ဘောလုံးသမိုင်းတစ်လျှောက် ငွေသုံးအများဆုံးနည်းပြအဖြစ် မော်ရင်ဟို ရပ်တည်

ဘောလုံးသမိုင်းတစ်လျှောက် ငွေသုံးအများဆုံးနည်းပြအဖြစ် မော်ရင်ဟို ရပ်တည်
Photo: Getty Images
Photo: Getty Images
Published 20 September 2019

ချယ်လ်ဆီး၊ ရီးယဲလ်မက်ဒရစ်၊ မန်ယူအစရှိသည့် ဥရောပထိပ်တန်းအသင်းများကို ကိုင်တွယ်ခဲ့သော နာမည်ကျော်နည်းပြ မော်ရင်ဟိုသည် ဘောလုံးသမိုင်းတစ်လျှောက် ငွေသုံးအများဆုံးနည်းပြအဖြစ် ဝါရင့်နည်းပြ အန်ဆယ်လော့တီကို ကျော်ဖြတ်ကာ ရပ်တည်နေကြောင်း Transfermarkt ၏ ဖော်ပြချက်အရ သိရှိရသည်။ 

အသက်(၅၆)နှစ်ရှိ ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုသည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက မန်ယူနည်းပြရာထူးမှထုတ်ပယ်မခံရမီ နည်းပြဘဝတွင် ကစားသမားခေါ်ယူမှု (၉၇)ကြိမ် ပြုလုပ်ခဲ့ပြီး ယူရို(၁.၆)ဘီလီယံ သုံးစွဲခဲ့သည်။ 

နာပိုလီအသင်းကို ကိုင်တွယ်နေသည့် အီတလီဝါရင့်နည်းပြ အန်ဆယ်လော့တီမှာမူ  မန်စီးတီးနည်းပြ ဂွါဒီယိုလာကဲ့သို့ပင် ကစားသမား ခေါ်ယူမှုအတွက် ယူရို(၁.၂)ဘီလီယံသုံးစွဲထားသည်။ 

သို့ရာတွင် အန်ဆယ်လော့တီသည် ကစားသမားခေါ်ယူမှု (၈၅)ကြိမ်အထိ ပြုလုပ်ခဲ့ပြီး ဂွါဒီယိုလာမှာ (၅၂)ကြိမ်သာ ပြုလုပ်ခဲ့သည်။ 

ငွေသုံးအများဆုံးနည်းပြ(၁၀)ဦးစာရင်းတွင် လက်ရှိဝက်စ်ဟမ်းနည်းပြ ပယ်လီဂရီနီ၊ ဂျူဗင်တပ်စ်နည်းပြဟောင်း အယ်လီဂရီ၊ အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါး၊ အီတလီဝါရင့်နည်းပြများဖြစ်သည့် မန်စီနီနှင့် ရာနီရေးရီ၊ လီဗာပူးလ်နည်းဟောင်း ဘင်နီတက်ဇ်နှင့် လက်ရှိအာဆင်နယ်နည်းပြ အူနိုင်းအမ်မရီတို့ ပါဝင်နေသည်။  ယင်းနည်းပြများအနက် အာစင်ဝင်းဂါးမှာ ကစားသမားခေါ်ယူမှု (၁၀၃)ကြိမ်ဖြင့် အများဆုံးပြုလုပ်ခဲ့သည်။ 

■ ဘောလုံးသမိုင်းတစ်လျှောက် ငွေသုံးအများဆုံးနည်းပြများ

နည်းပြ        ကစားသမားခေါ်ယူမှု    သုံးစွဲသည့်ငွေ(ယူရို)

မော်ရင်ဟို        ၉၇ ကြိမ်        ၁.၆ ဘီလီယံ

အန်ဆယ်လော့တီ    ၈၅ ကြိမ်        ၁.၂ ဘီလီယံ

ဂွါဒီယိုလာ        ၅၂ ကြိမ်        ၁.၂ ဘီလီယံ    

ပယ်လီဂရီနီ    ၈၂ ကြိမ်        ၁.၁ ဘီလီယံ

အယ်လီဂရီ    ၈၇ ကြိမ်        ၁ ဘီလီယံ

အာစင်ဝင်းဂါး    ၁၀၃ ကြိမ်        ၉၆၄ သန်း

မန်စီနီ        ၇၉ ကြိမ်        ၈၀၂ သန်း

ရာနီရေးရီ        ၉၅ ကြိမ်        ၈၀၁ သန်း

ဘင်နီတက်ဇ်    ၉၂ ကြိမ်        ၇၅၃ သန်း

အူနိုင်းအမ်မရီ    ၆၃ ကြိမ်        ၇၀၅ သန်း

Most Read

Most Recent