ရုပ်သံစပွန်ဆာမရှိသည့်အတွက် လိဂ်ဖလားပြိုင်ပွဲအား လာမည့်ရာသီတွင် မကျင်းပရန် LFP အတည်ပြုထုတ်ပြန်

ရုပ်သံစပွန်ဆာမရှိသည့်အတွက် လိဂ်ဖလားပြိုင်ပွဲအား လာမည့်ရာသီတွင် မကျင်းပရန် LFP အတည်ပြုထုတ်ပြန်
Photo: Getty Images
Photo: Getty Images
Published 20 September 2019

ပြင်သစ်ဘောလုံးလိဂ်အဖွဲ့ (LFP) သည် ရုပ်သံထုတ်လွှင့်ခွင့်စပွန်ဆာမရှိသည့်အတွက် လိဂ်ဖလားပြိုင်ပွဲအား လာမည့်ရာသီတွင် မကျင်းပရန် ဆုံးဖြတ်ခဲ့ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။ 

ပြင်သစ်ဘောလုံးလိဂ်အဖွဲ့ (LFP) သည် ရုပ်သံထုတ်လွှင့်ခွင့်စပွန်ဆာမရှိသည့်အတွက် လိဂ်ဖလားပြိုင်ပွဲအား လာမည့်ရာသီတွင် မကျင်းပရန် ဆုံးဖြတ်ခဲ့ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။ 

    

LFP သည် လိဂ်ဖလားပြိုင်ပွဲအား ၁၉၉၄ ခုနှစ်မှ စတင်ကာ ထိပ်ဆုံးလိဂ်(၂)ခုမှ အသင်းများအပါအဝင် တတိယတန်းမှ အသင်းအချို့နှင့်အတူ ကျင်းပခဲ့ပြီး  ဗိုလ်စွဲသည့်အသင်းကို ယူရိုပါလိဂ်ဝင်ခွင့်တစ်နေရာပေးခဲ့သည်။ 



ယခုအခါ ယင်းပြိုင်ပွဲကို တစ်နှစ် ယူရို(၂၄)သန်းတန်စာချုပ်ဖြင့် မူပိုင်ထုတ်လွှင့်နေသည့် ပြင်သစ်ရုပ်သံလိုင်း Canal+ သည် ရာသီကုန်တွင် စပွန်ဆာသက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ထပ်မံသက်တမ်းတိုးခြင်းမရှိသည့်အတွက် LFP က ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

    

LFP က "၂၀၁၉-၂၀ ရာသီပြီးရင် လိဂ်ဖလားပြိုင်ပွဲကျင်းပခြင်းကိုရပ်ဆိုင်းထားဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ပါတယ်။ ဈေးကွက်အခြေအနေအပေါ်မူတည်ပြီး အနာဂတ်မှာ ပြန်လည်ကျင်းပသွားဖို့လည်း အစီအစဉ်ရှိပါတယ်"ဟု ထုတ်ပြန်ခဲ့သည်။ 

လိဂ်ဖလားပြိုင်ပွဲ မကျင်းပရန် ဆုံးဖြတ်ခဲ့ပြီးနောက် LFP သည် လာမည့်ရာသီ လိဂ်ပြိုင်ပွဲ၌ အဆင့်(၅)နေရာ ရပ်တည်နိုင်သည့်အသင်းကိုသာ ယူရိုပါလိဂ်ဝင်ခွင့် သတ်မှတ်ပေးသွားမည်ဖြစ်သည်။ 

ယခုရာသီတွင် (၂၆)ကြိမ်မြောက်ကျင်းပမည့် လိဂ်ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် အအောင်မြင်ဆုံးအသင်းမှာ PSG အသင်းဖြစ်ပြီး (၈)ကြိမ်ဗိုလ်စွဲထားကာ လက်ရှိချန်ပီယံ စထရာဘိုးအသင်းမှာ (၄)ကြိမ်၊ ဘော်ဒိုးနှင့် လိုင်လီ (၃)ကြိမ်စီ၊ မက်ဇ်၊ လန်းစ်၊ လာဗယ်တို့က (၂)ကြိမ်စီဖြင့် အစဉ်လိုက်ရပ်တည်နေသည်။ 

LFP က ယခုကဲ့သို့ ဆုံးဖြတ်ခဲ့သည့်အတွက် ဥရောပထိပ်တန်းလိဂ် (၅)ခုတွင် လိဂ်ဖလားပြိုင်ပွဲ ကျင်းပသည့်နိုင်ငံမှာ အင်္ဂလန်သာ ကျန်ရှိတော့သည်။

 

Most Read

Most Recent