၂၀၁၉-၂၀၂၀ လျာထားဘတ်ဂျက် ဆွေးနွေးစဉ် ကိုယ်စားလှယ်များ အပြင်းအထန် ကန့်ကွက်ခဲ့သည့် စည်ပင်မှ ကားအစီး ၈၀ ဝယ်ယူမည့်ကိစ္စ အတည်ပြုခဲ့သဖြင့် ခေါင်း စဉ်ပြောင်းသုံးနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စား လှယ်များ၏ ပြောကြားချက်အရ သိရသည်။
“စည်ပင်သာယာကိုယ်စားလှယ်တွေ ၃၃ မြို့နယ်လုံး ကားတွေမလိုပါဘူး။ နိုင်ငံတော်ပိုက်ဆံပဲ သုံးမယ်ဆိုလည်း သုံးကြပေါ့ကွယ်။ ကော်မတီဝင်အသစ်တွေအတွက် ကားတွေလည်း ရသေးတယ်။ ဒါပေမဲ့ တာဝန် ခံအဖွဲ့တွေရဲ့ အတွင်းရေးမှူးတွေ၊ သူတို့တွေက နဂိုဌာနမှူးတွေ ကားတွေကရပြီးသား၊ ဘာလို့ ကားတွေထပ်ထည့်တာလဲ ဒါ တွေမရှင်းဘူးး။ ဝန်ထမ်းကြိုပို့ဖို့ ဘယ်နှစီး၊ ဌာနအသုံးပြုဖို့ ဘယ်နှစီး၊ အဲဒီလိုတွေ အသီးသီးပါပြီးတဲ့အပြင်ကို အားလုံးရောပြီး တော့ လုပ်ငန်းများတွင် လိုအပ်သလို သုံးရန်ဆိုပြီး ၁၃ စီး ထပ်တင်ထားတယ်။ အဲဒါကြီးက ဖြစ်သင့်သလား။ ကား ၈၀ လုံး လျှော့ရမယ် မဆိုလိုပါဘူး။ အဖွဲ့ဝင် နှစ်ဦးအတွက် နှစ်စီး က ဘယ်အဖွဲ့ဝင်လဲ။ ဒါပေမဲ့ အတည်ပြုပြီးသွားပြီ။ မနေ့ကမှ အတည်မပြုနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးမှာ ဘတ်ဂျက်က နောက်ကျနေပြီ။ သူများတွေမှာ အကုန်အတည်ပြု ပြီးသွားပြီ။ ပြောလိုက်ရင် ကျွန်မက ကန့်ကွက်တယ်ဆို ပြီးဖြစ်မယ်။ အဲဒါကိုကြောက်လို့ မဟုတ်ပေမဲ့ တကယ်တင်ထားတဲ့ ဦးကျော်ဇေယျကလည်း ထမကန့်ကွက်၊ ဥက္ကဋ္ဌ ကလည်းမပြောတော့ အတည်ပြုပြီးသွားပြီ၊ ဘာလုပ်လိုရလဲ စဉ်းစားတော့ အချို့ကိစ္စတွေကို ခေါင်းစဉ်ပြောင်းနဲ့ ပြန်သုံးတာပဲ။ခေါင်းစဉ်ပြောင်းနေရာမှာ ရမလား။ အဲဒါ ကိုပြန်စဉ်းစားရမယ်” ဟု ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ က ပြောကြားသည်။
ဘတ်ဂျက်အား အတည်ပြုပြီး ဖြစ်သဖြင့် ပြန်လည် ပြင်ဆင်ရန် မလွယ်ကူသော် လည်း လုပ်ငန်းများခေါင်းစဉ်ပြောင်း အသုံးပြု၍ရကြောင်း၊ အရေးပေါ်လိုအပ်သည့် လုပ်ငန်းကို လက်မှတ်ရေးထိုးကာ ဌာနဆိုင်ရာအဆင့်ဆင့်ဖြင့် ခေါင်းစဉ်ပြောင်းပြန် လည်တင်ပြ၍ရကြောင်း ဒေါ်ကြည်ပြာက ဆိုသည်။
“အများကြီးတော့ ပြောင်းလို့တော့မရဘူး။ ဘယ်လိုဆက်သွားမလဲတော့မသိဘူး။ သေချာတာကတော့ ပေးလိုက်ရပြီထင်ပါတယ်” ဟု ဒေါ်ကြည်ပြာက ပြောကြားသည်။
စည်ပင်သာယာ လူတွေစီးဖို့ ကားထက် မြို့နယ်မှာ လိုအပ်နေတာက အမှိုက်ကားတွေ၊ ဘတ်ဟိုးတွေ လိုအပ်နေတာ။ ကျွန်မတို့ ကိုယ်စားလှယ်တွေ နယ်မြေဆင်းရင်
ဒီတိုင်းသွားနေတာ။ အခုဟာက စည်ပင်သာယာကိုယ်စားလှယ်တွေက
ကားရှိမှ အဆင်ပြေမယ်ဆိုတဲ့ ပုံဖြစ်နေတယ်။ သူတို့ကို ကားမပေးချင်လို့ မဟုတ်ပါဘူး။ ကျွန်မတို့တိုင်းပြည်က မချမ်းသာဘူးလေ . . .
