အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီသည် အားနည်းနေသည့် ခံစစ်ပိုင်းကို ပြင်ဆင်နိုင်ရန် ယခုနွေရာသီတွင် ကြိုးပမ်းခဲ့ပြီး ချယ်လ်ဆီးအသင်း ၀ါရင့်နောက်ခံလူ ဒေးဗစ်လူးဝစ်ဇ်နှင့် ဆဲလ်တစ် အသင်း ဘယ်နောက်ခံလူ တီယာနေးတို့ကို အားဖြည့်ခေါ်ယူထားသည်။ တီယာနေးအနေဖြင့် ဒဏ်ရာပြဿနာကြောင့် ပရီးမီးယားလိဂ်ပွဲများတွင် ပါဝင်ကစားခွင့်မရသေးသော်လည်း ဒေးဗစ်လူးဝစ်ဇ်မှာမူ ရာသီအဖွင့် နယူးကာဆယ်နှင့်ပွဲမှလွဲ၍ ကျန်ငါးပွဲစလုံး ပွဲထွက်ခွင့်ရထားသည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ Big Six စာရင်းဝင် အာဆင်နယ်အသင်းသည် ယခုနှစ်အတွင်း ခံစစ်ပိုင်းအမှားကြောင့် ဂိုးအများဆုံးပေးထားရသည့် ကလပ်အသင်းများစာရင်းတွင် ထိပ်ဆုံးနေရာသို့ရောက်ရှိနေကြောင်း သိရသည်။

အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီသည် အားနည်းနေသည့် ခံစစ်ပိုင်းကို ပြင်ဆင်နိုင်ရန် ယခုနွေရာသီတွင် ကြိုးပမ်းခဲ့ပြီး ချယ်လ်ဆီးအသင်း ၀ါရင့်နောက်ခံလူ ဒေးဗစ်လူးဝစ်ဇ်နှင့် ဆဲလ်တစ် အသင်း ဘယ်နောက်ခံလူ တီယာနေးတို့ကို အားဖြည့်ခေါ်ယူထားသည်။ တီယာနေးအနေဖြင့် ဒဏ်ရာပြဿနာကြောင့် ပရီးမီးယားလိဂ်ပွဲများတွင် ပါဝင်ကစားခွင့်မရသေးသော်လည်း ဒေးဗစ်လူးဝစ်ဇ်မှာမူ ရာသီအဖွင့် နယူးကာဆယ်နှင့်ပွဲမှလွဲ၍ ကျန်ငါးပွဲစလုံး ပွဲထွက်ခွင့်ရထားသည်။

သို့သော် ၎င်းပွဲထွက် ကစားသည့် ငါးပွဲစလုံး ဂိုးပေးထားရသလို လေးပွဲဆက်တိုက် ပယ်နယ်တီ ပေးခဲ့ရပြီး နောက်ဆုံးသုံးပွဲတွင်လည်း နှစ်ဂိုးစီခွင့်ပြုထားရသည်။ သို့ဖြစ်ရာ အာဆင်နယ်အသင်း၏ ခံစစ်ပိုင်းမှာ Big Six စာရင်းဝင်အသင်းများအနက် စွမ်းဆောင်ရည်အညံ့ဆုံးအဖြစ် သတ်မှတ်ခံထားရပြီး ဝေဖန်မှုများစွာ ထွက်ပေါ်လျက်ရှိသည်။

ဗြိတိန်အခြေစိုက် Daily Mail သတင်းဌာန၏ ဖော်ပြမှုအရ ၂၀၁၉ ခုနှစ်အတွင်း ကိုယ်တိုင်အမှားကျူး လွန်မှုကြောင့် ဂိုးအများဆုံးခွင့်ပြုထားရသည့် ကလပ်များစာရင်းတွင် အာဆင်နယ်အသင်းက ရှစ်ဂိုးဖြင့် ထိပ်ဆုံးနေရာသို့ရောက်ရှိနေပြီး တန်းဆင်းသွားရပြီဖြစ်သည့် ဖူလ်ဟမ်အသင်းက ခုနစ်ဂိုး၊ နည်းပြ ဆိုးလ်ရှားနှင့်အတူ ရုန်းကန်နေရသည့် မန်ယူအသင်းက ခြောက်ဂိုး ခွင့်ပြုထားရသည်။ ထို့အပြင် ပယ် နယ်တီပေးခံရမှုအများဆုံးစာရင်း တွင်လည်း ဘရိုက်တန်၊ ဝုလ်ဗ်တို့နှင့် အတူ ငါးကြိမ်ဖြင့် ထိပ်ဆုံးနေရာ ရပ်တည်လျက်ရှိသည်။

ပြိုင်ဘက် အသင်း၏ ဂိုးကန်သွင်းခံရမှုအများဆုံးစာရင်းလည်း ထိပ်ဆုံးနေရာမှ ပဲလေ့စ် (၃၆၃ ကြိမ်) ပြီးလျှင် အာဆင်နယ်အသင်းက ၃၅၈ ကြိမ်ဖြင့် ဒုတိယနေရာ ရပ်တည်နေကြောင်း သိရသည်။ ယခုနှစ်အတွင်း ပေးဂိုး မရှိ Clean Sheets ပွဲအများဆုံး စာရင်းတွင်မူ မန်စီးတီးအသင်းက ၁၅ ပွဲဖြင့် ဦးဆောင်နေပြီး လီဗာပူးလ်က ၁၀ ပွဲ၊ ချယ်လ်ဆီးနှင့် မန်ယူက ခုနစ်ပွဲစီ၊ အာဆင်နယ်နှင့် စပါး ခြောက်ပွဲစီဖြင့် ထိပ်သီးအသင်းများ အနက် အနည်းဆုံးဖြစ်နေသည်။