၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် စုစုပေါင်းဘဏ်အပ်ငွေ ကျပ် ၄၂၄၄၉ ဘီလျံကျော်ရှိပြီး ၂၀၁၆ ခုနှစ် မတ်တွင် ကျပ် ၂၅၈၈၂ ဘီလျံကျော်ရှိခဲ့ရာ လက်ရှိအစိုးရသက်တမ်း ၃၃ လအတွင်း ဘဏ်အပ်ငွေပမာဏ ကျပ် ၁၆၅၆၇ ဘီလျံကျော်မြင့်တက်

၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် စုစုပေါင်းဘဏ်အပ်ငွေ ကျပ် ၄၂၄၄၉ ဘီလျံကျော်ရှိပြီး ၂၀၁၆ ခုနှစ် မတ်တွင် ကျပ် ၂၅၈၈၂ ဘီလျံကျော်ရှိခဲ့ရာ လက်ရှိအစိုးရသက်တမ်း ၃၃ လအတွင်း ဘဏ်အပ်ငွေပမာဏ ကျပ် ၁၆၅၆၇ ဘီလျံကျော်မြင့်တက်
Published 10 September 2019
စည်သူအောင်

၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် စုစုပေါင်း ဘဏ်အပ်ငွေပမာဏ (Total Deposits) ကျပ် ၄၂၄၄၉ ဘီလျံကျော်ရှိပြီး ၂၀၁၆ ခုနှစ် မတ်တွင် ကျပ် ၂၅၈၈၂ ဘီလျံကျော် ရှိခဲ့ရာ လက်ရှိအစိုးရသက်တမ်း နှစ်နှစ်ကိုးလ (၃၃ လအတွင်း) တွင် ဘဏ်အပ်ငွေပမာဏ ကျပ်  ၁၆၅၆၇ ဘီလျံကျော် မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်သည့် Quarterly Financial Statistics Bulletin (2018 Volume IV) အရ သိရသည်။

ဘဏ္ဍာနှစ်အလိုက် ဖော်ပြသော စုစုပေါင်း အပ်ငွေပမာဏများမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၇၀၁၀ ဘီလျံ၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၁၁၇၃၃ ဘီလျံ၊ ၂၀၁၃-၂၀၁၄  ဘဏ္ဍာနှစ်တွင် ကျပ် ၁၆၂၉၇ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၁၉၉၁၉ ဘီလျံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၂၅၈၈၂ ဘီလျံ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်တွင် ကျပ် ၃၂၁၁၄ ဘီလျံ၊ ၂၀၁၇ ခုနှစ် ဇွန် တွင် ကျပ် ၃၃၃၅၂ ဘီလျံ၊ ၂၀၁၇ ခုနှစ် ဒီဇင် ဘာတွင် ကျပ် ၃၇၃၄၇ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဇွန်တွင် ကျပ် ၄၀၄၀၂ ဘီလျံ၊ ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် ကျပ် ၄၁၆၄၃ ဘီလျံ၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၄၂၄၄၉ ဘီလျံရှိခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာ၌ နိုင်ငံပိုင်ဘဏ် နှင့် ပုဂ္ဂလိကဘဏ်များတွင် အပ်ငွေ ကျပ် ၄၂၄၄၉ ဘီလျံကျော်ရှိပြီး ယခင်သုံးလနှင့် နှိုင်းယှဉ်ပါက နိုင်ငံပိုင်ဘဏ်များတွင် အပ်ငွေရရှိမှု ကျပ် ၁၂၇ ဘီလျံ၊ ပုဂ္ဂလိကဘဏ်များ၌ အပ်ငွေရရှိမှု ကျပ် ၆၇၇ ဘီလျံမြင့်တက်ခဲ့သည်။

၂၀၁၇ ခုနှစ် မတ်မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာအထိ ပုဂ္ဂလိကဘဏ်များတွင် အပ်နှံထားသည့် အပ်ငွေပမာဏများမှာ ၂၀၁၇ ခုနှစ် မတ်တွင် ကျပ် ၂၃၃၂၄ ဒသမ ၃၈၆ ဘီ လျံ၊ ၂၀၁၇ ခုနှစ် ဇွန်တွင် ကျပ် ၂၄၈၁၇ ဒသမ ၅၆၉ ဘီလျံ၊ ၂၀၁၇ ခုနှစ် စက်တင်ဘာတွင် ကျပ် ၂၆၅၆၀ ဒသမ ၈၂၆ ဘီလျံ၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၂၇၃၆၀ ဒသမ ၈၆၉ ဘီလျံ၊ ၂၀၁၈ ခုနှစ် မတ်တွင် ကျပ် ၂၈၅၉၈  ဒသမ ၈၃၄ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဇွန်တွင် ကျပ် ၂၉၆၀၆ ဒသမ ၉၄၄ ဘီလျံ၊ ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် ကျပ် ၃၁၁၂၉ ဒသမ ၈၄၆ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၃၁၈၀၇ ဒသမ ၅၁၂ ဘီ လျံဖြစ်သည်။

