ကမ္ဘာ့တန်ဖိုးအကြီးဆုံးလူစာရင်းကို ပိုင်ဆိုင်ထားသည့် အသင်း(၂၀) စာရင်း၌ မန်စီးတီးထိပ်ဆုံးတွင်ရှိနေပြီး ပေါင်(၁.၁၄)ဘီလီယံရှိနေ

ကမ္ဘာ့တန်ဖိုးအကြီးဆုံးလူစာရင်းကို ပိုင်ဆိုင်ထားသည့် အသင်း(၂၀) စာရင်း၌ မန်စီးတီးထိပ်ဆုံးတွင်ရှိနေပြီး ပေါင်(၁.၁၄)ဘီလီယံရှိနေ
Photo: Premier League
Photo: Premier League
Published 6 September 2019

Transfermarkt ၏ တန်ဖိုးသတ်မှတ်ချက်များအရ ကမ္ဘာ့တန်ဖိုးအကြီးဆုံးလူစာရင်းကို ပိုင်ဆိုင်ထားသည့် အသင်း (၂၀)စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ  မန်စီးတီးအသင်းက ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရှိရသည်။

မန်စီးတီးအသင်းတွင် အင်္ဂလန်တောင်ပံကစားသမား စတာလင်က စျေးကွက်ပေါက်စျေး ပေါင် (၁၂၆)သန်းဖြင့် အများဆုံးဖြစ်ပြီး ဒီဘရိုင်းနားက ပေါင် (၁၁၇)သန်းဖြင့် ဒုတိယအများဆုံးနေရာတွင်ရှိနေသည်။ 

ထို့ပြင် စျေးကွက်ပေါက်စျေးအမြင့်ဆုံး ကစားသမား (၁ဝဝ)ဦးထဲတွင် မန်စီးတီးအသင်းတစ်သင်းလုံးမှ ကစားသမားများပါဝင်နေပြီး၊ တစ်သင်းလုံးစုစု ပေါင်းတန်ဖိုးတွင်မူ ပေါင် (၁.၁၄)ဘီလီယံဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေခြင်းဖြစ်သည်။

    

ဒုတိယနေရာတွင်မူ ရီးယဲလ်မက်ဒရစ်အသင်းက ရပ်တည်လျက်ရှိပြီး၊ လက်ရှိ စျေးကွက်ပေါက်စျေး (ပြောင်းရွှေ့ကြေးမဟုတ်) ပေါင် (၁၃၅)သန်းရှိနေသည့် အေဒင်ဟာဇက်အပါအဝင် တစ်သင်းလုံးတန်ဖိုး စုစုပေါင်းမှာ ပေါင် (၁.ဝရ)ဘီလီယံ ရှိနေသည်။ 

တစ်သင်းလုံးတန်ဖိုး ပေါင် (၁)ဘီလီယံသို့ ပထမဆုံးရောက်ရှိခဲ့သည့် ဘာစီလိုနာအသင်းမှာမူ ယခုအချိန်တွင်လည်း ပေါင် (၁.ဝ၃)ဘီလီယံဖြင့် တတိယနေရာတွင်ရှိနေပြီး မက်ဆီ၏ စျေးကွက်ပေါက်စျေး ပေါင် (၁၃၅)သန်းအထိ ထိုးဆင်းသွားခြင်းက ယခုကဲ့သို့တတိယနေရာရောက်ရှိစေခဲ့ခြင်းလည်းဖြစ်သည်။

    

ထိပ်ဆုံး(၁၀)သင်းစာရင်းတွင်  မန်စီးတီးပြီးနောက် ရီးယဲလ်၊ ဘာစီလိုနာ၊ လီဗာပူးလ်၊ PSG၊ စပါး၊ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်စ်၊ အက်သလက်တီကိုနှင့် ချယ်လ်ဆီးတို့က အစဉ်လိုက် ရပ်တည်နေသည်။

 

Most Read

Most Recent