ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ဖုန်ညိုလိပ်ဘက်တွင် AA အဖွဲ့၏ ယာယီစခန်းတစ်ခုကို တပ်မတော်က သိမ်းပိုက်ရရှိထားကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ပြောကြား

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ဖုန်ညိုလိပ်ဘက်တွင် AA အဖွဲ့၏ ယာယီစခန်းတစ်ခုကို တပ်မတော်က သိမ်းပိုက်ရရှိထားကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ပြောကြား
စက်တင်ဘာ ၂၈ ရက်က ပြုလုပ်သည့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်း(ယာ)အား တွေ့ရစဉ်
စက်တင်ဘာ ၂၈ ရက်က ပြုလုပ်သည့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်း(ယာ)အား တွေ့ရစဉ်
Published 1 October 2019

ရခိုင်ပြည်နယ်အတွင်းရှိ ပန်းမြောင်း ကျေးရွာနှင့် ဖုန်ညိုလိပ်ကျေးရွာဘက်တွင် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ စက်တင်ဘာ ၃၀ ရက်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဖုန်ညိုလိပ်ဘက်တွင်ဖြစ်ပွားသော တိုက်ပွဲအတွင်း AA အဖွဲ့၏ ယာ ယီစခန်းတစ်ခုအား တပ်မတော်က သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အောက်တိုဘာ ၁ ရက်တွင် ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်းရှိ မြောက်ဦးမြို့ နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့၊ မင်းပြားမြို့နယ် စသည့်မြို့နယ်များတွင် တပ်မတော်နှင့် AA အဖွဲ့တို့အကြား မကြာ ခဏ တိုက်ပွဲများဖြစ်ပွားနေသကဲ့သို့ ချင်း ပြည်နယ်၊ ပလက်ဝမြို့နယ်တွင်လည်း တပ် မတော်နှင့် AA အဖွဲ့တို့အကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေခဲ့ရာ စက်တင်ဘာ ၃၀ ရက်က ဖုန်ညိုလိပ်ဘက်တွင် ဖြစ်ပွားခဲ့ သော တိုက်ပွဲအတွင်း AA အဖွဲ့၏ ယာယီ စခန်းတစ်ခုအား သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ် ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြော ကြားသည်။

“ကျွန်တော်တို့ ပန်းမြောင်းဘက်မှာဖြစ်တာရှိတယ်။ မြောက်ဦးဘက်မှာ ဖြစ်တာရှိပါတယ်။ ကျန်တာတော့ တိုက်ပွဲဖြစ်တာ မရှိပါဘူး။ ဖုန်ညိုလိပ်ဘက်မှာဖြစ်တာရှိတယ်။မနေ့ကဖြစ်တာပေါ့။ ဖုန်ညိုလိပ်ဘက်မှာ တော့ ကျွန်တော်တို့ ယာယီစခန်းနေရာတစ်ခုကို ကျွန်တော်တို့ သိမ်းမိထားတာရှိပါတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြား သည်။

ကျောက်တော်မြို့နယ်၊ မီးဝကျေးရွာအတွင်း အောက်တိုဘာ ၁ ရက် နံနက် ၁ နာရီ ခန့်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက် ကွဲခဲ့သဖြင့် ကျောင်းထိုင်ဆရာတော်တစ်ပါး နှင့် ကိုရင်တစ်ပါးအပါအဝင် ငါးဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အဆိုပါဖြစ်စဉ်တွင် တပ်မတော် (ရေ) က ကျေးရွာအတွင်းသို့ လှမ်း၍ ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်ကို ကိုးကား၍ ဧရာဝတီသတင်းဌာန က သတင်းဖော်ပြခဲ့သော်လည်း အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းအနေဖြင့် သိရှိ ခြင်း မရှိကြောင်းနှင့် ကျောက်တော်ဘက်တွင် တပ်မတော်နှင့် AA အကြား တိုက်ပွဲများမရှိ ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

တပ်မတော်နှင့် တအာင်းလက်နက် ကိုင်အဖွဲ့ (TNLA) အကြား တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင် မြို့တောင်ပိုင်းရှိ ကျေးရွာလေးရွာမှ လူဦးရေ ၄၀၀ ကျော်သည် စက်တင်ဘာ ၂၄ ရက်က တည်းက တိုက်ပွဲရှောင်နေခဲ့ရကြောင်း၊ အ ဆိုပါ တိုက်ပွဲရှောင်ပြည်သူများသည် ဘုန်း တော်ကြီးကျောင်းများနှင့် အခြားယာယီ တိုက်ပွဲရှောင် နေရာများတွင် ခိုလှုံနေခဲ့ရ ကြောင်း၊ ရပ်ရွာဒေသခံများက အရေးပေါ် အထောက်အပံ့များ ပံ့ပိုးပေးခဲ့ကြပြီး စက် တင်ဘာ ၂၇ ရက်တွင် တိုက်ပွဲရှောင်ပြည်သူ အားလုံး နေရပ်သို့ ပြန်လည်ထွက်ခွာသွားနိုင် ပြီဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာ မှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက စက်တင်ဘာ ၃၀ ရက်တွင် သတင်းထုတ်ပြန်သည်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် တအာင်းအဖွဲ့ (TNLA) ၊ ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရခိုင်အဖွဲ့ (AA) တို့က တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေးကို ကြေညာထားသည့်ကြားမှ တိုက်ပွဲများဖြစ်ပွားခြင်း ဖြစ်ကြောင်း၊  တပ်မတော်သည် စက်တင်ဘာ ၂၁ ရက်တွင် သက်တမ်းကုန်သွားသည့် ၎င်း၏ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကို ထပ်မံသက်တမ်းတိုးခြင်းမရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေး မှူးရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 ထို့ပြင် မြန်မာ့တပ်မတော်နှင့် AA အ ဖွဲ့တို့အကြား တိုက်ပွဲများနှင့် ပေါက်ကွဲမှုများကြောင့် ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာမှ လူဦးရေ ၁၉၀၀ ကျော် သည် စက်တင်ဘာ ၂၀ ရက်ကတည်းက နေရပ်စွန့်ခွာ တိုက်ပွဲရှောင်နေကြရကြောင်း လည်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက သတင်းထုတ်ပြန်ခဲ့သည်။

 

Most Read

Most Recent