နေပြည်တော်ရိှ Wisdom Hill ကျောင်းတွင် တက်ရောက်နေသည့် အသက် ၂ နှစ်နှင့် ၁၁ လ အရွယ်သာ ရှိသေးသည့် မိန်းကလေးငယ်အား လိင်အကြမ်းဖက်ခံရသည်ဟု စွပ်စွဲဖမ်းဆီးခံထားရသည့် အောင်ကြီးဆိုသူ၏ ဖခင်နှင့် ဆက်သွယ်မေးမြန်းခြင်း

နေပြည်တော်ရိှ Wisdom Hill ကျောင်းတွင် တက်ရောက်နေသည့် အသက် ၂ နှစ်နှင့် ၁၁ လ အရွယ်သာ ရှိသေးသည့် မိန်းကလေးငယ်အား လိင်အကြမ်းဖက်ခံရသည်ဟု စွပ်စွဲဖမ်းဆီးခံထားရသည့် အောင်ကြီးဆိုသူ၏ ဖခင်နှင့် ဆက်သွယ်မေးမြန်းခြင်း
Published 5 July 2019
■ ဇေယျာထွန်း ၊ အောင်မင်းသိန်း

လူအများစိတ်ဝင်စားနေသည့် နေပြည်တော်ရှိ Wisdom Hill ကျောင်းတွင် တက်ရောက်နေသည့် အသက် နှစ်နှစ်နှင့် ၁၁ လအရွယ်သာရှိသေးသည့် မိန်းကလေးငယ်တစ်ဦးမှာ လိင်အကြမ်းဖက်ခံခဲ့ရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အဆိုပါကျောင်းမှ ကြီးကြပ်သူ ဒေါ်ဥမ္မာလှိုင်၏ ယာဉ်မောင်းဖြစ်သူ အောင်ကျော်မျိုး (ခ) အောင်ကြီးဆိုသူအား ဒက္ခိဏခရိုင်တရားရုံးတွင် ဇူလိုင် ၄ ရက်က တရားစွဲဆိုခဲ့သည်။

အဆိုပါ တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး အများပြည်သူများအကြားတွင် ဝေဖန်မှုများ ရုတ်ခြည်းမြင့် တက်လာခဲ့သည်ကို တွေ့ရသည်။

ယင်းကြောင့် တရားခံဟုယူဆရသူအဖြစ် ဖမ်းဆီးတရားစွဲဆိုခြင်းခံထားရသည့် အောင်ကြီး (ခ) အောင်ကျော်မျိုး၏ ဖခင်ဦးမြသိန်းအား The Daily Eleven သတင်းစာက ဇူလိုင် ၄ ရက် ည ၁၁ နာရီခန့်တွင် ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ဆက်သွယ်မေးမြန်းချက်များနှင့် ပတ်သက်ပြီး စာဖတ်သူများ သိရှိနိုင်ရန် ဖော်ပြအပ်ပါသည်။

