ကုမ္ပဏီ ၁၈၄ ခုက ၎င်းတို့၏ဆန္ဒအလျောက် ဖျက်သိမ်းရန် တင်ပြသည့်အပေါ် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေနှင့်အညီ ဆန္ဒအလျောက်ဖျက်သိမ်းသည့် ကုမ္ပဏီ ၁၈၄ ခုစာရင်း DICA ထုတ်ပြန်

ကုမ္ပဏီ ၁၈၄ ခုက ၎င်းတို့၏ဆန္ဒအလျောက် ဖျက်သိမ်းရန် တင်ပြသည့်အပေါ် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေနှင့်အညီ ဆန္ဒအလျောက်ဖျက်သိမ်းသည့် ကုမ္ပဏီ ၁၈၄ ခုစာရင်း DICA ထုတ်ပြန်
Published 13 September 2019

ဆန္ဒအလျောက်ဖျက်သိမ်းခြင်း (voluntary Winding Up) ကို မြန်မာနိုင်ငံကုမ္ပ ဏီများအက်ဥပဒေပုဒ်မ ၂၀၃မှ ပုဒ်မ ၂၀၈ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီး ဖြစ်ကြောင်း တင်ပြလာသော ကုမ္ပဏီ ၁၈၄ ခုအား ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ကျင်းပပြုလုပ်သော ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန စီမံခန့်ခွဲ ရေးကော်မတီ(၁၈/၂၀၁၉)ကြိမ်မြောက်အ စည်းအဝေးမှ သဘောတူဆုံးဖြတ်ချက်အရ အမိန့်ကြော်ငြာစာအမှတ် ၈၂/၂၀၁၉ ထုတ် ပြန်သည့် စက်တင်ဘာ ၁ဝရက်မှစ၍ ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက် ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာန(DICA) က ထုတ်ပြန်လိုက်သည်။

“ဒီကုမ္ပဏီတွေက အမိန့်ကြော်ငြာစာမှာ ပါတဲ့အတိုင်း ဆန္ဒအလျောက်ဖျက်သိမ်း တာဖြစ်ပါတယ်။ကုမ္ပဏီတစ်ခုဖျက်သိမ်းဖို့ဆိုတာ တရားရုံးတွေဘာတွေသွား၊ အခွန် ကြွေးကျန်ရှိမရှိအကုန်စစ်၊ ပြီးတော့မှ DCIA ကို လာတင်ပြရတယ်။ DCIA ကနေ ဝန်ကြီးရုံးကိုတင်ပြပြီးမှ အစည်းအဝေးဆုံး ဖြတ်ချက်တွေရမှာသာ ကုမ္ပဏီကို ဖျက်သိမ်း ခွင့်ပြုခဲ့တာဖြစ်ပါတယ်”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကThe Daily Eleven သတင်းစာသို့ စက်တင်ဘာ ၁၃ရက်က ပြောကြားသည်။

အဆိုပါကုမ္ပဏီ ၁၈၄ ခုတွင် Compagnie Generale de Geophysique(Branch Office)၊ Te Kyi Co.,Ltd တည်ကြည်ကုမ္ပဏီလီမိတက်၊ ဂျားနီး(စ်)လီမိတက်၊ ဟပ်(ဘ်)ထရေးဒင်းကုမ္ပဏီလီမိတက်၊ တီ အင်(န်)ဒဗလျူဂရု(ပ်)ကုမ္ပဏီလီမိတက်၊ Bangkok Bank Public Co., Ltd၊Today Printing Co.,Ltd ၊ နိုဘယ်(လ်)ဖါနစ်ချာ ကုမ္ပဏီလီမိတက်၊ အေးရှဘစ်(စ်)နက်(စ်) စတားကုမ္ပဏီလီမိတက်၊ La Source Trading Ltd၊ အီတာနီတီထရေးဒင်းကုမ္ပဏီ လီမိတက်၊ ပီကေအမ်တက်(ခ်)နော်လော် ဂျီလီမိတက်၊ မြန်မာနိုဗိုစတီးကုမ္ပဏီလီမိ တက်၊ သိင်္ဂီအင်တာပရိုက်(စ်)လီမိတက်၊ရွှေ ယုန်မင်းကုမ္ပဏီလီမိတက်၊ ဂိုး(လ်)ဒင်းနဲ့ရေ့(စ်)ကုမ္ပဏီလီမိတက်၊ တောက်ပတိုးပွားသော အထည်ထုတ်လုပ်မှုကုမ္ပဏီလီမိတက် ၊ နွေဦးပန်းရောင်းဝယ်ရေးကုမ္ပဏီလီမိတက် ၊ မြန်မာသီဟရောင်းဝယ်ရေးကုမ္ပဏီလီမိတက်၊ မြန်မာသီဟဝန်ဆောင်မှုလုပ်ငန်းများ ကုမ္ပဏီလီမိတက်၊ ဝေမိသားစုဆောက်လုပ်ရေးကုမ္ပဏီလီမိတက်၊ စရဏရောင်းဝယ် ရေးကုမ္ပဏီလီမိတက်၊တံခွန်သစ်အခြေခံ စက်မှုကုမ္ပဏီလီမိတက်တို့ပါဝင်သည်။

ထို့ပြင်မြန်မာတက်(ခ်)မက်ဗင်ချာလီမိတက်၊အဓိကအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုကုမ္ပဏီလီမိက်၊ကမ္ဘာ့တင်းပုတ် လုပ်ငန်းများ ကုမ္ပဏီလီမိတက်၊ စရဏထုတ်လုပ်မှုကုမ္ပဏီလီမိတက်၊ ၀ါ၀ါခရီးသွားလုပ်ငန်း ကုမ္ပဏီလီမိတက်၊ ကုန်းမြင့်သာဆောက်လုပ်ရေးကုမ္ပဏီလီမိတက်၊ ဧရာဝတီရေလုပ်ငန်း တိုးတက်ဖွံ့ဖြိုးရေးလီမိတက်၊စွမ်းအားမြင့်ရောင်းဝယ်ရေးကုမ္ပဏီလီမိတက်၊ ပြည့် စံအိမ်ကုမ္ပဏီလီမိတက်၊ရိုးမကျော်ကုမ္ပဏီလီမိတက်၊ ရွှေဝတ်မှုန်အပြည်ပြည်ဆိုင်ရာ ရောင်းဝယ်ရေးကုမ္ပဏီလီမိတက်၊ မဟာစွမ်း အားကုမ္ပဏီလီမိတက်၊ထိပ်တန်းဆေးပစ္စ ည်းကုမ္ပဏီလီမိတက်စသည်တို့ဖြင့် ကုမ္ပဏီ ၁၈၄ ခု ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။

 

Most Read

Most Recent