အေဂျက်စ်အသင်းခေါင်းဆောင် ဒီလစ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၇၀၊ တစ်နှစ်လစာ ယူရိုသန်း ၂၀ ဖြင့်ခေါ်ယူနိုင်ရန် ဂျူဗင်တပ်စ်အသင်းနီးစပ်နေဟု နယ်သာလန်နိုင်ငံထုတ် De Telegraaf သတင်းစာဖော်ပြ

အေဂျက်စ်အသင်းခေါင်းဆောင် ဒီလစ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၇၀၊ တစ်နှစ်လစာ ယူရိုသန်း ၂၀ ဖြင့်ခေါ်ယူနိုင်ရန် ဂျူဗင်တပ်စ်အသင်းနီးစပ်နေဟု နယ်သာလန်နိုင်ငံထုတ် De Telegraaf သတင်းစာဖော်ပြ
  Photos: Bleacher Report,AS,Guardian
Photos: Bleacher Report,AS,Guardian
Published 23 June 2019

အသက် ၁၉ နှစ်သာရှိသေးသည့် နယ်သာလန်လက်ရွေးစင် နောက်ခံလူ ဒီလစ်ကို PSG အသင်းက မြင့်မားသည့်လစာနှုန်းထားဖြင့် ခေါ်ယူနိုင်ရန် နီးစပ်နေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသလို ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်နှင့် မန်ယူအသင်းတို့ကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။ သို့ဖြစ်ရာ ဂျူဗင်တပ်စ်အသင်းက ငြင်းဆန်နိုင်ရန်ခက်ခဲသည့် လစာနှုန်းထားအဖြစ် တစ်နှစ်လျှင် ယူရို ၁၅ သန်းမှ သန်း ၂၀ ဝန်းကျင်ဖြင့်ကမ်းလှမ်း၍ PSG အသင်းထက် လက်ဦးမှုရယူနိုင်ရန် စီစဉ်ထားခြင်းဖြစ်ပြီး စီရော်နယ်လ်ဒိုကလည်း ၎င်းအား စီးရီးအေသို့လာရောက်ကစားရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

 

စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်အသင်းသည် နယ်သာလန်ကလပ် အေဂျက်စ်အသင်းခေါင်းဆောင် ဒီလစ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၇၀၊ တစ်နှစ်လစာ ယူရိုသန်း ၂၀ ဖြင့်ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ် ကြောင်း နယ်သာလန်နိုင်ငံထုတ် De Telegraaf  သတင်းစာက ဖော်ပြခဲ့သည်။

အသက် ၁၉ နှစ်သာရှိသေးသည့် နယ်သာလန်လက်ရွေးစင် နောက်ခံလူ ဒီလစ်ကို PSG အသင်းက မြင့်မားသည့်လစာနှုန်းထားဖြင့် ခေါ်ယူနိုင်ရန် နီးစပ်နေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသလို ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်နှင့် မန်ယူအသင်းတို့ကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။ သို့ဖြစ်ရာ ဂျူဗင်တပ်စ်အသင်းက ငြင်းဆန်နိုင်ရန်ခက်ခဲသည့် လစာနှုန်းထားအဖြစ် တစ်နှစ်လျှင် ယူရို ၁၅ သန်းမှ သန်း ၂၀ ဝန်းကျင်ဖြင့်ကမ်းလှမ်း၍ PSG အသင်းထက် လက်ဦးမှုရယူနိုင်ရန် စီစဉ်ထားခြင်းဖြစ်ပြီး စီရော်နယ်လ်ဒိုကလည်း ၎င်းအား စီးရီးအေသို့လာရောက်ကစားရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

ဇွန်လဆန်းပိုင်းကကျင်းပသည့် UEFA NAtions League ပြိုင်ပွဲ ဗိုလ်လုပွဲအပြီးတွင် စီရော်နယ်လ်ဒိုက ဒီလစ်နှင့်နှုတ်ဆက်စဉ် ဂျူဗင်တပ်စ်သို့လာရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ စီရော်နယ်လ်ဒို၏ ဖိတ်ခေါ်မှုနှင့်ပတ်သက်၍ ဒီလစ်က "ကျွန်တော်လည်း အစောပိုင်းမှာ သူပြောတာကို သဘောမပေါက်ဘူးဖြစ်နေတယ်။ နည်းနည်းစိတ်လှုပ်ရှားသွားတာလည်းဖြစ်မယ်။ အဲဒါကြောင့် ကျွန်တော်ရယ်နေခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော့်ဘက်ကတော့ ဘာမှပြန်မပြောလိုက်ပါဘူး။ သူက ကျွန်တော့်ကို ဂျူဗင်တပ်စ်ပြောင်းလာဖို့ တိုက်တွန်းခဲ့တာပါ။ ပွဲပြီးပြီးချင်းဆိုတော့ အဲဒီအကြောင်းကို လုံးဝမတွေးမိပါဘူး" ဟု တုံ့ပြန်ပြောကြားထားသည်။

ဂျူဗင်တပ်စ်အသင်းသည် ဒီလစ်အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀ ပေးချေရဖွယ်ရှိပြီး သဘောတူညီမှုရပါက ငါးနှစ်စာချုပ် လက်မှတ်ရေးထိုးရန်စီစဉ်ထားကြောင်း နယ်သာလန်အခြေစိုက် NOS သတင်းဌာနကလည်း ဖော်ပြသည်။ ထို့ပြင် ဒီလစ်၏လစာမှာ တစ်နှစ် ယူရိုသန်း ၃၀ ရရှိနေသည့် စီရော်နယ်လ်ဒိုပြီးလျှင် စီးရီးအေပြိုင်ပွဲ၌ ဒုတိယလစာအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဒီလစ်သည် အမေရိကန်နိုင်ငံ မိုင်ယာမီမြို့သို့ အပန်းဖြေခရီး ရောက်ရှိနေပြီး အနာဂတ်အတွက် အချိန်ယူစဉ်းစားသွားမည်ဖြစ် ကြောင်း၊ ငွေကြေးထက် ပုံမှန်ကစားခွင့်ရရေးမှာ ပိုအရေးကြီးကြောင်း ပြောကြားထားသည်။

Most Read

Most Recent