အောက်တိုဘာ ၄ ရက်တွင် ပြုလုပ် သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဒသမပုံမှန်အစည်းအဝေး၊ ၁၂ ရက်မြောက်နေ့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာ ငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ် လျဉ်းပြီး ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံ စာ၊ ပြည်သူ့ငွေ စာရင်းကော်မတီ၏ အစီရင် ခံစာနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးခဲ့မှုများ အပေါ် စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီး ဦးမြင့်သောင်းက ပြန်လည်ရှင်း လင်း ဆွေးနွေးရာတွင် ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကားအစီး ၈၀ ဝယ်ယူ ရန်တင်ပြထားခြင်းနှင့်ပတ်သက်ပြီး ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီဥပ ဒေအရ ရွေးချယ်ခန့်ထားသည့် မြို့နယ် ၃၃ မြို့နယ်ရှိ စည်ပင်ဥက္ကဋ္ဌတစ်ဦးစီလျှင် တစ်စီးနှုန်းဖြင့် ၃၃ စီး၊ အဖွဲ့ဝင် နှစ်ဦးအသုံးပြုရန် နှစ်စီး၊ ရွေးချယ်ခံကော်မတီဝင် ခြောက်ဦး၊ လုပ်ငန်းတာဝန်ခံအဖွဲ့ ခုနစ်ဖွဲ့၏ အတွင်းရေးမှူးများ အသုံးပြုရန် ၁၃ စီးဖြစ်ကြောင်း၊ အုပ်ချုပ်မှု လုပ်ငန်းစဉ်ရှိ ညွှန်ကြားရေးမှူးနှင့် အထက် လုပ်ငန်းသုံးစွဲရန် ၁၅ စီး၊ လုပ်ငန်းစစ်လမ်းကြောင်းနှင့် ဧည့်ကြိုရာတွင် အသုံးပြုရန် တစ်စီး၊ ဝန်ထမ်းများအား အခမ်းအနားများ ကြိုပို့ရာတွင် အသုံးပြုရန် သုံးစီးနှင့် လုပ်ငန်းသုံးတွင် အသုံးပြုရန် ၁၃ စီး၊ စုစုပေါင်း အစီး ၈၀ တင်ပြထားကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အုပ်ချုပ်မှုသုံး ယာဉ်ဝယ်ယူခြင်းနှင့် ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ၂၀၁၉ ခုနှစ် မေ ၂၂ ရက်ရက်စွဲပါ စာအမှတ် ၄၆၉/၂၅၃-ယာဉ် ၂-၆/အဖရ (၂၀၁၉)အရ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့် ဆောင်ရွက်ရမည်ဟု ညွှန်ကြားထားကြောင်း ပြောကြားခဲ့သည်။
“ကျွန်မတို့ရဲ့လိုအပ်ချက်ပါပဲ လျာထားစာရင်းထဲမှာတုန်းက တင်လာတဲ့အခါကျတော့ ပြည်သူ့ငွေစာရင်းကော်မတီရဲ့ အစီရင်ခံစာထဲ ထည့်ရေးလိုက်တယ်။ ဒီနှစ်ဆို ရင် စည်ပင်သာယာရဲ့ ရငွေက သန်းပေါင်း သုံးသိန်းခြောက်သောင်းကျော်ဖြစ်တယ်။ ဒါပေမဲ့ စည်ပင်သာယာသုံးထားတဲ့ငွေက သန်းပေါင်း လေးသိန်းငါးသောင်းကျော် ဖြစ် တယ်။ အဲဒီအခါပြည်သူတွေရဲ့ ဝန်ဆောင်မှု ကဏ္ဍမှာလျော့နေတာ တွေ့ရတယ်။ လျာထားစာရင်းမှာတင် မဟုတ်ဘူး။ ဘတ်ဂျက်ကို အတည်ပြုဖို့ဆွေးနွေးတော့လည်း ထည့် ပြောတယ်။ ဒါက နှစ်တိုင်းဆွေးနွေးနေရတဲ့ ကိစ္စ၊ နှစ်တိုင်းဆွေးနွေးချက်တွေကို နှစ်တိုင်း ဂရုမစိုက်ဘူး” ဟု ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြော ကြားသည်။
