ဘွန်ဒစ်လီဂါပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်
Published 21 September 2019

ဘိုင်ယန်မြူးနစ် နှင့် ကိုလုံး (စနေည ၈းဝ၀ နာရီ)

အဓိကပြိုင်ဘက်အသင်းတွေ ပွဲကျပ်တွေ့နေမှုကို ဘိုင်ယန်မြူးနစ်အသင်း ကောင်းကောင်းအသုံးချဖို့ရှိပါတယ်။ ဘိုင်ယန်ကိုပဲ ကြိုက်တယ်။

လေဗာကူဆင် နှင့် အူန်ယွန်းဘာလင် (စနေည ၈းဝ၀ နာရီ)

လေဗာကူဆင်က ကစားသမားအင်အားသာပေမယ့် အသင်းငယ်တွေကို အပြတ်မဖြတ်နိုင်တာ ပိုများပါတယ်။ အူန်ယွန်းဘာလင်ကို အရဲစွန့်ရွေးချယ်ချင်တယ်။

ဟာသာဘာလင် နှင့် ပါဒါဘွန်း (စနေည ၈းဝ၀ နာရီ)

ရှော်လ်ကေးအသင်းကို အိမ်ကွင်းမှာဂိုးပြတ်ရှုံးခဲ့တာက ပါဒါဘွန်းရဲ့အနေအထားကို လှစ်ဟပြလိုက်သလိုပါပဲ။ ဟာသာဘာလင် နိုင်ပွဲစယူလိမ့်မယ်။

ဖရိုင်းဘတ် နှင့် အော့စ်ဘတ် (စနေည ၈းဝ၀ နာရီ)

အော့စ်ဘတ်အသင်း တဖြည်းဖြည်းခြေတက်လာတာ တွေ့ရတယ်။ ဖရိုင်းဘတ်က ပိုကောင်းတဲ့အသင်းဖြစ်ပေမယ့် အော့စ်ဘတ် မမျှော်လင့်ဘဲ အမှတ်ရနိုင်တယ်။

၀ါဒါဘရီမင် နှင့် လိုက်ပ်ဇစ် (စနေည ၁၁းဝ၀ နာရီ)

ဘိုင်ယန်မြူးနစ်ကို သရေကစားလိုက်နိုင်တာက လိုက်ပ် ဇစ်အတွက် ယုံကြည်မှုပိုရှိသွားနိုင်တယ်။ ဒါပေမဲ့ ဘရီမင်ကွင်းမှာ အနိုင်မရဖူးသေးတဲ့ အစဉ်အလာကိုတော့ ထည့်တွက်ရမှာပါ။ ၀ါဒါဘရီမင်နဲ့စွန့်စားတာ ပိုကောင်းမယ်။

Most Read

Most Recent