Nike နှင့်ချုပ်ဆိုထားသည့်စာချုပ်အရ စီရော်နယ်လ်ဒို ယူရို (၁၆၂)သန်းရရှိမည်ဟု Der Spiegel မဂ္ဂဇင်းဖော်ပြ

Nike နှင့်ချုပ်ဆိုထားသည့်စာချုပ်အရ စီရော်နယ်လ်ဒို ယူရို (၁၆၂)သန်းရရှိမည်ဟု Der Spiegel မဂ္ဂဇင်းဖော်ပြ
Photos: AFP / JuventusFC Twitter
Photos: AFP / JuventusFC Twitter
Published 7 September 2019

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် အမေရိကန်နာမည်ကျော်အားကစားအသုံးအဆောင်ပစ္စည်းထုတ်လုပ်သည့် Nike ကုမ္ပဏီနှင့်ချုပ်ဆိုထားသောစာချုပ်အရ စပွန်ဆာကြေးယူရို (၁၆၂)သန်းရရှိမည်ဟု  ဂျာမန်အခြေစိုက် Der Spiegel မဂ္ဂဇင်းက ဖော်ပြခဲ့သည်။ Der Spiegel မဂ္ဂဇင်းသည် ဘောလုံးလောက၏လျှို့ဝှက်အချက်အလက်များကိုဖော်ထုတ်နေသော Football Leaks ဝက်ဘ်ဆိုက်မှ နောက်ဆုံးရရှိသည့် အချက်အလက်တစ်ခုကိုဖော်ပြခဲ့ခြင်းလည်းဖြစ်သည်။ 

အသက်(၃၄)နှစ်ရှိ ပေါ်တူဂီတိုက်စစ်မှူး  စီရော်နယ်လ်ဒိုသည် မန်ယူအသင်းတွင်ပါဝင်ကစားခဲ့သည့် ၂၀၀၄ ခုနှစ်ကတည်းက Nike ကုမ္ပဏီနှင့်လက်တွဲခဲ့သူဖြစ်ပြီး ယင်းအချိန်က အခြေခံစပွန်ဆာကြေးအဖြစ် ယူရို (၃.၆၅)သန်းရရှိခဲ့သည်။ စီရော်နယ်လ်ဒိုသည်   Nike ကုမ္ပဏီနှင့် လက်ရှိစာချုပ်မှာ ၂၀၂၆ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး အခြေခံစပွန်ဆာကြေးယူရို (၁၆၂)သန်းအပြင် တစ်ဦးချင်းဆုတံဆိပ်ရယူနိုင်ပါက ဆုကြေးအဖြစ် ယူရို (၄)သန်း ထပ်မံရရှိဦးမည်ဖြစ်ကြောင်း သိရသည်။

Spiegel မဂ္ဂဇင်းက '' စီရော်နယ်လ်ဒိုအနေဖြင့် စပွန်ဆာစာချုပ်သက်တမ်းအတွင်း ဥရောပထိပ်တန်းအဆင့်အသင်းတစ်သင်းတွင် ကစားနေသမျှကာလပတ်လုံး တစ်နှစ် ယူရို(၁၆.၂)သန်း ရရှိမည်'' ဟု ဖော်ပြခဲ့သည်။ ယင်းသို့အချက်အလက်များပေါက်ကြားခဲ့ခြင်းအတွက် မေးမြန်းမှုကို  Nike ကုမ္ပဏီက '' မိမိတို့အနေဖြင့် ကစားသမားများ၏စာချုပ်ပါအချက်အလက်များနှင့်ပတ်သက်ပြီး မည်သည့်မှတ်ချက်မျှ ပေးမည်မဟုတ်'' ဟု တုံ့ပြန်ခဲ့သည်။

ဂျာမနီကစားသမားများအနက် စပွန်ဆာမှဝင်ငွေအများဆုံးရရှိသူမှာ အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်ဖြစ်ပြီး Adidas ကုမ္ပဏီနှင့်ချုပ်ဆိုထားသည့် စာချုပ်အရ တစ်နှစ်ယူရို (၁.၂)သန်းရရှိနေကြောင်း Der Spiegel မဂ္ဂဇင်းက ဖော်ပြခဲ့သည်။ သို့ရာတွင် အိုဇေးလ်အနေဖြင့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးနောက် လက်ရွေးစင်အသင်းမှ အနားယူခဲ့ရာ Adidas ကုမ္ပဏီနှင့်ချုပ်ဆိုထားသည့်စာချုပ်မှ စပွန်ဆာကြေး ယူရို (၈)သိန်းလျှော့ချခံခဲ့ရကြောင်း သိရသည်။ 

Most Read

Most Recent