မိန့်ဇ် နှင့် ဟာသာဘာလင် (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၄ ရက် ည ၈းဝ၀ နာရီ)
ရာသီအဖွင့်မှာ ဘိုင်ယန်ကို သရေကစားခဲ့တာကလွဲလို့ ဟာဘာဘာလင်ရဲ့နောက်ဆုံး(၂)ပွဲခြေစွမ်းက အားရစရာမရှိပါ ဘူး။ မိန့်ဇ်အသင်း ရှုံးပွဲဆက်နေမှုကို ရပ်တန့်လိမ့်မယ်။
အော့စ်ဘတ် နှင့် ဖရန့်ဖတ် (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၄ ရက် ည ၈းဝ၀ နာရီ)
ဖရန့်ဖတ်အနေနဲ့ ဒီပွဲပြီးရင် အာဆင်နယ်၊ ဒေါ့မွန်တို့နဲ့ ပွဲကျပ်တွေ ဆက်တိုက်ကစားရဖို့ရှိလို့ အာရုံများနေနိုင်တယ်။ အော့စ်ဘတ်ကိုပဲ ရွေးချင်တယ်။
ကိုလုံး နှင့် မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၄ ရက် ည ၈းဝ၀ နာရီ)
နိုင်ပွဲစရထားတဲ့ ကိုလုံးအသင်း စိတ်ဓာတ်ရေးရာအရ ယုံ ကြည်မှုမြင့်လာနိုင်တာ ထည့်တွက်ရမှာပါ။ မိုချန်ဂလာဘတ် အနိုင်ရဖို့ မဖြစ်နိုင်လောက်ဘူး။
အူန်ယွန်းဘာလင် နှင့် ၀ါဒါဘရီမင်
ဒေါ့မွန်ကိုအနိုင်ယူခဲ့တဲ့ အူန်ယွန်းဘာလင်ရဲ့ခြေစွမ်းက အသိအမှတ်ပြုစရာပါ။ ၀ါဒါဘရီမင်ကလည်း တိုက်စစ်ပိုင်းဂိုးမြူးနေလို့ အဝေးကွင်းမှာ အမှတ်ရဖို့များတယ်။

ဒေါ့မွန် နှင့် လေဗာကူဆင်
တန်းတက်ကလပ်အသင်းနဲ့ပွဲမှာ ရပ်တန့်ခံလိုက်ရတဲ့ ဒေါ့ မွန်အသင်း အိမ်ကွင်းမှာတော့ အမှားအယွင်း ထပ်အဖြစ်ခံမယ် မထင်ပါဘူး။ ဘွန်ဒစ်လီဂါအိမ်ကွင်း နောက်ဆုံး(၂၅)ပွဲမှာ ပွဲ (၂၀)အထိ အနိုင်ရထားတဲ့ ဒေါ့မွန်ကိုပဲ ရွေးချင်တယ်။
လိုက်ပ်ဇစ် နှင့် ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၄ ရက် ည ၁၁းဝ၀ နာရီ)
လိုက်ပ်ဇစ်ကွင်း ဘွန်ဒစ်လီဂါပွဲတွေ့ဆုံမှုတွေမှာတော့ (၁)ပွဲစီနိုင်ပြီး (၁)ပွဲသရေကျခဲ့လို့ ရလဒ်ပိုင်းအရ မျှတပါတယ်။ ဒါ ပေမဲ့ ဘိုင်ယန်အနိုင်ရခဲ့တာက ပထမဆုံးပွဲဖြစ်ကာ အဲဒီပွဲမှာတောင် အ့ံအားသင့်ဖွယ် Come Backနဲ့ အနိုင်ယူခဲ့တာဖြစ်ပြီး နောက်ဆုံး(၂)နှစ်ဆက် နိုင်ပွဲပျောက်ထားပါတယ်။ လက်ရှိမှာ နှစ်သင်းစလုံးရဲ့တိုက်စစ်ပိုင်းက အကောင်းဆုံးပုံစံရနေပြီး နာမည် ကြီး တိုက်စစ်မှူးတွေဖြင်တဲ့ ဘိုင်ယန်က လီဝန်ဒေါစကီးနဲ့ လိုက်ပ်ဇစ်က ဗာနာတို့ရဲ့အားပြိုင်မှုကို တွေ့မြင့်ရဖို့ရှိပါတယ်။ ဘိုင်ယန် အသင်း ရလဒ်တွေကောင်းနေပေမယ့် ပွဲထွက်စာရင်းက အထိုင်မကျသေးတာကိုတော့ သတိပြုရမှာပါ။ လိုက်ပ်ဇစ်အသင်း အိမ် ကွင်းမှာ အမှတ်ရနိုင်ပါတယ်။















