ရာထူးမှနုတ်ထွက်မည့်သတင်းများအတွက်လူမှုကွန်ရက်များကို ပိုချက်တီနို ဝေဖန်ပြစ်တင်ပြီးလောင်းကြေးထပ်နိုင်ကြောင်း တုံ့ပြန်

ရာထူးမှနုတ်ထွက်မည့်သတင်းများအတွက်လူမှုကွန်ရက်များကို ပိုချက်တီနို ဝေဖန်ပြစ်တင်ပြီးလောင်းကြေးထပ်နိုင်ကြောင်း တုံ့ပြန်
Photos: Getty Images
Photos: Getty Images
Published 1 September 2019

စပါးအသင်းအနေဖြင့် အဖွင့် ပွဲတွင် တန်းတက် ဗီလာအသင်းအား နောက်မှလိုက်ကစားပြီးမှ အနိုင်ရခဲ့သလို ပွဲစဉ် (၂) တွင် မန်စီးတီးနှင့် သရေကျကာ ပွဲစဉ် (၃) တွင်လည်း နယူးကာဆယ်အသင်းကို အိမ်ကွင်း ၌ ရှုံးနိမ့်ခဲ့သည်။ 

 

စပါးအသင်းနည်းပြ ပိုချက်တီနိုသည် ရာသီအစတွင် ရုန်းကန်နေရသဖြင့် ရာထူးမှ နုတ်ထွက်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်နေခြင်းအတွက် လူမှုကွန်ရက်မှ ကောလာဟလသတင်းများကို ဝေဖန်ပြစ်တင်ခဲ့ပြီး မိမိအနာဂတ်အတွက် လောင်းကြေးထပ်နိုင်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

စပါးအသင်းသည် ယခုနွေရာသီတွင် ကွင်းလယ်လူ အန်ဒွန်ဘီလီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့သလို နောက်ဆုံးရက်တွင်လည်း ဆယ်လ်ဆိုနှင့် ဆီဆက်နွန်တို့ကို ခေါ်ယူနိုင်ခဲ့သည်။ သို့သော် စပါးအသင်းအနေဖြင့် အဖွင့် ပွဲတွင် တန်းတက် ဗီလာအသင်းအား နောက်မှလိုက်ကစားပြီးမှ အနိုင်ရခဲ့သလို ပွဲစဉ် (၂) တွင် မန်စီးတီးနှင့် သရေကျကာ ပွဲစဉ် (၃) တွင်လည်း နယူးကာဆယ်အသင်းကို အိမ်ကွင်း ၌ ရှုံးနိမ့်ခဲ့သည်။ 

သို့ဖြစ်ရာ ၎င်းအနေ ဖြင့် ရာထူးမှနုတ်ထွက်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိရာ ပိုချက်တီနိုက "လူမှုကွန်ရက်တွေက အဓိပ္ပာယ်မရှိတဲ့အကြောင်းအရာတွေကိုပဲ ဖန်တီးနိုင်ပါတယ်။ တနင်္ဂနွေပွဲ (လန်ဒန် ဒါဘီပြိုင်ဘက် အာဆင်နယ်နှင့်) ပြီးရင်လည်း ကျွန်တော်ထွက်သွားမှာမဟုတ်ပါဘူး။ တနင်္လာ၊ အင်္ဂါပြီးတော့ နောက်ထပ်ရက်တွေကြာတဲ့အထိ အလုပ်တွေ ဆက်လုပ်သွားဦးမှာပါ။ ခင်ဗျားရော လောင်းဦးမလား။ အခုတော့ လောင်းကြေးပိတ်သွားပြီ။ ခင်ဗျားလည်းရှုံးလိမ့်မယ်။ နွေရာသီတုန်းက ကျွန်တော်တို့ ဘယ်လောက်ကြိုးစားခဲ့တယ်၊ အသင်းကိုပြန်တည်ဆောက်ဖို့ ဘယ်လောက်အားထုတ်ခဲ့ရလဲဆိုတာ ခင်ဗျားသိပါတယ်။ ဒါပေမဲ့ အဲဒီအဓိပ္ပာယ်မရှိတဲ့ ကောလာဟလ သတင်းတွေက လူမှုကွန်ရက်တွေကနေပဲ ထွက်လာတာပါ" ဟု တုံ့ပြန်ပြောကြားခဲ့သည်။

 

Most Read

Most Recent