
ကမ္ဘာ့ရွှေစျေး ၁၄၉၂ ဒေါ်လာဝန်းကျင်အထိပြန်ကျပြီး ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၂၁၃၀၀၀ ဝန်းကျင်အထိ ပြန်ကျခဲ့ကာ ငါးရက်အတွင်း ကျပ် ၁၀၀၀၀၀ ကျော် ကျဆင်းခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။
၂၀၁၆ ခုနှစ်မှစ၍၂၀၁၉ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ၁၃၁၅၀၀၀ ဖြစ်သည်။
ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်း ကို ကျော်လွန်လာခဲ့ပြီး လက်ရှိအချိန်တွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ ခြင်းဖြစ်သည်။
ပြည်တွင်းရွှေစျေးနှုန်းသည် ၂၀၁၉ ခု နှစ် ဇန်နဝါရီ ၃ ရက်တွင် ၂၀၁၈ ခုနှစ် စက် တင်ဘာ ၂၀ ရက်၌ဖြစ်ပေါ်ခဲ့သော ကျပ် ၁၀၄၇၇၀၀ စံချိန်ကို ကျပ် ၁၀၄၈၅၀၀ ဖြင့် ကျော်ဖြတ်ခဲ့ပြီး စံချိန်သစ်များ ဆက်တိုက် တင်ခဲ့ကာ ဇန်နဝါရီ ၃၁ ရက်တွင် ကျပ် ၁၀၆၃၀၀၀ အထိ ဖြစ်ပေါ်ခဲ့သည်။ ထို့နောက် ရွှေစျေးများ ဆက်လက်မြင့်တက်ခဲ့ရာ ဖေ ဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀ အ ထိ၊ ၂၀၁၉ ခုနှစ် ဇွန် ၂၀ ရက်တွင် ကျပ် ၁၁၀၁၀၀၀ အထိ၊ ဇူလိုင် ၁၁ ရက်တွင် ကျပ် ၁၁၃၆၀၀၀ အထိ၊ ဇူလိုင် ၂၅ ရက်တွင် ကျပ် ၁၁၅၀၀၀၀ အထိမြင့်တက်ခဲ့သည်။ သြဂုတ် လအတွင်း တွင်လည်း စံချိန်သစ်များ ဆက်တိုက်ဖြစ်ပေါ် ခဲ့ပြီး သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ သြဂုတ် ၂၆ ရက်တွင် ကျပ် ၁၂၄၉၀၀၀၊ သြ ဂုတ် ၂၉ ရက်တွင် ကျပ် ၁၂၆၃၀၀၀၊ စက်တင် ဘာ ၄ ရက်တွင် ကျပ် ၁၂၈၂၀၀၀၊ စက်တင် ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀ အထိ စံချိန် သစ်များတင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ခြောက်လအတွင်း လအ လိုက် အနိမ့်ဆုံးနှင့် အမြင့်ဆုံးရွှေစျေးနှုန်းများ မှာ မတ်တွင် ကျပ် ၁၀၄၂၅၀၀-၁၀၇၂၀၀၀၊ ဧပြီတွင် ကျပ် ၁၀၃၆၀၀၀-၁၀၅၅၀၀၀၊ မေ တွင် ကျပ် ၁၀၃၆၀၀၀ -၁၀၅၉၀၀၀၊ ဇွန်တွင် ကျပ် ၁၀၅၆၀၀၀ -၁၁၃၀၀၀၀၊ ဇူလိုင်တွင် ကျပ် ၁၀၉၇၀၀၀ -၁၁၅၀၀၀၀၊ သြဂုတ်တွင် ကျပ် ၁၁၄၁၅၀၀-၁၂၆၃၀၀၀ တို့ဖြစ်သည်။
ကမ္ဘာ့ရွှေစျေးနှုန်းကို ပြန်ကြည့်ပါက ၂၀၁၇ ခုနှစ် ဧပြီလမှစ၍ အတက်အဆင်း ကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၃၀ ခန့်မှ ဒေါ်လာ ၇၀ ခန့်ကွာခြားခဲ့သည်။ လအလိုက် ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့်အမြင့်ဆုံးကမ္ဘာ့ ရွှေစျေးနှုန်းများမှာ ဇန်နဝါရီတွင် ၁၂၇၈-၁၃၂၅ ဒေါ်လာ၊ မေတွင် ၁၂၇၀-၁၃၀၆ ဒေါ်လာ၊ ဇွန်တွင် ၁၃၀၅-၁၄၂၃ ဒေါ် လာ၊ ဇူလိုင်တွင် ၁၃၈၂-၁၄၄၅ ဒေါ်လာ၊ သြဂုတ်တွင် ၁၄၅၀-၁၅၄၂ ဒေါ်လာ ဖြစ်ပေါ်ခဲ့သည်။