■ မေး ။`။ အန်ကယ့်သားကို စွပ်စွဲထားတဲ့ ကိစ္စနှင့်ပတ်သက်ပြီး သိချင်လို့ပါ။

ဖြေ။ ။ အဖြစ်မှန်ကတော့ တစ်ကနေ စပြောမှရမှာပေါ့။ အဲဒီနေ့ကျွန်တော့် သားအောင်ကြီးက ၁၅ ရက်နေ့ညမှာ ဆရာမ ဒေါ်ဥမ္မာအိမ်ကို သွားပြီးတော့ကားမောင်းဖို့သွားပြောတယ်လေ။ ၁၅ ရက်နေ့ည ၅ လပိုင်း ၁၅ ရက်နေ့ပေါ့။ အဲ့ဒါနဲ့ သွားပြောတော့ အေးဟုတ်ပြီ မနက်ကျရင်စောင့်နေဆိုပြီး ပြောလိုက်တယ်။ သွားတာက ကျွန်တော်မပါဘူး။ သူတို့ညီအကို နှစ်ယောက်ပေါ့။ ကျွန်တော့်တူလေးကလည်း အဲဒီ Wisdom Hill မှာ ကျောင်းကြိုပို့ကားမောင်းနေတယ်။ အဲဒီအဆက်အသွယ်နဲ့ ဆရာမကားယာဉ် မောင်းလိုတယ်တဲ့။ အကိုကြီး မောင်းမလား။ ကျွန်တော့်ကိုပြောတော့ အဘတဲ့ အကိုကြီး မောင်းမလား။ အေးပေါ့ဘယ်လောက်ရမလဲလို့ ၁၃၀၀၀၀ ပေးမယ်တဲ့။ မနက်ကားလေးပေါ့။ အရမ်းလည်းမများဘူးတဲ့။ အေးအဲ့ဒါဆိုကောင်းတာပေါ့။ သူလည်းနားနားနေနေ ပေါ့ပေါ့ပါးပါးလေး မောင်းရတာပေါ့။ အဲဒါနဲ့ သူ့ကိုလုပ်မလားဆိုတော့ လုပ်မယ်လေတဲ့။ အဲဒါနဲ့ သူတို့ညီအကိုနှစ်ယောက်သွားတယ်၊ ဆရာမ ဒေါ်ဥမ္မာဆီ သွားပြီးတော့ သွားပြောတာပေါ့။ အလုပ်လုပ်ဖို့သွားပြောပြီးတော့ မနက်ကျရင်စောင့်နေဆိုပြီး ဆရာမအိမ်ကပြောလိုက်တော့ ကျွန်တော့်သားကမနက်ဖက်ကို ၇ နာရီခွဲကို ကျွန်တော့်အိမ်ရှေ့ကနေ စောင့်နေတယ်။ ဆရာမတို့လင်မယားနဲ့ကလေးနဲ့တော့ ပါတာပေါ့နော် မနက်ဘက်။ သူနဲ့လေးယောက်ပေါ့။ သွားကြတယ်။သွားပြီးတော့ ထုံးစံအတိုင်းပေါ့။ ဆရာမနဲ့ ကလေးကိုတော့ အဲဒီကျောင်းမှာ ချထားပေးခဲ့ပြီးတော့ ဆရာမယောက်ကျားရဲ့ PA ကတော့ ကလေးကြိုပေါ့၊ ကျောင်းအကြိုပေါ့။ ကျောင်းကြိုတာကတော့ ကျွန်တော်မေးတာကတော့ စည်ပင်ဝန်းထဲမှာ လည်းပါတယ်။ ကောင်စီရုံးထဲမှာလည်းပါတယ်ပြောတယ်လေ ကျောင်းသားက။ အဲဒီမှာတင် မနက်ပိုင်းကြိုပြီးတော့ မနက်ပိုင်း ၉ နာရီခွဲလောက်ပေါ့။ မနက်ပိုင်းပြီးတော့ ကျောင်းကိုပို့ခဲ့ပြီးတော့ ဆရာမယောကျ်ားကကားကို ယူသွားတယ်။ သူ့ရုံးကိုပေါ့နော်။ သူ့ရုံးကိုယူသွားတော့ သူကကျန်ခဲ့တော့ အဲဒီမှာဆရာမရဲ့ဆိုင်ကယ်ရှိတယ်။ ဆိုင်ကယ်နဲ့ ကိုအောင်ကြီးပြန်ပေါ့။မနက်ပိုင်းကြိုပြီးရင် အရင် ကျွန်တော့်တူလေးဆိုရင် မနက်ပိုင်းကြိုပြီးရင် အိမ်ပြန်ပြီး ကားပါပြန်ပြီးထားတယ်။ ညနေ ၃ နာရီထိုးမှသူက