လိဂ်ဖလားပွဲတွင် ခွင့်ပြုချက်မရှိသည့်ကစားသမားတစ်ဦး အသုံးပြုခဲ့သဖြင့်လီဗာပူးလ်အသင်း စစ်ဆေးခံရနေပြီး အပြစ်ရှိပါက ထုတ်ပယ်ခံရဖွယ်ရှိ

လိဂ်ဖလားပွဲတွင် ခွင့်ပြုချက်မရှိသည့်ကစားသမားတစ်ဦး အသုံးပြုခဲ့သဖြင့်လီဗာပူးလ်အသင်း စစ်ဆေးခံရနေပြီး အပြစ်ရှိပါက ထုတ်ပယ်ခံရဖွယ်ရှိ
Photos: Getty Images
Photos: Getty Images
Published 29 September 2019

ဗြိတိန်အခြေစိုက် BBC သတင်းဌာန၏ဖော်ပြ ချက်အရ အင်္ဂလိပ်ဘောလုံးလိဂ်အဖွဲ့ (EFL) သည် ချီရီဗယ်လာ၏ နိုင်ငံတကာပွဲကစားခွင့် ပြုချက်အတွက် စစ်ဆေးနေခြင်းဖြစ်ပြီး လီဗာပူးလ်အသင်းကလည်း ယင်းသတင်းမှန်ကန်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။

 

လီဗာပူးလ်အသင်းသည် တတိယတန်း (League )ne) ကလပ် MK ဒွန်းစ်အသင်း နှင့်ကစားခဲ့သည့် လိဂ်ဖလားပွဲစဉ်တွင် ခွင့်ပြုချက်မရှိသည့် ကစားသမားတစ်ဦး ထည့်သွင်းအသုံးပြုခဲ့သောကြောင့် စုံစမ်းစစ်ဆေးခံနေ ရပြီး အပြစ်ကျူးလွန်ကြောင်း ဆုံးဖြတ်ခံရပါက ပြိုင်ပွဲမှထုတ်ပယ်သည်အထိ အရေးယူခံရဖွယ်ရှိကြောင်း သိရသည်။

လီဗာပူးလ်အသင်းသည် ယခုရာသီ လိဂ်ဖလားပြိုင်ပွဲတွင် တတိယအဆင့်မှ စတင်ယှဉ်ပြိုင်ခဲ့ရပြီး စက်တင်ဘာ ၂၅ ရက်က MK ဒွန်းစ်အသင်း၏ကွင်း၌ ယှဉ်ပြိုင်ကစားရာ မီလ်နာ (၄၁ မိနစ်)၊ ဟိုဗာ (၆၉ မိနစ်) တို့၏ သွင်းဂိုးများဖြင့် နှစ်ဂိုးပြတ် အနိုင်ရခဲ့သည်။ လီဗာပူးလ်အသင်းသည် ယင်းပွဲတွင် စီနီယာကစားသမားအဖြစ် မီလ်နာ၊ ချိန်ဘာလိန်၊ လယ်လာနာ၊ ဂျိုးဂိုးမက်ဇ်၊ လိုဗရန်နှင့် ဒဏ်ရာသက်သာလာသည့် ကီတာတို့ကိုသာ အသုံးပြုခဲ့ပြီး ဘရူးစတား (၁၉ နှစ်)၊ ကာတစ်ဂျုံးစ် (၁၈ နှစ်)၊ ဟိုဗာ (၁၇ နှစ်)၊ ကယ်လေဟာ(၂၀ နှစ်)   စသည့် လူငယ်ကစားသမားများကို ပွဲထွက် ကစားစေခဲ့သလို အသက် ၁၆ နှစ်သာရှိသေး သည့် ကွင်းလယ်လူ အဲလိယတ်မှာလည်း အသင်းသမိုင်းတစ်လျှောက် အသက်အငယ် ဆုံး ပွဲထွက်ခွင့်ရသူအဖြစ် စံချိန်သစ်တင်ခဲ့သည်။ 

ဒုတိယပိုင်းတွင်လည်း ချီရီဗယ်လာ (၂၂ နှစ်)၊ ဟာဘီကိန်း (၂၀ နှစ်)၊ ဗန်ဒန်ဘက် (၁၇ နှစ်) စသည့် လူငယ်များကိုသာ လူစားလဲအဖြစ် အသုံးပြုခဲ့ပြီး ၎င်းတို့အနက် စပိန်ကွင်းလယ်လူ ချီရီဗယ်လာမှာ စည်းမျဉ်းနှင့်ငြိစွန်း သဖြင့် စုံစမ်းစစ်ဆေးခံနေရခြင်းဖြစ်သည်။ ဗြိတိန်အခြေစိုက် BBC သတင်းဌာန၏ဖော်ပြ ချက်အရ အင်္ဂလိပ်ဘောလုံးလိဂ်အဖွဲ့ (EFL) သည် ချီရီဗယ်လာ၏ နိုင်ငံတကာပွဲကစားခွင့် ပြုချက်အတွက် စစ်ဆေးနေခြင်းဖြစ်ပြီး လီဗာပူးလ်အသင်းကလည်း ယင်းသတင်းမှန်ကန်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။

လီဗာပူးလ်အသင်းအနေဖြင့် ယင်းဖြစ်ရပ်အတွက် အပြစ်ကျူးလွန်ကြောင်း ဆုံးဖြတ်ခံရပါက ဒဏ်ကြေး (သို့မဟုတ်) ပြိုင်ပွဲမှထုတ်ပယ်သည်အထိ အရေးယူခံရနိုင်ကြောင်း မီဒီယာများက ခန့်မှန်းဖော်ပြလျက်ရှိသည်။ ဆန်းဒါးလန်းအသင်းမှာလည်း ၂၀၁၄ ခုနှစ်က အလားတူဖြစ်ရပ်ကြုံတွေ့ဖူးပြီး တောင်ကိုရီးယားကစားသမား ဂျီဒေါင်ဝန်ကို ပရီးမီးယားလိဂ်ပွဲစဉ်လေးပွဲနှင့် လိဂ်ဖလားတစ်ပွဲတွင် ထည့်သွင်းအသုံးပြုခဲ့သဖြင့် ဒဏ်ကြေးချမှတ် ခံခဲ့ရကြောင်း သိရသည်။ လီဗာပူးလ်အသင်းသည် လိဂ်ဖလား စတုတ္ထအဆင့်တွင် အာဆင်နယ်အသင်းနှင့်တွေ့ဆုံနေပြီး အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။

 

Most Read

Most Recent