ရန်ကုန်တိုင်းတွင် ဖြစ်ပျက်နေသည့် ပုံစံသည် ကိုယ်စားလှယ်များဆွေးနွေးချက် နှင့်ပတ်သက်ပြီး အလေးမထားသည့် ကိစ္စသည် ပိုမိုများပြားကြောင်း၊ ၂၀၁၉ ဇွန်လ တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေ အရအသုံးဆိုင် ရာ ဥပဒေကြမ်းလျာထားချက်နှင့် ပတ်သက် ပြီး ပြည်သူ့ငွေစာရင်းကော်မတီက အစီရင်ခံ စာတင်သွင်းရာတွင် အဆိုပါ ကားအစီး ၈၀ နှင့် ပတ်သက်ပြီး ပြောကြားခဲ့သော်လည်း၊ အတည်ပြုဆွေးနွေးသည့် အခါတွင် ယခုအတိုင်း ပြန်လည်တင်ပြလာကြောင်း ဒေါ်ကြည်ပြာက ပြောကြားသည်။
“ဒီနှစ်မှာ အခက်အခဲတော်တော်ဖြစ်သွားတယ်။ ကျွန်မတို့ လိုအပ်ချက်လည်း ပါပါတယ်။ ကျွန်မတို့က ဖြစ်သင့်ဖြစ်ထိုက်တာကို တင်ပြတာ၊ အစိုးရက သူတို့လုပ်တာကိုပဲ ကန့်ကွက်တယ်လို့ ထင်တယ်။ ကမာရွတ် EO ရုံးကို ကိုးဘီလျံလောက်သုံးမယ့် ကိစ္စတွေမှာ အာရုံထားလိုက်ကြတဲ့အခါ ဒီကိစ္စ ဘတ်ဂျက်အတည်ပြုဖို့ ဆွေးနွေးတဲ့အခါ ဟိုက်လိုက် မလုပ်ဖြစ်လိုက်ဘူး” ဟု ဒေါ် ကြည်ပြာက ပြောကြားသည်။
ယခင်နှစ်တွင် စည်ပင်သာယာမှ သာမန် အသုံးစရိတ် သန်းငါးသောင်းကျော် အသုံးပြုထားရာမှ ယခုနှစ်တွင် သန်းခုနစ်သောင်း ကျော်အသုံးပြုထားကြောင်း၊ အဆိုပါကိစ္စအား လွှတ်တော်တွင် ဆွေးနွေးခဲ့သော်လည်း ဝန်ကြီးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ခြင်း မရှိကြောင်း ဒေါ်ကြည်ပြာက ဆိုသည်။
၂၀၁၉-၂၀၂၀ ဘတ်ဂျက်နှင့် ပတ်သက်ပြီး ပြည်သူ့ငွေစာရင်းကော်မတီက စည်ပင်သာယာရေးကော်မတီမှ ကားအစီး ၈၀ ဝယ်ယူရန် တင်ပြထားရာ သက်ရာသို့ ခေါ်ယူမေးမြန်းစဉ် Pick up တစ်စီး ကျပ် သန်း ၃၀၊ Mini truck ၄၆ စီးအတွက် ကျပ် သန်း ၄၆၀၊ မြို့နယ်နှင့်ဌာနအချို့တွင် အသုံးပြုရန် Double cab ၁၄ စီးအတွက် ကျပ် ၇၇၇ သန်း၊ ဆလွန်း ၁၅ စီးအတွက် ကျပ် ၅၂၅ သန်း၊ Hiace တစ်စီးအတွက် ကျပ်သန်း ၅၀၊ နိုင်ငံခြားသားဧည့်သည်ကြိုပို့ရန်နှင့် ဝန်ထမ်းဖယ်ရီအသုံးပြုရန် City Bus သုံးစီးအတွက် ကျပ်သန်း ၂၄၀ တင်ပြတောင်းခံရာ ပြည်သူ့ငွေစာရင်းကော်မတီ၏ တင်ပြအကြံပြု သုံးသပ်ချက်တွင် ရငွေထက် သုံးငွေပိုများပြားပြီး လိုငွေပြနေသည့်အတွက် ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများအတွက် သုံးစွဲမှုထက် ယခုကဲ့သို့ Facility များတွင် ဖြစ်သင့် မသင့် ဌာနအနေဖြင့် စဉ်းစားသင့်သည်ကို