကိုလည်း ချီးကျူးချင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရှုံး တာကတော့ ရှုံးသွားပါပြီ။ ပရီးမီးယားလိဂ်သမိုင်းကိုပြန် ကြည့်ရင် အတိတ်မှာ ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းတစ်သင်း ဟာ အဲ့ဒီရာသီအပြီးနောက်ရာသီမှာ ပြန်ဗိုလ်မစွဲတော့ပါ ဘူး။ ကျွန်တော်တို့က မနှစ်က ပြန်ဗိုလ်စွဲအောင်လုပ်နိုင် ခဲ့သလို ဒီနှစ်လည်း ထပ်ဗိုလ်စွဲချင်ပါတယ်။ ကျွန်တော်တို့ အသင်းအမှတ်တွေလျော့တဲ့အခါတိုင်း ဒီပွဲအကြောင်းကို အသေးစိတ်ပြန်သုံးသပ်ခဲ့ပါတယ်။ စပါးနဲ့ ပွဲတုန်းကအ မှတ်လျော့ခဲ့တယ်။ နောဝစ်ချ်နဲ့ ပွဲတုန်းကအမှတ်လျော့ခဲ့ တယ်။ ပြီးတော့ ဒီနေ့ရောပေါ့။ အဲ့ဒီပွဲတွေမှာ ပုံမှန်အားဖြင့် တော့ ကျွန်တော်တို့ရဲ့ ခြေစွမ်းအမှန်ကို မပြနိုင်ခဲ့ကြပါ ဘူး။ ပြီးခဲ့တဲ့ ပွဲတုန်းက ကျွန်တော်တို့အသင်းကစားတာ ကောင်းခဲ့ပါတယ်။ အခု ဒီပွဲမှာတော့ ကျွန်တော်တို့ပုံစံ ကောင်းမပြနိုင်ခဲ့ပါဘူး။ အခုအချိန်မှာ အမှတ်ကွာဟချက် က တော်တော်ကြီးသွားပါပြီ။ ဒါကို ကျွန်တော်လည်း သိပါ တယ်။ လီဗာပူးလ်အသင်းဟာ အခုအချိန်အထိ အမှတ် လုံးဝမလျော့အောင်ကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုအ ချိန်မှာတော့ ကျွန်တော်တို့အတွက် ပိုကောင်းတာက လီ ဗာပူးလ်ဟာ ကျွန်တော်တို့ထက် (၈)မှတ်တောင် သာနေ ပြီဆိုတာကို တွေးနေမယ့်အစား၊ အခုမှ အောက်တိုဘာ လပဲ ရှိသေးတယ်ဆိုတာတွေးဖို့ပါပဲ။ ကျွန်တော်တို့ ဒီပြိုင် ပွဲမှာ ပုံစံကောင်းနဲ့ ပြန်လာနို်င်ဖို့ လိုအပ်နေပါတယ်။ ပြီး တော့ အခုမှ အောက်တိုဘာလပဲရှိသေးပြီး၊ ကျွန်တော်တို့ အတွက် ကစားရမယ့်ပွဲတွေရော၊ ကစားရမယ့် ပြိုင်ပွဲတွေ ပါ အများကြီးကျန်နေပါသေးတယ်။ နောက်ပွဲတွေမှာ ကျွန် တော်တို့အသင်းဘာတွေလုပ်ရမလဲဆိုတာကို တွေးဖို့က ပိုကောင်းပါတယ်''ဟု ပြောကြားခဲ့သည်။
Close