မိမိလက်ထက် ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲအတွက် လမ်းပတ် ကျေနပ်

မိမိလက်ထက် ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲအတွက် လမ်းပတ် ကျေနပ်
Photo: Getty Images
Photo: Getty Images
Published 25 August 2019

ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က မိမိလက်ထက်တွင် ချယ်လ်ဆီးအသင်း၏ ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲအတွက် ကျေနပ်ကြောင်း ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က မိမိလက်ထက်တွင် ချယ်လ်ဆီးအသင်း၏ ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲအတွက် ကျေနပ်ကြောင်း ပြောကြားခဲ့သည်။

ယခုရာသီတွင် ချယ်လ်ဆီးအသင်းကို စတင်ကိုင်တွယ်ခဲ့သည့် လမ်းပတ်သည် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် (၂) ပွဲတွင် နိုင်ပွဲမရခဲ့ဘဲ ပွဲစဉ် (၃) တွင်မှ နောဝစ်ချ်အသင်းကို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ 

လမ်းပတ်က ချယ်လ်ဆီးအသင်းအနေဖြင့် နိုင်ပွဲများလိုအပ်နေပြီး ယခုနိုင်ပွဲအတွက် ကျေနပ်ကြောင်း နောဝစ်ချ်နှင့်ပွဲအပြီးတွင် BT Sport သို့ ပြောကြားခဲ့သည်။

လမ်းပတ်က "နောဝစ်ချ်နဲ့ကစားရတာ ခက်ပါတယ်။ ဘာလို့လဲဆိုတော့ နောဝစ်ချ်က အိမ်ကွင်းမှာ တကယ်ကောင်းပြီး အမှတ်တွေ အများကြီးရယူနိုင်တဲ့ အသင်းဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ (၂) ဂိုးပေးလိုက်ရတာကိုတော့ သဘောမကျပါဘူး။ ဒါပေမဲ့ ကျွန်တော် ကစားတာပိုကောင်းလာလို့ ကျေနပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အဆုံးသတ်ပိုင်းမှာတော့ အခုထက်ပိုပြီး တိုးတက်ဖို့ လိုနေပါသေးတယ်။ ပထမဆုံးနိုင်ပွဲအတွက် ကျွန်တော် ကျေနပ်ပါတယ်။ ကျွန်တော်တို့က ချယ်လ်ဆီးဖြစ်ပြီး နိုင်ပွဲရဖို့ လိုအပ်ပါတယ်။ အရင်ပွဲတွေမှာ ကျွန်တော်တို့ ခြေစွမ်းမဆိုးခဲ့ပေမယ့် ထိုက်တန်တဲ့ ရလဒ်ကို မရယူနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီနေ့ပွဲမှာတော့ ကျွန်တော်တို့ ခြေစွမ်းနဲ့ ထိုက်တန်တဲ့ ရလဒ်ကို ရယူနိုင်ခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။

ထို့ပြင် လမ်းပတ်က အဝေးကွင်းတွင် နောဝစ်ချ်အသင်းအား (၃-၂) ဂိုးဖြင့် အနိုင်ရသည့်ပွဲ၌ (၂) ဂိုးသွင်းယူပေးခဲ့သည့် လူငယ်တိုက်စစ်မှူး အေဘရာဟမ်ကိုလည်း ချီးကျူးစကားဆိုခဲ့သည်။

Most Read

Most Recent