တင်ပြထားကြောင်း၊ ဘတ်ဂျက် ဆွေးနွေးရာတွင်လည်း ဦးကျော်ဇေယျက ကန့်ကွက်ခဲ့ သော်လည်း အောက်တိုဘာ ၄ ရက်တွင် ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် အတည်ပြုခဲ့ရကြောင်း ပြည်သူ့ငွေစာရင်းကော်မတီ အတွင်းရေးမှူး၊ သာကေတမြို့ နယ် မဲဆန္ဒနယ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်းက ပြောကြားသည်။
“ပြောရင်လည်း ကိုယ်မစီးရလို့ဆိုပြီးဖြစ်မယ်။ ဒီပိုက်ဆံကို အစီးရေလျှော့ပြီးတော့ လုပ်ငန်းသုံးယာဉ် ဝယ်သင့်တယ်။ ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်တွေ အဆောင် အယောင်ကိစ္စ ဘယ်သူမှ မပြောဘူး။ အဆောင်အယောင်တွေလျှော့ပြီး လုပ်ငန်းသုံးယာဉ်တွေကို ဝယ်သင့်တယ်” ဟု ဒေါ်သက်ထားနွယ်ဝင်းက ပြောကြားသည်။
“ကားအစီး ၈၀ အတွက် ဘယ်လောက် ကျမယ်ဆိုပြီး ဘတ်ဂျက်မှာ အတိအကျ မဖော်ပြထားဘူး။ ကျွန်မဖတ်ကြည့်တယ် အဲ ဒါကိုမတွေ့ဘူး။ ဦးကျော်ဇေယျက တွေ့ တယ်။ ဝန်ကြီးလာရှင်းပြတော့မယ်၊ စည်ပင်သာယာ ကော်မတီဝင်တွေကို ပေးမယ်ဆိုပြီး ရှင်းပြတယ်။ ၁၆ ဘီလျံကိုလည်းပြောင်းပြီးသွားပြီ၊ ကမာရွတ် EO ရုံးအသုံးစရိတ်ကိုလည်း လျှော့ချပေးပြီးသွားပြီ၊ အဲဒါကိုထပ်ပြီး ကန့်ကွက်လိုက်ရင် ဘတ်ဂျက်က နည်းနည်းရှုပ်သွားမယ်။ ကိုယ်စားလှယ်တွေက အတည်ပြုပြီးသွားပေမဲ့ စိတ်တော့မကျေနပ်ဘူး။ စည်ပင်သာယာလူတွေ စီးဖို့ ကားထက် မြို့နယ်မှာ လိုအပ်နေတာက အမှိုက်ကားတွေ၊ ဘက်ဟိုးတွေလိုအပ်နေတာ။ ကျွန်မတို့ ကိုယ်စားလှယ်တွေ နယ်မြေဆင်းရင် ဒီတိုင်းသွားနေတာ။ အခုဟာက စည်ပင်သာယာကိုယ်စားလှယ်တွေက ကားရှိမှ အဆင်ပြေမယ်ဆို တဲ့ပုံဖြစ်နေတယ်။ သူတို့ကို ကားမပေးချင်လို့ မဟုတ်ပါဘူး။ ကျွန်မတို့ တိုင်းပြည်က မချမ်းသာဘူးလေ။ ကားတွေအများကြီးပေးလိုက် ပြီးရင် ဆီဖိုးတွေပြင်ဆင်စရိတ်တွေက နောက်နှစ်တွေမှာ ထပ်တောင်းဦးမှာ။ ကျွန်မတို့ ကိုယ်စားလှယ်တွေ တော်တော် စိတ်မကောင်း ဖြစ်တယ်” ဟု အလုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက ပြောကြားသည်။
၂၀၁၉-၂၀၂၀ ဘတ်ဂျက်တွင် စည်ပင်မှ ကားအစီး ၈၀ ဝယ်ယူမှုနှင့် ပတ်သက်ပြီး ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေ သကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက အောက်တိုဘာ ၂ ရက်တွင် ပြု လုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးရာ၌ကား အစီး ၈၀ ဝယ်ယူမှုအား သဘောမတူကြောင်း၊ ဝယ်ယူမည်ဆိုပါကလည်း ပြည် တွင်းထုတ်ကားများကိုသာ အားပေးသင့်ကြောင်း ပြောကြားခဲ့သည်။