အဲ့ကိုသွားတာ။ ကားကိုဆရာမတယောက်ကယူသွားတော့ ဆိုင်ကယ်ပေးတာပေါ့။ ဆိုင်ကယ်ပေးပြီးပြန်ဆိုပြီးပြောတော့ ကျွန်တော့သားကအိမ်ကို ပြန်လာတယ်။ ပြန်လာပြီးတော့ ဆိုင်ကယ်ကိုတော့ သူ့အိမ်မှာထားတယ်။ ညနေ ၃ နာရီထိုးတော့ ဆိုင်ကယ်သွားယူပြီးတော့ ဆိုင်ကယ်နဲ့ ကျောင်းကိုသွားတယ်။ သွားတဲ့အချိန်မှာ ဆရာမနဲ့တွေ့တော့ ကိုအောင်ကြီး ကားမှာဖွင့်ဖို့ ကာတွန်းခွေ၊ သီချင်းခွေတွေ လာယူခေါ်လို့ပေါ့နော်။ လှမ်းခေါ်တယ်ဆိုတော့ ဖုန်းနဲ့လား။ ပါးစပ်နဲ့လားတော့ မပြောတတ်ဘူးပေါ့။ ဖုန်းနဲ့လို့တော့ ပြောတယ်။ အဲဒါနဲ့သူကဝင်ယူတာပေါ့။ ဝင်ယူပြီး အဲဒီအခွေလေးကိုယူပြီးတော့ အပေါက်ဝနား၊ တံခါးအပေါက်ဝနားက ဆိုဖာခုံမှာထိုင်နေတယ်။ ထိုင်နေတဲ့ ကာလပေါ့။ အဲဒီအချိန်မှာလည်း ထိုင်နေတဲ့ကာလမှာလည်း ကလေးမိဘလာခေါ်တဲ့ ကလေးကိုလာခေါ်တဲ့ မိဘနှစ်ယောက်လား မသိဘူး။ လာခေါ်တာပေါ့နော်။ လာခေါ်တဲ့ကာလမှာ အဲဒီအခန်းထဲကနေ ကလေးအခန်းထဲကနေ ဆရာမတွေလည်းရှိတာကို။ ဆရာမလေးက ကလေးကိုလက်ဆွဲခေါ်လာပြီးတော့ သူ့ရဲ့မိဘတွေလက်ထဲကို ထည့်တာပေါ့။ အဲဒီလိုထည့်လိုက်တဲ့အချိန်မှာ တခါးဖွင့်လိုက်တဲ့ အခါကျမှ သူထိုင်နေတာကို ထင်းထင်းမြင်တာပေါ့။ အဲ့လိုမြင်နေတော့ ကလေးကိုမိဘအပ်ပြီး တံခါးပြန် ပိတ်တဲ့အချိန်ကျတော့လည်း ဒီအရိပ်က မြင်နေရတယ်။ စဝင်ပြီးတော့ဒီထိုင်ခုံကို ထိုင်နေကတည်းက အရိပ်ကရွေ့လျားမှု မရှိဘူးပေါ့နော်။ တံခါးဖွင့်လိုက်တော့ ပိုပြီးတော့မြင်တာပေါ့အဲဒီလို။ အဲဒါပြီးတော့ သူထိုင်နေတယ်။သူထိုင်ပြီးတော့ ဆရာမယောကျ်ားရောက်လည်း ရောက်လာရော သူထွက်တာပေါ့။ ကားလည်းရောက်လာရော သူထွက်သွားတာပေါ့။ ကားနဲ့ပဲပြန်လိုက်သွားတယ်။ လိုက်သွားပြီး သူလည်း ဘာမှတော့မသိဘူး။ ၂၀ ရက်နေ့ကျတော့မှ သူ့ကိုစခန်းကခေါ်တယ်ဆိုလို့ သူ့ယောကျ်ား ရဲအုပ်ကလည်း ကိုအောင်ကြီး ဒီလိုဒီလိုပဲဖြစ်တယ်။ ခေါ်ပြီးစခန်းထဲစစ်မယ်ဆိုတော့ သွားလိုက်ပေါ့ကွာဆိုပြီး လွှတ်လိုက်တယ်။ စခန်းကို ၂၀ ရက်နေ့ပေါ့နော်။ သူသွားတာပေါ့။ စခန်းကမေးတာမြန်းတာတွေ ဖြေပြီးတော့ စခန်းကပြန်လွှတ်လိုက်တယ်။ လွှတ်ပြီးတော့ သူနောက်ရက်လည်း ဒီလိုပေါ့။ ဖယ်ရီအကြိုပို့လုပ်တယ်။၂၄ ။၂၇ လားမသိဘူး။အဲဒီတစ်ရက်မှာ။ ထပ်ခေါ်တယ်။ အဲဒီရက်တော့ မမှတ်မိဘူး။ ဆရာမယောကျ်ားလည်းပါတယ်။ ဒုတိယအကြိမ်ထပ်ခေါ်ပြီး စစ်တယ်ပေ့ါ။ စစ်ပြီးတော့ ပြန်လွှတ်တာပေါ့။ပြန်လာတာပေါ့။ ပြန်လာပြီးတော့ သူ့အလုပ်သူဆက်လုပ်နေတာပေါ့။ ၃၀ ရက်နေ့ကျတော့ သူ့ကို ထပ်ခေါ်တယ်ပေါ့။ မေ ၃၀ ရက်နေ့ပေါ့။ အဲဒီရက်ကျတော့ သူ့ကိုထပ်ခေါ်လို့ မနက်ပိုင်း ဖယ်ရီကြိုပြီးတာနဲ့ မနက်ပိုင်း ၉ နာရီခွဲလောက်ကျတော့ အဲဒီစခန်းကိုထပ်သွားတာပေါ့။ စခန်းကတစ်ခါတည်း ဖမ်းပြီးတော့ ရမန်ယူပစ်လိုက်တယ်။ ရမန်ယူပြီးတော့ ကျွန်တော်တို့က သူ့အမေက ကျွန်တော်ကတော့ ရုံးသွားနေတာကို။ သူ့အမေက ပြီးတော့လိုက်သွားတော့ ကျွန်တော်ကိုဖုန်းဆက်ခေါ်တော့ ကျွန်တော်လည်း အဲဒီစခန်းကိုသွားတော့ အောင်ကြီးကို အမှုဖွင့်တယ်တဲ့။ ရမန်သွားယူတယ်ပေါ့နော်။ ဟာ..ဘာလို့ယူတာလဲ။ကျွန်တော့်သားက ဘာအပြစ်ရှိလို့လဲ။ ရမန်ယူရအောင်ဆိုတော့။ မဟုတ်ပါ ဘူးပေါ့၊ သက်သေစစ်ဆေးစရာရှိလို့ပေါ့နော်။ ရမန်သွားယူပါတယ်ဆိုပြီးတော့ ပြောတာပေါ့။ သူတို့ပြန်လာကြာတာပေါ့။ ပြန်လာကျတော့ ကျွန်တော်အဲဒီစခန်းမှူး အမှုကိုင်ကို မေးတာပေါ့။ ဘာလို့ ကျွန်တော့်သားကို ရမန်ယူတယ်ဆိုတာ တရားခံလိုဖြစ်နေပြီ။ မဟုတ်ပါဘူး၊ ဒီအမှုနဲ့ ပတ်သက်ပြီး တပ်တာတော့ ၃၇၆ ပေါ့နော်။ ၃၇၆ လား ၃၇၇ လား မသိပါဘူး။ ကျွန်တော်တို့က သူ့ကိုသက်သေပါ။ စစ်ဆေးစရာရှိလို့ပေါ့နော်။ သူ့ကို တရားခံလို့ မဟုတ်ဘူး။ ကျွန်တော်တို့က ဒီမှာ အထောက်အထားလေး မေးတာမြန်းတာပေါ့နော်။ သူ့ကို တရားစွဲတာ တရားခံလို့ မသတ်မှတ်ပါဘူးဆိုပြီးတော့ ကျွန်တော်တို့ကို ရှင်းပြတယ်။ အဘတို့ အဒေါ်တို့ ကျွန်တော်တို့ စစ်စရာလေးရှိလို့ မေးစရာလေးရှိလို့ ရမန်ယူရတာပါဆိုပြီးတော့ ၁၁ ရက်နေ့လားမသိဘူး။ မေလ ၁၁ ရက်နေ့ ရမန်ယူလိုက်တယ်။ မေလ ၁၁ ရက်နေ့အထိ ကျွန်တော်တို့ စောင့်တာပေါ့။ စောင့်တော့ ဖမ်းပြီး သူ့ကို ၃ ရက် ၄ ရက်ကြာတယ်ထင်တယ်။ CID က တစ်ခါ အမှုကို လွှဲပေးလိုက်တယ်ပေါ့နော်။ CID က အမှုလွှဲယူလိုက်တယ်။ ယူလိုက်တော့ သူ့ကို ခေါ်ပြီးတော့ CID က သူ့ကို စစ်တယ်။ စစ်ပြီးတော့ သူတို့လည်း ကျွန်တော့်သားက ဝင်တယ်တဲ့၊ ဝင်ထိုင်တယ်၊ ဆရာမခေါ်လို့ ဝင်ထိုင်တယ်။ သားကလည်း ကားမလာသေးတော့ အဲဒီခုံလေးမှာ ထိုင်နေတာပေါ့။ ကားလည်းလာရော သားကထွက်ပြီးတော့ ကားနဲ့ပဲ ပြန်လိုက်သွားတယ်။ ဒါပဲသားကသိတော့ သားက ဒါပဲဖြေတယ်တဲ့။ CID က အဲဒီလိုမေးတော့ သားက အဲဒီလိုပဲ ပြောခဲ့တယ်ပေါ့နော်။ အဲဒီလို သားပြောပြီးတော့ CID က တစ်ရက်ခေါ်လိုက်တယ်။ နောက်တစ်ခါ ကတော့ ကျွန်တော်တို့ကို ဖုန်းဆက်တယ်လေ။ သူကိုင်တဲ့ ဖုန်းကို ပေးနိုင်လားပေါ့နော်။ ဟာပေးနိုင်ပါ တယ်ပေါ့။ သူ့ဖုန်းတော့ မဟုတ်ဘူး ကျွန်တော့်အမျိုးသမီးကိုင်တဲ့ဖုန်း၊ ဖုန်းကလည်း မကောင်းဘူး။ ရပါတယ် လာပေးပါမယ်ဆိုပြီးတော့ ကျွန်တော် CID ကိ်ု သွားပေးတယ်။ ကျွန်တော်တို့ လင်မယား နှစ်ယောက်၊ CID အမှုကိုင်က ဦးထွန်းဝင်းကလည်း ပေါ့ပေါ့ပါးပါးပါပဲ။ မဟုတ်ပါဘူး။ ဒါလေးတွေ ဖုန်းကိုစစ်ကြည့်ချင်လို့ ပေါ့နော်။ ကျွန်တော်က ပြောပြတယ်၊ ဒီဖုန်းက မကောင်းဘူး။ မကောင်းတဲ့ အတွက်ကြောင့် ကျွန်တော့်အမျိုးသမီးကလည်း စာမတက်ဘူးပေါ့နော်။ ဖုန်းနံပါတ်ထဲမှာ ရှုပ်နေတာ ဘာညာတွေ အဲဒီလိုတွေ ပြောပြထားတယ်လေ။ အဲဒီလို ပြောပြလိုက်တော့ ပေါ့ပေါ့ပါးပါးပဲ၊ ကျွန်တော်တို့ကို ပြန်လွှတ်ပြီးတော့ ပြန်လာကြတယ်။ ပြန်လာကြပြီးတော့ ၁၁ ရက်ကျတော့ ရမန်ပြည့်တော့လေ၊ စစ်ဆေးတာ မပြတ်သေးလို့ပါဆိုပြီးတော့ ရမန်နောက်တစ်ပတ် ထပ်ယူတာပေါ့။ ထပ်ယူပြီးတော့ အဲဒီလို စစ်လိုက်တော့ ကျွန်တော့်သားကိုတော့ နောက်ထပ် ကျောင်းက ဆရာမလေးတွေတော့ အများကြီးပေါ့နော်။ စစ်တာပေါ့။ ခေါ်စစ်တဲ့အခါကျတော့ ဘယ်လိုပြောရမလဲ ၊ မေးမြန်းခေါ်စစ်နေတာပေါ့။ အမှုကိုင်ကို ကျွန်တော်ကတော့ ကျွန်တော့်သားကို ကျွန်တော်စိုးရိမ်တာပေါ့နော်။ အဘတို့ မပူပါနဲ့ ဘာညာဆိုပြီး ပြောပြတာပေါ့။ ၂၄ ရက်နေ့ကျတော့ ရှင်းရှင်းပြောရရင် တရားရုံးမှာပဲပေါ့နော်၊ အဲ့ဒီ ၂၄ ရက်နေ့ကျရင် ဘယ်သူတွေနဲ့ လာမလဲဆိုတော့၊ ဘယ်သူတွေ ခေါ်လာမလဲဆိုတော့ ကျွန်တော်တို့ လင်မယားနဲ့ ကျွန်တော်သမီးပဲ ခေါ်လာခဲ့တယ်။ အဲဒီတော့ ဟုတ်ပြီပေါ့ဗျာ၊ ကောင်းပြီ ပေါ့နော်။ ဘေးလူတွေ မသိအောင်ပေါ့။ သိုသိုသိပ်သိပ် လုပ်ချင်ပါတယ်ဆိုပြီးပြောတော့ ကျွန်တော်တို့ လင်မယားနဲ့ တရားရုံးသွားတယ်။ တရားရုံးကျတော့ တရားသူကြီး အကုန်လုံးကလည်း တင်တဲ့အခါကျတော့ တရားသူကြီးတွေကလည်း ဒီအမှုနဲ့ ပတ်သက်ပြီး ခိုင်လုံမှုလည်း မရှိ်ဘူးပေါ့နော်။ အထောက်အထားလဲ မရှိဘူး။ အဲဒါတွေပြောပြီး သူ့ကို ပြန်လွှတ်လိုက်တယ်။ အဲဒါပါပဲ။

