ဘာစီလိုနာ - အင်တာမီလန် ပွဲစဉ်မှ ပွဲကြိုထူးခြားအချက်အလက်များ

ဘာစီလိုနာ - အင်တာမီလန် ပွဲစဉ်မှ ပွဲကြိုထူးခြားအချက်အလက်များ
Photos: AFP
Photos: AFP
Published 2 October 2019

အင်တာမီလန်အသင်းသည် ဥရောပပြိုင်ပွဲများတွင် စပိန်ကလပ်များနှင့် နောက်ဆုံးကစားခဲ့သည့် အဝေးကွင်းပွဲစဉ် (၅)ပွဲတွင် (၄)ပွဲအထိ ရှုံးနိမ့်ထားသည်။

 

ဘာစီလိုနာအသင်းသည် အုပ်စုအဖွင့်ပွဲတွင် ဒေါ့မွန်နှင့် ဂိုးမရှိသရေကျပြီးနောက် ချန်ပီယံလိဂ်(၂)ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့ပြီး ယင်းမှာ ၂၀၁၇ နိုဝင်ဘာနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်သည်။

အင်တာမီလန်အသင်းသည် ချန်ပီယံလိဂ် (၅)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးထားပြီး (၃ ပွဲသရေ၊ ၂ ပွဲရှုံး) ယင်း(၅)ပွဲတွင် (၃)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ 

ဘာစီလိုနာအသင်းသည် ချန်ပီယံလိဂ် အိမ်ကွင်းနောက်ဆုံး (၁၁)ပွဲတွင် (၁၀)ပွဲအထိ အနိုင်ရထားပြီး (၃၃)ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။ 

အင်တာမီလန်အသင်းသည် ဥရောပပြိုင်ပွဲ အဝေးကွင်းနောက်ဆုံး (၁၂)ပွဲတွင် (၂)ပွဲသာ အနိုင်ရခဲ့ပြီး နောက်ဆုံး (၉)ပွဲတွင် (၆)ပွဲအထိ ရှုံးနိမ့်ထားသည်။

ဘာစီလိုနာအသင်းသည် အိမ်ကွင်းတွင်ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုအဆင့် နောက်ဆုံး (၂၈)ပွဲဆက်တိုက်ရှုံးပွဲမရှိဘဲ (၂၅)ပွဲအထိ အနိုင်ကာ (၃)ပွဲသရေကျထားသည်။

အင်တာမီလန်အသင်းသည် ဥရောပပြိုင်ပွဲများတွင် စပိန်ကလပ်များနှင့် နောက်ဆုံးကစားခဲ့သည့် အဝေးကွင်းပွဲစဉ် (၅)ပွဲတွင် (၄)ပွဲအထိ ရှုံးနိမ့်ထားသည်။

ဘာစီလိုနာအသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အင်တာမီလန်အသင်းနှင့် (၈)ကြိမ် တွေ့ဆုံဖူးပြီး (၄)ပွဲနိုင်၊ (၃)ပွဲသရေကျကာ (၁)ပွဲသာ ရှုံးနိမ့်ထားသည်။

ဘာစီလိုနာအသင်းသည် အင်တာမီလန်အသင်းကို နူးကမ့်တွင် လက်ခံကစားခဲ့သည့် (၄)ပွဲစလုံး အနိုင်ရခဲ့ပြီး သွင်းဂိုး (၈)ဂိုးအထိ ရှိခဲ့ကာ ဂိုးပြန်ပေးခဲ့ရခြင်း မရှိပေ။

 

Most Read

Most Recent