၂၀၁၇ ခုနှစ် မတ်မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာအထိ နိုင်ငံပိုင်ဘဏ်များတွင် အပ်နှံထားသည့် အပ်ငွေပမာဏများမှာ ၂၀၁၇ ခုနှစ် မတ်တွင် ကျပ် ၉၉၇၉ ဒသမ ၃၄၅ဘီလျံ၊ ၂၀၁၇ ခုနှစ် ဇွန်တွင် ကျပ် ၁၀၄၅၁ ဒသမ ၄၂၆ ဘီလျံ၊ ၂၀၁၇ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၀၆၅၂ ဒသမ ၈၈၁ ဘီလျံ၊ ၂၀၁၇ ခု နှစ်  ဒီဇင်ဘာတွင် ကျပ် ၁၀၆၉၁ ဒသမ  ၈၁၄ ဘီလျံ၊ ၂၀၁၈ ခုနှစ် မတ်တွင် ကျပ် ၁၁၄၃၆ ဒသမ ၄၉၅ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဇွန်တွင် ကျပ် ၁၀၀၄၀ ဒသမ ၈၀၇ ဘီလျံ၊ ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၀၅၁၃ ဒသမ ၉၀၁ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၁၀၆၄၁ ဒသမ ၇၀၂ ဘီလျံ တို့ဖြစ်သည်။

၂၀၁၈ ခုနှစ် မတ်နှင့် ၂၀၁၈ ခုနှစ် ဒီဇင် ဘာတွင်ရှိသော အပ်ငွေစုစုပေါင်းကို နှိုင်းယှဉ်ပါက နိုင်ငံပိုင်ဘဏ်များတွင် အပ်ငွေ ကျပ် ၇၉၄ ဒသမ ၇၉၃ ဘီလျံ လျော့ကျခဲ့ပြီး ပုဂ္ဂလိကဘဏ်များတွင် ကျပ် ၃၂၀၈ဒသမ ၆၇၈ ဘီလျံ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံပိုင် ဘဏ်လေးဘဏ်၊ ပုဂ္ဂလိကဘဏ် ၂၇ ဘဏ်၊ နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်၊ နိုင်ငံခြားဘဏ်ကိုယ်စားလှယ်ရုံး ၄၅ ခု ဖွင့်လှစ်ထားသည်။ မြန်မာနိုင်ငံတစ်ဝန်းတွင် ပုဂ္ဂလိကဘဏ်ခွဲပေါင်း  ၁၈၀၀ ကျော် ဖွင့်လှစ်ပြီးဖြစ်သည်။

ဘဏ်စနစ်တစ်ခုလုံး လုံခြုံခိုင်မာမှုရှိစေရန် ဘဏ်များက နိုင်ငံတော်ဗဟိုဘဏ်၏ ဘဏ် လုပ်ငန်းကြီးကြပ်စစ်ဆေးရေးဌာနသို့ အစီရင်ခံစာများ ပေးပို့ရကြောင်း သိရသည်။ နေ့စဉ် ပေးပို့ရသည့် အစီရင်ခံစာများမှာ မတည်ရင်းနှီးငွေ၊ အပ်ငွေ၊ ချေးငွေ၊ ငွေလွှဲဆောင်ရွက်မှု၊ ဝင်ငွေနှင့် အသုံးစရိတ်၊ အစိုး ရငွေချေးသက် သေခံလက်မှတ်များပိုင်ဆိုင်မှု၊ ငွေဝင်/ငွေ ထွက်စာရင်း၊ အစမ်းရှင်းတမ်း အခြေအနေနှင့် နေ့စဉ် ထိန်းသိမ်းရမည့် နိုင်ငံခြားငွေကြေး အခြေအနေတို့ဖြစ်သည်။ အပတ်စဉ်ပေးပို့ရမည့်အစီရင်ခံစာမှာ ငွေကြေးလွယ်ကူမှုအချိုး ဖြစ်သည်။ လစဉ်ပေးပို့ရမည့်အစီရင်ခံစာများမှာ ဝင်ငွေနှင့် အသုံးစရိတ်အခြေအနေ၊ လက် ကျန်ရှင်းတမ်း၊ မတည်ငွေရင်း လုံလောက်မှု အချိုးနှင့် ရရန်ပိုင်ခွင့်အမျိုးအစားခွဲခြားခြင်း နှင့် လျာထားခြင်းစာရင်း၊ သုံးလတစ်ကြိမ် ပေးပို့ ရမည့် အစီရင်ခံစာများမှာ ပမာဏကြီးမားသော ကြွေးမြီများစာရင်း၊ ကဏ္ဍအလိုက်ထုတ် ချေးထားသောငွေစာရင်းနှင့် အာမခံအမျိုး အစားအလိုက် ချေးငွေစာရင်း၊ နှစ်စဉ်ပေးပို့ရ သော အစီရင်ခံစာများမှာ ဘဏ်၏ နှစ်ချုပ်အစီ ရင်ခံစာနှင့် ပြင်ပစာရင်းစစ် အစီရင်ခံစာတို့ ဖြစ်သည်။                       

 

Most Read

Most Recent