■ မေး။ ။အန်ကယ်သားက တစ်လနီးပါးခန့် ခေါ်စစ်ခံရတယ်။ ပြန်လာတဲ့အချိန်မှာ သူ့ကိုလည်း ဒီလို ပြန်လွှတ်လိုက်တဲ့ဟာမျိုးမှာ အန်ကယ့်သားက ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာတွေပြောထားတာရှိလဲ။

ဖြေ။ ။ကျွန်တော်သားကတော့ ပြောတယ်လေ။ သားမှမဟုတ်တာတဲ့။ သားကိုမေးတော့စစ်တော့လည်း သားက အဲဒီအမှန်တိုင်းပဲပြောတာပေါ့။ သူမဟုတ်ဘူးပေါ့။ သားဝင်တယ်။ ထိုင်တယ်။ ဒါပဲသားက ပြောတယ်။ စခန်းက မေးတယ်။ သားကဒါပဲပြောတာပေါ့။ သားကရဲရဲဝံ့ဝံ့ပြောတာပေါ့။ သားသိတာဒါပဲ သိတယ်။

■ မေး။ ။ အန်ကယ့်သားကို လက်ရှိ တရားရုံးက စွဲတင်လိုက်တဲ့ အပေါ်မှာ ဘာဆက်လုပ်သွားဖို့ရှိမလဲ။

ဖြေ။ ။ အခု တရားရုံး စွဲချက်တင်လိုက်တာပေါ့။ စွဲချက်တင်တော့ ကျွန်တော့်သားက မဟုတ်ဘူးလေ။ ကျွန်တော်ဘယ်လို ပြောရမလဲ၊ ရင်ထဲပူပြီးတော့ ဘာလုပ်လို့ လုပ်ရမှန်းကို မသိဘူးဖြစ်နေတယ်။ အဲဒီလိုလည်း ရှိတာပေါ့ဗျာ။ ကျွန်တော်လည်း ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့က အမှုလည်း မလိုက်တတ်၊ ရှင်းရှင်းပြောရင် ကျွန်တော့်မှာ ဘာမှလည်း အဆက်အသွယ်လည်း မရှိဘူး။ အဲဒီလို လေးတွေတော့ ဖြစ်နေတာပေါ့။

■ မေး ။ ။ အန်ကယ့်သားက ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ လုံးဝကျူးလွန်ခြင်း မရှိဘူးလို့ ပြောခဲ့တာ ရှိခဲ့လား။

ဖြေ။ ။ဟုတ်ကဲ့ရှိပါတယ်။ သိပါတယ်။ အဲဒါ ကျွန်တော် အာမခံတယ်။ ရဲရဲဝံ့ဝံ့အာမခံတယ်။ ကျွန်တော့်သား မဟုတ်ဘူးဆိုတာ အဲဒါတော့ ကျွန်တော် အာမခံပါတယ်။

Most Read

Most Recent